Friday, April 27, 2012

သူမ၏ ဟင်းချက်နည်း



ဒီနေ့ သူမ၏ ဘလော့ဂ် မှာ ပိုစ့် တင်ထားသော Nasi Lemak 
ချက်နည်းလေး ... အိမ်မှာ ချက်စားဖြစ်ပါတယ် ...
ကျေးဇူးပါ သူမ ရေ ...

နေ့လည်စာ စားပီးကတည်းက ပို့စ်တင်မလို့ပါပဲ ... FB မှာ Hot နေတဲ့ Hot News ကို သွားစပ်စု 
( ကိုယ့်ကိုကိုယ် စပ်စုတယ်လို့ မသတ်မှတ်ချင်ပါ ... စူးစမ်း အကဲခတ်နေတယ်လို့ ထင်မြင်မိပါတယ် :D )  

FB က .. အဲလိုမျိုးကျတော့လည်း မဆိုးဘူး .. တော်တော် လူစုံတယ် ....


သူမ၏ ဘလော့မှ ချက်နည်းမှာတော့ ငနီတူခြောက်ကြော်ပါ ပါတယ် ... အိမ်မှာ .. မရှိလို့ မချက်စားဖြစ်ပါဘူး ..
မူရင်းက ကြက်တောင်ပံကြော်ပါ ... အိမ်မှာ တောင်ပံ မရှိလို့ ရှိတဲ့ အပိုင်းပဲ ကြော်စားဖြစ်ပါတယ် ..


မနက်က သူမ၏ ဘလော့ပိုစ့် ဖတ်ပီး ပီးချင်း ... စင်ကာပူမှာ ၂၀၀၆ ခုနှစ်တုန်းက Food Court မှာ SGD - 2 နဲ့ ၀ယ်စားတဲ့ အချိန်တွေကို ပြန် အမှတ်ရမိပါတယ် ... 

အဲဒီတုန်းက ကိုယ့်တို့တွေ ... Food Court မှာ အတန်ဆုံးသော ထမင်းဆိုပီး .. မကြာ မကြာ ၀ယ်စားဖြစ်သလို .... ကြိုက်လည်း ကြိုက်တယ် .. သမီးက အဲဒီဆိုင်က ကြာဇံကြော် ဖြစ်ဖြစ်၊ ခေါက်ဆွဲကြော် ၀ယ်စားပါတယ် .. 


ကြက်ကြော်


ကြက်ဥပြုပ် နှင့် မြေပဲကြော်


သခွါးသီး


ငရုတ်သီး ဆီချက် နှင့် သခွါးသီး


အုန်းနို့ အနံသင်းသင်း ထမင်းကို ဒီလို ငရုတ်သီးဆီသတ် အနှစ်လေးနဲ့ နှယ်စားတာ စပ်လည်းစပ် ... ခံတွင်းလည်းလိုက်ပါတယ် ... 

သူ့ ထမင်းပွဲက အစုံ လိုက်ဖက်အောင် အစပ်အဟပ်တည့်အောင် စပ်ပေးထားတာ ... တော်တော် လိုက်ဖက်တယ် ...


ကိုယ့် အဓိက ချက်စားဖြစ်သွားတာ ... ငရုတ်ပွ ဆီချက်ဟင်းအနှစ်ကြောင့်ပါ ....


ငယ်ငယ်တုန်းက မေမေ ဟင်းချက်တဲ့ အခါ ၀ိုင်းကူတဲ့ အချိန်တွေတုန်းက မေမေက ငရုတ်ပွခြောက်လေးတွေကို အရင် ရေစိမ်ပီး ကိုယ့်ကို ငရုတ်ဆုံနဲ့ ထောင်းခိုင်းပါတယ် ... ငရုတ်သီး မမွှန်အောင်လည်း ဆားလေး နည်းနည်း ထည့်ထောင်းတာပေါ့ ....

ဒါကြောင့် .. ငယ်ငယ်လေးကတည်းက ဟင်းတွေဆို ငရုတ်ပွထောင်းထားတဲ့ ငရုတ်သီး အနှစ်နဲ့ ချက်တဲ့ဟင်းတွေကို ပိုပီးကြိုက်တယ် ...

ကလေးတွေ ရှိလာတော့ ကိုယ့် မီးဖိုချောင် ၀င်တဲ့ အခါ .. အလွယ်တကူ ငရုတ်သီး အနှစ်နေရာမှာ ငရုတ်သီး အစိမ်းမှုန့် ( ငရုတ်သီး အရောင်တင်မှုန့် ) ကို အစားထိုးပီး ချက်လာတာ ဒီနေ့ ဒီအချိန်ထိပါပဲ ... 
ငရုတ်ဆုံနဲ့ ထောင်းစရာ မလိုတော့ .. အလုပ်မရှုပ်တော့တာလည်းပါသလို ဟင်းလည်း စပ်တယ် ... အရောင်လည်း လှတယ် ဆိုပီး ချက်၊ စားဖြစ်နေတာပါ ..


သူမ၏ ချက်နည်းအတိုင်း ကိုယ့် အိမ်မှာ ငရုတ်ပွခြောက်ကို ရေနွေးနဲ့ ပြုပ်ရင်း ... တလက်စတည်း ကြက်သားကြော်တယ် ... Pressure cooker နဲ့ မီးမြေးမြေး အနေအထား ( ၁၂ မိနစ် ) လောက် အုန်းထမင်းချက်တယ် ... Pressure cooker lock ကျတဲ့ အထိ မီးဖိုပေါ်မှာ တည်ထားလိုက်ပါတယ် ...


အုန်းနို့ သင်းရုံလေး ချက်ထားတဲ့ အုန်းထမင်း ... စင်ကာပူမှာတုန်းက ကိုယ့်စားခဲ့ဖူးတဲ့ ထမင်းက အုန်းနို့က ပါတယ်ဆိုရုံလေး .. သတိထားကြည့်မှ . တော်ရုံဆို အုန်းနို့ ပါမှန်းတောင် သိပ်မသိသာဘူး အဲဒီဆိုင်က ထမင်းချက်ထားတာလေးက ...


Food Processor နဲ့ ငရုတ်ပွတွေကို အညာခြွေပီး ကြိတ်လိုက်တယ် ... ညက်နေအောင် ကြိတ်လိုက်တယ် ...

လာထား ... နောက်ပိုင်းဟင်းတွေကျရင် ... ငရုတ်သီး အနှစ်တွေကို Food Processor နဲ့ ကြိတ်ပီး ချက်တော့မည် .... ငရုတ်ဆုံတောင် နောက်ပိုင်း သုံးဖြစ်ပါတော့မလား မသိ ... Food Processor က သုံးရတာ အရမ်းလည်း လွယ်သလို အရမ်းလည်း အဆင်ပြေတယ် ... အချိန်ကုန်လည်း သက်သာတယ် ... ၁ မိနစ်လောက်ပဲ အချိန် သုံးလိုက်ရတယ် .... ဈေးနှုန်းကလည်း ၉ ဒေါ်လာ လောက်ပဲ ရှိတယ် ....

ရန်ကုန်မှာ blender ၀ယ်ရင် ၃ မျိုးပါတယ် ..ရန်ကုန်အိမ်မှာ 5 in 1 လည်း ရှိတယ် ..
ဒီမှာ ၀ယ်ရင် တမျိုးစီပဲ ရောင်းတယ် ... 3 in 1 မရှိဘူး ...


ငရုတ်သီးအနှစ် ကြိတ်ပီးတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါ ထည့်ကြိတ်အပီး


ဆီအနည်းငယ် ကို အပူပေးပီး ငရုတ်သီးအနှစ်တွေကို ချက်ထားလိုက်တယ် ... ဆားလေး နည်းနည်း ထည့်သေးတယ် ...


လာထား နောက်ရက်တွေကျရင် ... ငံပြာရည်ချက်တို့ ... ခရမ်းချဉ်သီး ငံပြာရည်ချက်တို့ ပဲငပိချက်တို့ ကျရင် ဒီလိုမျိုး ငရုတ်သီး အနှစ်ဖတ်နှင့်ပဲ ချက်စားအုံးမည် ..

ငရုတ်သီးဖတ်လေးတွေ မြင်ချင်တဲ့ အခါ ကိုယ့် ကြိတ်စက်နဲ့ ကြိတ်စဉ်မှာ အရမ်းကြီး ညက်နေအောင် မကြိတ်ပဲ ငရုတ်ဖတ်လေး ပေါ်လွင်နေအောင် ကြိတ်မည် ...

ဒါမှ ထမင်းနှင့် နယ်စားတဲ့ အခါမှာ အားရ ပါးရ ရှိတာ ..

အဲဒီ ငရုတ်ပွခြောက်ကလေ ... ကြက်သားကုန်းဘောင် ချက်စားကတည်းက အိမ်မှာ ၀ယ်ထားတာပါ ... 
အခုတော့ တော်တော်လေးကို အသုံးတည့်သွားပီ ....

ကိုယ့် ချဉ်ပေါင်ကြော်တို့ ဘာတို့ ဆိုရင်လည်း အဲလို ငရုတ်ပွ ငရုတ်သီး အနှစ်ဖတ်နှင့် ကြော်ထားတာကို ပိုသဘောကျတယ် ...

ဒယ်ဒီ အသိတယောက် ပေးတဲ့ ရန်ကုန်က ချဉ်ပေါင်ကြော် : ချဉ်ပေါင်ကြော် လိုမျိုးလေ ...


ဒီနေ့ မြင်ရတဲ့ Maple leaf အနေအထား


ရောက်ခါစက မျက်စိ ကယောင်းကတမ်းနဲ့ အဲဒီ အပင်ကို ချဉ်ပေါင်လို ထင်နေတာလေ ...

ကိုယ့် ချဉ်ပေါင်ကို အရမ်းကြီး crazy မဖြစ်ပါဘူး ... ကိုယ့် အကို က စားမရတော့ ... ကိုယ့်လည်း ကျောက်ကပ် အနည်ထိုင်စေတဲ့ အစားအသောက်တွေ ကို အရမ်းမမက်တော့တာပါ ...

ဒီ သီချင်းကတော့ စာသားလေးကို သဘောကျလို့ အခု လောလောဆယ် နားထောင်နေတဲ့ သီချင်း ...
ဘာသာပြန်ထားတဲ့ အင်္ဂလိပ်စာသားပါ ထည့်ပေးထားပါတယ် ...
ကိုရီးယား အသံထွက်ပါ ထည့်ပေးထားပါတယ် ...



 This sound can also be seen on the YouTube website : http://youtu.be/8I10EtBWIYU

I'm in Love By: Narsha  

To be honest, when we first met, saying i love you
was difficult for me to say.
If i don't contact first i was afraid of loosing you.
I wrote letters. hesitate, then erased it repeatedly.

If my love for you gets deeper i knew it would only hurt me more.
Its true that my mind is full of fears.
With my anxious heart i prayed and hoped.
I Believe that person is you.

I'm in love
I fall in love
I'm not scared anymore as long as I'm with you.
The world is so beautiful.
I thought i was never gonna fall in love
but i'm in love cuz i wanna love you baby.

To be honest when i first met you somewhere in my heart
you crashed in like a strong wave
Youre the only one i think about all day
i can be a good lover
Make you never gonna leave
i won't be suspicious i will trust you

I'm in love
I fall in love
I'm not scared anymore as long as I'm with you:
The world is so beautiful.
I'm in love, i'm so deep in love i fall in love
I am not scared anymore as long as i'm with you.
You are so beautiful.

♥ Enjoy ♥

:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~

I'm in Love By: Narsha

Jasireun jeongbalseot daereoteon
Geudae chuwahaedageo malragiga naegaen
Jeon eodweoweotdeon geojyeo
Meonjyeok yeolleyokaji animyeon
Geudael nopsigeulgeobwa
Geuchareulseulgeo deobeogeo
Jiwugaebael beogaejyeo

Gipeojimyeon sangjeopeuni georaneun saengakhae
Teutyeoumi ipseongeon sasirijima
Ganjeoran mameulreo gideohago baraetdeon
Sarangmi geudaerageomyeon mideoyeo

Ooh I'm in love, ooh I'll fall in love
Deureopji anayeo geudaewa hamkkeramyeon
Saesangeun neomu areumdapjyeo

I thought I'll never gonna fall in love
But I'm in love, cuz I wanna love you baby
Sasireuncheon beonsaetdae beoteonaemeomseo
Ureobeoteon geudaeparyeo cheoreom
Milreodeureo otdeonhareul jeonghae geudaelmal deoneollyeo

I can be your good lover, wanna be your AP lover
Saesanghae seokhajanghae beokhangyeojagam
Dwangeomeon gatalyeo geudae galbirimi
Make u never gonna leave me, eulsinhajinaneunayo
Geudae midapgaeyeo

Ahh I'm in love you're my baby, ahh I'll fall in love
Deureopjianayo geudaewa hamkkeramyeon
Saesangeun neomu areumdapjyeo

Ooh I'm in love, I'm so deep in love
Ooh I'll fall in love, deureopjianayo geudaewa hamkkeramyeon
Saesangeun neomu areumdapjyeo
Geudaeneun neomu areumdapjy

:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~

4 comments :

NSA said...

စားချင်စရာလေး.. လုပ်စားရမှာ ပျင်းလို့ ဝယ်စားအုံးမှ ညနေကျရင်

thu ma said...

အစ်မသက်ရေ - ခုကြည့် ခုစားချင်ပြန်ရော - အစပ်အဟပ်တည့်တော့ စားကောင်းတာတော့ အမှန်ဘဲနော်. ချဉ်ပေါင်ကြော်ကို ညီမလည်း ငရုတ်ပွကို ပုဇွန်ခြောက်ထောင်းပြီး ကြော်ရတာ ကြိုက်တယ်။ :)))

Thet Nandar Family said...

@ NSA - ၀ယ်စားတာ ပိုကောင်းတယ် ... တန်လည်း တန်တယ် ... အစုံလည်း ရတယ် .. ကိုယ့်ဘာသာ ကိုယ် အိမ်မှာ ချက်ရ . ပြုပ်ရ ... မီတာခ ... လုပ်အားခ . ဈေးဝယ်ချိန် နဲ့ တွက်ရင် တန်တယ် ဆိုပီး ... အဲဒီ အချိန်တုန်းက မကြာ မကြာ ၀ယ်စားဖြစ်ပါတယ် .... အဲဒီဆိုင်က ကြော်တဲ့ ကြက်တောင်ပံကြော်က စားလို့ ကောင်းတယ် ... အမယ်များများ နဲ့ အစုံမို့ ပိုစားကောင်းပီး ထမင်းမြိန်တယ် ...

@ thu ma - ဟုတ်တယ် .. အစပ်အဟပ်တည့်တာတော့ အမှန်ပဲ ... ဟင်းစပ်ထားတာကို ပြောတာပါ .. အုန်းနို့နံ သင်းနေတဲ့ ထမင်းကို ဒီလိုမျိုး ငရုတ်သီးအနှစ်နဲ့ နှယ်ပီး သခွါးသီးလေးကိုက်စား ... ကြက်သားကြော် တလှည့်ဝါး ... စပ်သွားရင် မြေပဲကြော်လေးပါ ၀ါးစားပီး . နောက်တလုပ် ထမင်းမှာ ... ငနီတူကြော်နဲ့ တွဲစားတဲ့ အခါ .. သူမ၏ ထမင်းတပွဲက အရသာ မျိုးစုံပေးသလို အစပ်အဟပ်တည့်အောင် ဟင်းစပ်ထားတာမို့ အရမ်းကြိုက်ပါတယ် ...

အမလေ ... ငရုတ်သီးအနှစ်နဲ့ ဟင်းချက်ရတာ ကြိုက်တယ် ... ငယ်ငယ်ကပဲ ချက်ဖြစ်ပီး ... နောက်ပိုင်း မချက်တာ တော်တော်ကြာနေပါပီ ...

ဒီနေ့ သူမ၏ ချက်နည်းတွေ့မှပဲ ... သတိထားမိတော့တယ် .... ကြိတ်စက်နဲ့ ကြိတ် တာ အဆင်ပြေနေတာကိုလည်း ... အခုမှပဲ သတိထားမိတော့တယ် ..

ကျေးဇူးပါ သူမရေ .....

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည့်တာနဲ့ စားချင်စိတ်တွေ ပေါ်လာတယ်။
မေပယ်ရွက်လေးတွေ နုသစ်နေပြီနော်
ချစ်စရာလေး..