Monday, April 16, 2012

အုန်းနို့သာကူ


မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ ...


အုန်းနို့သာကူ


အုန်းသီးဖြူးထားသော အုန်းနို့သာကူ



ကန်စွန်းဥများပါလို့ ကလေးများက အရမ်းကြိုက်တယ် ...


Tapioca pearl - $ 1.09

သာကူစေ့ ( Tapioca pearl ) - တ၀က်
ရေ - 4 Quart ( 4 လီတာ နီးပါး )
သကြား - 3 cups ( ချိုချိုလေး )
Coconut cream - 1 ဗူး



ရေ - ၄ လီတာ လောက် ထည့်ပီး ... ပူလာပီ ဆိုတာနဲ့ သကြား ထည့်လိုက်တယ် ...
သကြားများ အရည်ပျော်သွားပီး ဆိုမှ သာကူစေ့ ထုပ်ထဲက သာကူစေ့ တ၀က်လောက်ပဲ ထည့်ပီး ...

သာကူစေ့များ ကပ်ပီး မလုံးသွားအောင် မကြာ မကြာ မွှေပီး တည်ထားလိုက်တယ် ...

နာရီဝက် လောက် အကြာမှာ သာကူ အစေ့ ပျောက်ပီး သာကူ ရလာတဲ့ အခါ ...

နာရီဝက်ကျော်လောက် ပြုပ်ပီး အတုံးသေးသေးစိတ်ထားသော ကန်စွန်းဥများထည့်မွှေ ...

ကန်စွန်းဥများ မွှေပီးမှ ... Coconut cream တခါတည်း ထည့်မွှေလိုက်တယ် ....

ကြိုက်တာက .. သာကူ စားခါနီးမှ ...

ကန်စွန်းဥ သာကူ ထည့် ...

Coconut cream ဆမ်းစားတာ ပိုကောင်းတယ် ...

အုန်းနို့ ပြစ်ပြစ်လေး ဖြစ်သွားမှာ ...

အိမ်မှာ ၄ လီတာ သာကူ အိုးနဲ့ ဆိုတော့ တခါတည်းသာ ရောမွှေလိုက်တယ် ...

နို့မို့ရင် ... အုန်းနို့ဗူးက တဗူးနဲ့ လောက်မှာ မဟုတ်တော့ဘူး ...

သာကူ တပွဲကို အုန်းနို့ဗူး ၄ ပုံ ၁ ပုံ နှုန်းထည့်စားလိုက်ရင် ... အိမ်မှာ  လောက်မှာ မဟုတ်တော့လို့ ....


ဒီအနေတော်လောက်ကို ကိုယ်ကြိုက်တယ် ... မပြစ်မကျဲလေး ...


သူ့က ချက်ရတာ အရမ်းလွယ်တယ် ....

ပြစ်သွားလား .. ရေ ထပ်ရောလိုက် ...
ချိုသွားလား ... ရေ ထပ်ရောလိုက် ...

မချိုဘူးလား .... သကြား ထပ်ထည့်လိုက်
အရည်ကျဲနေလား ... မီးဖိုပေါ် ထပ်တင်လိုက်ရင် ပြစ်သွားမယ် ...

မကြာ .. မကြာတော့ မွှေပေါ့ ..
နို့မို့ရင် အိုးကပ်သွားမယ် ....


ကိုယ့် ကြိုက်တဲ့ Coconut Cream ဗူး .... Aroy-D


အုန်းသီးခြစ်


ကန်စွန်းဥ


ငယ်ငယ်တုန်းက အမက ( ၄ ) မူလတန်းကျောင်းမှာ တပတ် တခါ နှုန်းလောက် စားရသော အုန်းနို့သာကူ ..

မင်္ဂလာရှိသောနှစ်သစ်မှာ ဖေဖေ ... ကျန်းမာပါစေ ... ပျော်ရွှင်ပါစေ .... ဘေးရန် ကင်းကွာပါစေ ....

မေမေ ... ကောင်းရာသုဂတိလားပါစေ ..

အားလုံးပဲ မင်္ဂလာ နှစ်သစ်ပါ ..

ဦးဝင်းဦး ကိုလည်း ဆုတောင်းပေးပါတယ် ... ကောင်းရာသုဂတိလားပါစေ ....

နှစ်သစ်ကူးမှာ ဒီ သီချင်းက နားထောင်ရတာ မင်္ဂလာ အရှိဆုံးပါပဲ ...

ဘလော့အိမ်ကို လာလည်လို့ မင်္ဂလာဆုတောင်း သီချင်းက Auto ဖွင့်လာမှာပါ ...

သီချင်း မကြိုက်သော သူများ ရှိတဲ့အခါ အလွယ်တကူ သီချင်းကို ပြန်ပိတ်နိုင်ဖို့ ဘလော့ပိုစ့် အပေါ်မှာ မြင်သာ ထင်သာအောင် တင်ပေးထားပါတယ် ...

အားလုံးပဲ ဦးဝင်းဦး သီချင်းထဲက လို ဆုတောင်းပေးပါတယ် ...


မင်္ဂလာဆုတောင်း - အဆိုတော် ၀င်းဦး 
  မင်္ဂလာဆုတောင်း by Win Oo by Ye Thway Win
Credit : http://soundcloud.com/yewin/by-win-oo

တစ်သောင်းဇမ္ဗူပေါ်... တောင်းဆုချွေကာရည်မျှော်... စည်းစိမ်ဥစ္စာများ ကြွယ်ဝတိုးတက်စေသား.....
အများဝေနေ... စပါးနဲ့ဆန်ရေအထွေထွေ... ကောင်းမှူကုသိုလ်များ... ထပ်မနားပြုဖို့ငွေမရှား.....
စိန်ရွှေရတနာ အနှိုင်းမရှိလဲလွှမ်းကာ... အချိန်ကုဋေကုဋာ အတိုင်းမသိဘဲချမ်းသာ...
စန်းပါလာဘ်ပါတက်ဆဲ ပုလဲမြဆပွား... ကျောက်သံပတ္တမြား ဆင့်ဆင့်ထား လိုတိုင်းတ၍ရစေသား.....
ဝေနေယျာ ဆွေသဟာခပင်းမှာ ဘေးရန်ကင်းစင်ကာ.....
ထိန်ဝေစွာ ဂေဟာအတွင်းမှာ ကျက်သရေလင်းစေမကြာ.....
လန်းကြပါစေ ပန်းတွေသဏ္ဍာန်ပမာ... ချမ်းမြကာလေ စမ်းရေလျှံဖြာ..
အေးအေးဆေးဆေး နတ်လူများ...ကိုယ်စိတ်နှစ်ပါး...ထူးထူးခြားခြား ရွှင်လန်းဘဝင်ဝမ်း အစဉ်ချမ်းသာ.....
အို..... ဣစ္ဆာသယ ပြည့်ဝကြနိုင်စေဖို့ ဓိဠာန်ပြီးမှ ဆုကြီးပန်ဆင်ကာ.....
နောင်သံသရာ ရည်စိတ်ကြံမှန်းဆလို့ ပြည်နိဗ္ဗာန်နန်းဝသို့ လှမ်းကြွရောက်စေသား.....
ဒီနေ့ဟိုနေ့တောင်မကြာ... ကြည်မွေ့လိုသ၍ဆောင်ကာ...
ကောင်းကင်ခရီး... ပျံတက်ဖို့မငြီး... မဂ္ဂင်ဖောင်ကြီး စီးသွား လိုတိုင်းတ၍ ရစေသား.....
(အလင်္ကာကျော်စွာ ရွှေပြည်အေး ၏ 'မင်္ဂလာဆုတောင်း' သီချင်း မှ)

6 comments :

Anonymous said...

မြန်မာ နှစ်သစ်မှာ သက်ရှည်ကျန်းမာ၊ ဘေးရန်ကွာ၍၊ အလိုရှိသမျှ ပြည့်စုံနိုင်ပါစေ

Thet Nandar Family said...

@ Anony ...

မြန်မာနှစ်သစ်တွင် မြန်မာနိုင်ငံသားများ အားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့၍ ကောင်းသော လိုအင်ဆန္ဒများနှင့် ပြည့်စုံနိုင်ကြပါစေ ...

Anonymous said...

တစ်သောင်းဇမ္ဗူပေါ်..တောင်းဆုချွေကာရည်မျှော်...စည်းစိမ်ဥစ္စာများ ကြွယ်ဝတိုးတက်စေသား...း)
မင်္ဂလာနှစ်သစ်မှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာနဲ့
ချစ်ခင်ရတဲ့မိသားစု၊ဆွေမျိုးမိတ်သင်္ဂများနဲ့အတူ
ဘာသာ၊သာသနာအကျိုးကို.ဆထက်တန်ဖိုး
ထမ်းရွက်နိုင်ပါစေရှင်...

ချစ်ခင်လျှက်
မိစံ

Thet Nandar Family said...

@ သမီးစံ .... ပေးတဲ့ဆုနှင့် ပြည့်စုံရပါလို၏ ....

သမီးစံလည်း မင်္ဂလာရှိသော နှစ်သစ်မှာ လိုအင်ဆန္ဒများ .. ပြည့်စုံနိုင်ပါစေ ...

The Queen said...

My favourit dessert ! like it.

Thet Nandar Family said...

@ The Queen ...

Thanks, Sis ...

Happy Myanmar New Year.
Joy, Healthy and happy for you ... :)