Monday, April 2, 2012

အီကြာကွေး


အီကြာကွေး ( crispy chinese cruller )


မကြော်စားခင်က .. ခက်မယ် ထင်တာ .. အိမ်မှာ ကြော်စားကြည့်တော့ တော်တော်ကို လွယ်တာပဲ ....


အမေရိကားမှာ .. အီကြာကွေးက လွယ်လွယ်ကူကူ ၀ယ်စားလို့ရပါတယ် .. 

... ချက်၊ စားနည်း ...


1. All purpose flour - 7 oz ( 200 gram ) 
2. Baking powder - 2 1/2 tsp
3. Oil - 3 tsp
4. Water - 100 ml ( 2/3 cup ) 
5. Salt - 1/8 tsp

ကြွေဇလုံထဲကို ဂျုံမှုန့် ထည့် ...
baking powder ထည့် ..
ဆားထည့် ...
ဆီထည့် ... ပီးမှ
ရေ ထည့်ပီး ..

ဗီဒီယိုထဲက အတိုင်း .. တူရှည် ၂ချောင်း နဲ့ ပဲ မွှေမွှေ ...

မွှေစက်ဖြင့် .. ပထမ .. အနှေးနှုန်း ... ၅ မိနစ် .. မွှေပီး ..
 မွှေတံမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချ ..
အမြန်နှုန်း ၂ မိနစ်လောက် ( မွှေစက် ဖြင့် ပဲ ဂျုံ နှယ် နှယ် ) ...

လက်နဲ့ ဂျုံနှယ်လည်း ရတာပါပဲ ...


ဂျုံများကို နှယ်ပီးတဲ့ အခါမှာ .. အိမ်မှာ .. ၃ နာရီ လောက် နှယ်ပီးသား ဂျုံကို ကြွေဇလုံ ထဲ ထည့်ပီး .. အပေါ်ကနေ ရေတစက်မှ မရှိအောင် ညစ်ထားတဲ့ အ၀တ်စို နဲ့ ( လေလုံ .. မိုးလုံ ) အုပ်ထားပေးလိုက်တယ် ...


မုန့်လုပ်ဖို့ အချိန်အားပီးဆိုမှ ... ( ၃ နာရီလောက် ကြာမှ ) ...
ဂျုံတွေကို ...
ပထမ .. လက်သီး ဆုပ် နဲ့ .. ဘေး ပတ်ပတ်လည်လည်ကို ဖိ .. ဖိ ပေးလိုက်တယ် ...


ပီးရင် .. ပြန့်သွားတဲ့ ဂျုံကို အနားစ ပတ်ပတ်လည် ပြန်စု ..
လက်သီးဆုပ် နှင့် ပတ်ပတ်လည် .. ဖိ လိုက် ...
ဂျုံတွေကို ပြန် စု ပေးလိုက် ..
နှယ်ပေးထားလိုက်ရင် ...
မိနစ် အနည်းငယ် အကြာမှာ ...


ဂျုံသား ညက်လာမှာပါ ...


လိမ့်မယ့် အောက်ခံ အခင်းကို .. ဆီလေး နည်းနည်းလောက် သုပ် ...
ဂျုံကို လက် ၂ ဖက် နဲ့ လိမ့် .. လိမ့်ပေး လိုက်ရင် .. ဂျုံ .. က ရှည်ထွက် လာလိမ့်မယ် ...


လက်ချောင်းလေးတွေ နဲ့ ဖိ .. ဖိ ပေးလိုက်ရင် .. ဂျုံ ပြားသွားမယ် ...


ဓါးနဲ့ လက် တဆစ်စာ ဖြတ်ပေးလိုက်တယ် ...


ဖြတ်စ ၂ ခု ကို ထပ်လိုက်တယ် ...


တူ နဲ့ အလယ်ကနေ ဖိ ချ လိုက်တယ် ...


ဒါ က .. နောက်တနည်း .. ( အီကြာကွေး တိုတို လိုချင်လို့ .. အလယ်ကနေ တ၀က် .. ၀က်ထားတာ ) ...

မှတ်မှတ်ရရ .. ရန်ကုန် ရေကျော်လမ်း နှင့် မဟာ ဗန်ဓုလ လမ်း ထိပ်မှာ . မနက်ဖက်ဆို အီကြာကွေး ရောင်းပါတယ် .. သူ အီကြာကွေးက ချိုတယ် .. အီကြာကွေး တိုတိုလေးတွေ .. လက်ဖက်ရည်နဲ့ တွဲစားလို့လည်း ကောင်းသလို .. ခေါက်ဆွဲများနှင့်လည်း တွဲစားကြပါတယ် ...


ပီးရင် .. မီးဖိုပေါ်မှာ .. နံပါတ် ၄ နဲ့ ဆီနှစ်ပီး ကြော်လိုက်ပါတယ် ..
ဆီပူ ထဲ ထည့်တဲ့ အခါမှာ .... ထပ်ထားတဲ့ ဂျုံ ကို ဆွဲ .. ဆန့်လိုက်ရင် .. ရှည်လာမယ် ..
အဲဒီ အရှည်ကို ထည့်ကြော်လိုက်တော့ .. အီကြာကွေးပေါ့ ...


တော်တော် လွယ်တာနော် ...


ကော်ရည်ခေါက်ဆွဲ နှင့် တွဲစားဖို့ အီကြာကွေး ...


ထုံးစံ အတိုင်း .. YouTube ကနေ crisp chinese cruller ဆိုပီး ရှာလိုက်တာ .. ဒီ ဗီဒီယို တွေ့တာပါ ..

အဲဒီ ဗီဒီယို ထဲက တရုတ်မကြီး ချက်နည်း အတိုင်း ..
အချိုး အစားအတိုင်း ..
 ကြော်ထားသော အီကြာကွေး ...
တရုတ်မကြီးရဲ့ တရုတ်စကားပြောကို နားမလည်လို့ iPhone - Siri ကို မေးမလို့ လုပ်ပါသေးတယ် .. အလုပ်ရှုပ်တာနဲ့ .. ကိုယ် .... နားလည်သလိုပဲ အိမ်မှာ ကြော်ထားသော အီကြာကွေး ..

အီကြာကွေးကို YouTube မှ .. ချက်နည်းပေးသော .. အားရီး ..

 ရှဲ့ရှဲ့ ... အားရီး ...

谢谢阿姨


.... အရင်ပိုစ့် ....


8 comments :

khin said...

ယိုးထယောင်လို.ခေါ်ပါတယ်ညီမလေးရေ။ you tiao တဲ.။ အမလည်း တရုပ်မကြီးကိုမေးလိုက်လို.သိတာပါ။
မမကျား

khin said...

ယိုးထရောင် you tiao လို.ခေါ်ပါတယ်ညလေးရေ
မမကျားလည်း တရုပ်မကြီးကို မေးကြည်.လို.သိတာပါ။

ဘေဘီ said...

ကြိမ်းနေတာကြာပြီ လုပ်စားရမယ် ဒီအီကြာကွေးး)

Thet Nandar Family said...

Khin နှင့် ဘေဘီ ...

အီကြာကွေး ( ချက်နည်း ) ကို Google မှာ အင်္ဂလိပ် အခေါ်အဝေါ်နဲ့ပဲ ရှာလိုက်တာပါ ...

နောက်တခေါက်မှ ...

ဘေဘီရေ ... အီကြာကွေးက .. ခက်မယ်လို့ ထင်တာ တော်တော် လွယ်တာပဲ ...

သိချင်တာက .. အချိုးအစား ပေါ့ ...

မမကျား ပြောတဲ့ အခေါ် အဝေါ် နှင့်

you tiao recipe

or

crispy chinese crullers recipe ဆိုပီး ရှာလိုက်ရင် .. မုန့် အချိုးအစား အစုံ ထွက်လာပါလိမ့်မယ် ...

သက် ကလေ .. အမိုးနီးယား သိပ် မသုံး ချင်ဘူး သိလား ...

အိမ်လာလည်ပီး ကွန်မန့်ထားခဲ့တာ ကျေးဇူးပါ ....

Qt said...

စားချင်လိုက်တာ ဂျာ
ငါ့အမက စမ်းကြည့်တာတောင် ဒီလောက် တော်တယ်
ပါရမီပါတယ် ထင်တယ်နော် မေစံပယ်ညိုက
:D :D
ကော်ရည်ခေါက်ဆွဲကျရင်လဲ သရေကျရအုံးမယ်

Thet Nandar Family said...

Qt ...

စားချင်လို့ ... အိမ်မှာ ကြော်စားကြည့်တာပါ ...

ဟိုတခါ .. အမေရိကားက ဗီယက်နမ် ဆိုင်မှာ အီကြာကွေး ၀ယ်စားတယ်လေ ..

ဖြစ်ချင်တော့ .. အဲဒီ အီကြာကွေးက တာရှည်ခံဆေး သုံးထားတယ် ..

အဲဒါ စားပီး လေနာတာနဲ့ .. နောက်ပိုင်း အေရှန်ဆိုင်က အီကြာကွေး မ၀ယ်စားဖြစ်ဘူး ..

တာရှည်ခံဆေး က ( အမိုးနီးယား ) လို့ ထင်တာပဲ .. မသေချာဘူး .. ( အခေါ်အဝေါ် ) ကို ..

တချို့ ဆိုဒ်တွေမှာ ..အီကြာကွေး မုန့်လုပ်တဲ့ အချိုးအစားမှာ .. အမိုးနီးယား ထည့်တယ် ...

အီကြာကွေးကို ပွ ပွ လေး လိုချင်တဲ့ တချို့ recipe မှာလည်း .. yeast ထည့်တယ် ..

yeast အပါ ထည့်နှယ်ထားတဲ့ .. ဂျုံကို အ၀တ် နဲ့ အုပ်လိုက်တာနဲ့တင် .. yeast တန်ခိုး နဲ့ ဂျုံ ၂ ဆ လောက် ထွားလာတယ် ..

(အမရဲ့ ပန်းပွင့်ပုံ ပေါင်မုန့်မှာ .. yeast တန်ခိုးနဲ့ ဂျုံ ထွားလာတဲ့ပုံတွေ ပါတယ် )

နောက်တခေါက်မှ .. အီကြာကွေးကို နောက်တမျိုး အချိုးအစားနဲ့ ကြော်စားကြည့်ပါအုံးမယ် ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အီကြာကွေးကို ကိုယ်တိုင် မလုပ်စားဖြစ်သေးဘူး
စိတ်ကူးနေတာတော့ကြာပြီ
ခုတော့ သေချာ ပြန်လုပ်စားဦးမယ်လို့ ကြိမ်းသွားတယ်။။.
အီကြာကွေးလေးတွေက ချစ်စရာလေးး)

Thet Nandar Family said...

ချော ( အစိမ်းရောင်လွင်ပြင် ) ...

အီကြာကွေး ... နောက်တမျိုး .. ချက်စားပီး ပီ ...
အချိုးအစား ပြောင်းပီးလေ .. ဒီတခါ အီကြာကွေး ကြော်စားတာ ပွဆေး yeast ထည့်ပီး ကြော်ထားတယ် ...
အုန်းနို့ခေါက်ဆွဲ နှင့် တွဲစားဖို့လေ ...
အိမ်လာလည်တာ ကျေးဇူးနော် ... ချော ...