Friday, April 20, 2012

39th - Birthday


39th - Birthday Cake
 
. မာမီ အတွက် မွေးနေ့ ကိတ်မုန့် လုပ်ပေးသော သမီးလေး နှင့် သားသား ...


Ready made ကိတ်မုန့်ဗူး - ၁ ဗူး
ကြက်ဥ - ၃ လုံး
ဆီ - 1/2 cup
ရေ - 1 1/4 cups


ကိတ်မုန့် မမွှေခင် ... oven ကို အရင်ကြိုဖွင့်ထားပီး ..


ချက်နည်း အညွှန်းအရ ....
oven မှာ ... shiny metal ဆိုရင် 350º F ထားပီး
glass pan ဆိုရင် 325º F 

pan size အမျိုးအစားပေါ်မူတည်ပီး မုန့်ဖုတ်ချိန် ကွာသေးတယ် ...


ကိတ်မုန့် - အမှုန့်တွေကို သမီး နှင့် သား တူတူ ထည့် ...


ကိတ်မုန့်ဖုတ်ရတာ ပျော်ရွင်နေသော သမီး နှင့် သား


သားသား က ကြက်ဥ ဖောက်ထည့် ...


သမီးက ဆီထည့် ....


ရေ - 1 1/4


သားသားက ရေထည့် ...


ရေထည့်ပီးတာနဲ့ မွှေစက် ဖြင့် မွှေပေးပီး

oven foil ထဲ ထည့်  ...
မုန့်သား မျက်နှာပြင် ညှိပီး 
oven ထဲ ထည့် မုန့်ဖုတ်လိုက်ရုံပဲ ....



ကျက်ပီဆိုရင် အပြင်မှာ ၁၀ မိနစ်လောက် အအေးခံပီးမှ 
ကလေးများ လိုချင်တဲ့ မုန့်အရွယ်အစား လှီးပေးလိုက်တယ် ...


မုန့်ဗန်းပေါ်မှာ sugar powder ဖြူး .....


ကိတ်မုန့်သား တခု နှင့် တခု ကို ခရမ် နှင့် ကပ် ....


၃ ထပ် လောက် ကိတ်မုန့်သား တပ်ပီးရင် အိမ်တံခါး နှင့် အိမ်ပြူတင်းပေါက် ... ခရမ်ဖြင့် ပုံဆွဲ


အဖြူရောင် သကြားတွေက snow နှင့် တူလို့ ဆိုပီး ... ကလေးတွေက ... snow man အရုပ်တွေထည့် .. ရေတံခွန်တွေ .. စားပွဲတွေ ထည့် ...


chocolate rice တွေ လိုက်ကပ် ..


ဒီ စားပွဲ က သမီးလေး ပြင်ဆင်ပေးထားတာ ....


အားလုံးပီးရင် ခရမ်တွေ ခဲဖို့ အတွက် .. ရေခဲသေတာ ... အောက်ထပ် မှာ နာရီဝက်လောက် ထားလိုက်ရင် ရပီ .. 



ပိုနေတဲ့ ကိတ်မုန့်သားတွေ ...


သမီးလေးရဲ့ မွေးနေ့ကတ်



FB မှ .. လူပြောများတဲ့ Myanmar President မွေးနေ့လည်း ဒီနေ့ဆိုရင် ... ကိုယ် နှင့် မွေးနေ့ရက်မြတ် တူသော ... Myanmar President ... 

အဘ ... ကျန်းမာပါစေ ... အသက်ရှည်ပါစေ .. ပျော်ရွှင်ဖွယ် မွေးနေ့ရက်မြတ်ပါ ...  

ဒီ ဓာတ်ပုံကတော့ Time Magazine အတွက် ... ကွန်ပြူတာ နှင့် hp ဖြင့် vote ပေးတုန်းက ရိုက်ထားသော အမှတ်တရ ဓာတ်ပုံပါ ..  world မှာ မြန်မာကို ရစေချင်လွန်းလို့ အမေစု နှင့် အတူ အဘကို vote ပေးတယ် .... Adele တို့ တခြားလူတွေကိုလည်း ကြိုက်ပေမယ့် မပေးဘူး .... 

အဲဒီ အချိန်တုန်းက 
Myanmar President ကို တကယ့် လေးစားခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ကျတော့ လေးစားခဲ့တာတွေ အလကားဖြစ်သွားပြီမို့ ပိုစ့်မှာ ဓာတ်ပုံ လာပြန်ဖြုတ်မလို့ ...
ထားလိုက်ပါတော့လေ။ ( 05/12/2014 )



ဒီရက်ပိုင်း ချက်စားခဲ့သော အစားအသောက်များ 




ဒီမှာ ၀ယ်လို့ရသော ချဉ်ပေါင်ရွက် ဈေးနှုန်း - တပေါင်ကို ၄.၂၉ ဒေါ်လာ ..
ရန်ကုန်က ချဉ်ပေါင်နီ တစည်းသာသာပေါ့ .. ရန်ကုန်မှာ တစည်း ၃၅ ကျပ် ... ၅၀ ကျပ်လေ ....
ဆစ်ရင် တရာဖိုး ၃ စည်းရတယ် ... ရန်ကုန်ရောက်ရင် ချဉ်ပေါင်စည်း ၀ယ်တဲ့အခါ ဈေးမဆစ်ပဲ ၀ယ်ပါတော့မည် ....




ချဉ်ပေါင်နီ




ချဉ်ပေါင်၊ ပုစွန်ခြောက်၊ ဆား၊ ငရုတ်သီးစိမ်း၊ ပါးပါးလှီးထားသော ကြက်သွန်နီတို့ကို အိုးထဲ ထည့် .. လုံး ပီး ချဉ်ပေါင်ရွက်တွေ နွမ်းပီ ဆိုမှ ... ရေထည့် ... ရေဆူနေအောင် ချဉ်ပေါင်ချဉ်ရည်အိုးကျအောင် တည်ထားသော ...




အဖြူထည် ချဉ်ပေါင်းဟင်းရည်



ဒန်ပေါက် နှင့် တွဲစားဖို့ ...




ကြက်သား ဒန်ပေါက် ( အ၀ါရောင် )




ကြက်သားဒန်ပေါက် ( အနီရောင် )




အစေ့မပါ .. ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ သံပုရာသီး




ဘာလာချောင်ကြော်




ဆီချက်ခေါက်ဆွဲ၊ ကြာဇံဆီချက်၊ ၀က်နံရိုးကြော်၊ ၀က်အူမကြော်




ငရုတ်ကောင်းမှုန့် ခတ်ထားသော ဟင်းရည်




ကြက်သွန်နီ ငရုတ်ဆီ




ကြက်ဥခေါက်ဆွဲ၊ ပဲငံပြာရည် အနောက် ( အပြစ်) ၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်မြိတ်၊


နာနတ်ပွင့်၊ စော်ကားသီး၊  ဆီသတ်ပီး



ကြက်သွန်ဖြူဖြင့် ကြော်ထားသော ကြက်သွန်ဖြူ ဆီချက် 




ဆီချက်ခေါက်ဆွဲ




ကြာဇံဆီချက်




အမဲသားကင်



အမဲသားကင် နှင့် ထမင်း




ဝက်ဦးနှောက်ဟင်း




ခရမ်းချဉ်သီးဖြင့် ချက်ထားသော ၀က်ဦးနှောက်ဟင်း



ဝက်ဦးနှောက်ဟင်းအိုး



ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပျဉ်တော်သိမ်ရွက်၊ ဆား .... တညရေစိမ် ... ပီး ညက်နေအောင် ကြိတ်စက်ဖြင့် ကြိတ်ထားသော ကုလားပဲ နှင့် ကြော်ထားသော ... ဘယာကြော်




မန်ထို ပေါက်ဆီ ... plain ဆိုရင် အိမ်မှာ ကြော်စားတာ များတယ် ... 




မန်ထိုပေါက်ဆီကြော် ... သူ့ကို ဂျပန် ကြက်ကြော် နှင့် တွဲစားတာ ... အရမ်းစားလို့ကောင်းတယ် ... ရန်ကုန်မှာဆိုရင် စီးတီးမတ်မှာ မန်ထိုပေါက်ဆီ နှင့် ဂျပန်ကြက်ကြော် ( ရေခဲရိုက် ) ၀ယ်လို့ရတယ် ...




ရန်ကုန်မှာ သားအမိတွေ မနက်စာ စားခဲ့သော မန်ထိုပေါက်ဆီကြော် နှင့် ပဲပြုပ်ထမင်းကြော် : https://sites.google.com/site/thetnandarfamily/food-and-drink




ပုစွန်ဆီပြန်ဟင်း




ဝက်မြီး




ကြက်သွန်ဖြူ၊ ဂျင်းတို့ နှင့် အိုးပူတိုက်ပီးတာနဲ့ ၄ စိတ်ခြမ်း ကြက်သွန်နီ ... စပါးလင် ... ငရုတ်ကောင်းဖြင့် စွပ်ပြုပ်ချက်ထားသော ...




ဝက်မြီးစွပ်ပြုပ်



နောက်တခေါက် ချက်စားသော မနက်စာ ပေါင်မုန့်




အုန်းနို့ခေါက်ဆွဲ ဟင်းရည်အိုး






အုန်းနို့ခေါက်ဆွဲ ပန်းကန်




မုန့်ကြွပ်ကြော်




အီကြာကွေး အုန်းနို့ခေါက်ဆွဲ .. နံနံပင်၊ ကြက်သွန်နီ ၊ ငရုတ်သီး အကျက်မှုန့် .. သံပုရာသီးညှစ်




အီကြာကွေး နှင့် အုန်းနို့ခေါက်ဆွဲ




ပဲကြော် နှင့် အုန်းနို့ခေါက်ဆွဲ




ပေါက်ဆီ နှင့် အုန်းနို့ခေါက်ဆွဲ




တည ရေစိမ်ထားသော ကုလားပဲ ...

ဆန်မှုန့် ... ၂ အချိုး
ကုလားပဲမှုန့် .... ၁ အချိုး
ကောက်ညှင်းမှုန့် ... ၁ အချိုး 
( ၂း ၁း ၁ ) 
ကြိတ်ထားသော ဂျင်း၊ ဆား၊ ဟင်းခတ်မှုန့် ... ရေ ကျဲကျဲ ဖျော်စပ်ပီး
ဆီ များများဖြင့် .. မီးမြေးမြေး အနေအထား ( MEDIUM HEAT ) ဆီနှစ်ကြော်ထားသော 




အလယ်နေရာပါ ကြွပ်နေအောင် ကြော်တဲ့ ယောင်းမဇွန်းဖြင့် ဖိပီးကြော်ထားသော ပဲကြော်မွမွ




Chocolate chip cake အတွက်





Chocolate chip cake



Chocolate chip cake



မရမ်းသီးနေရာမှာ အစားထိုး ချက်ထားသော သံလွင်သီး ( အစိမ်း - အချဉ် ) ၀က်သားနှပ်




သံလွင်သီး ... ၀က်သားဟင်း




နာနတ်သီး ကြက်ကင်



သံလွင်သီး အပါ

ကိုယ့် သံလွင်သီး အစိမ်း ( အချဉ် ) ကို ကြိုက်တယ် .. သိပ်မပေးရဘူး ၃ ဒေါ်လာပဲ ...
နောက်တခေါက်ကျမှ ... သံလွင်သီး အစိမ်း ( အချဉ် ) ကို .. ငံပြာရည်၊ သကြား၊ ငရုတ်သီးအကျက်မှုန့် ဖြင့် သုပ်စားအုံးမည် ...




တခါတရံ စားသော Ham ... ကိုယ်က အဲလို အခေါက်များများကို ပါးပါးလှီးပီး ... တွန့်လိမ်နေအောင်ကို oven ဖြင့် ကင်လိုက်တဲ့ Ham အခေါက်ကင်ကို ကြိုက်တယ် .. တခါတရံ စားတာပါ ... 




ဝက်သား အငံ




မုန်ညင်းချဉ်




ငရုတ်သီးတောင့်ကို ကြွပ်နေအောင် ကြော်ပီး ထက်ပိုင်းချိုး




ကြော်ချက်ထားသော 




ဝက်သား ချဉ်၊ ငံ၊ စပ်




ကော်ပြန့် ... အဲလိုမျိုး ထောပတ်သီး အတုံးကြီးကြီး .. ဂဏာန်းချောင်းများများနဲ့ လိပ်ထားသော ကော်ပြန့်လိပ် ကြိုက်တယ် ...


... အရင်ပို့စ့် ..

သမီးလေး ကိတ်မုန့်ဖုတ်ထားသော Angel 2012 Birthday cake

2012 - Angel BD

2012 - Angel BD - နန်းပြားသုပ်

2011 - သားသားမွေးနေ့

2011 - သမီးမွေးနေ့

2010 - သမီးမွေးနေ့

သမီးလေးရဲ့ Home made BD card - 1

  သမီးလေးရဲ့ Home made BD card - 2

  2011 - Mommy BD




14 comments :

Thandar Lwin said...

မမ ရေ မွေးနေ့ ဆုတောင်းလေး နောက်ကျသွားတယ် ထင်တယ်နော် ..။
မွေးနေ့တွင်သာ မဟုတ် နေ့စဉ် နေ့တိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ချစ်သောမိသားစု စားချင်တာတွေ ကို ချက်ပြုတ် ကျွေးနိုင်ပါစေ ။ စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒပြည့်ပါစေ ။ ဘလော့ဂ်မှာ ချက်ပြုတ်နည်းများကိုလဲ ဆက်ပြီးဝေမျှနိုင်ပါစေရှင်။

Thet Nandar Family said...

@ Thandar Lwin ....

မွေးနေ့ ဆုတောင်း နောက်မကျသေးပါဘူး ...
အခုမှ အမေရိကားမှာ ည ၉ နာ၇ီလောက်ပဲ ရှိပါသေးတယ် ...
မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပါနော် ....
Ma Thandar Lwin တို့ မိသားစု အားလုံး ကျန်းမာ .. ချမ်းသာကြပါစေ ... လိုအင်ဆန္ဒများ ပြည့်စုံပါစေ ....:)

ဘေဘီ said...

ပျော်ရွှင်စရာ မွေးနေ့ပွဲလေးဖြစ်ပါစေ....
ဆန္ဒနဲ့ ဘ၀တထပ်တည်းကြပါစေ.....
မမသက်လို့ ခေါ်တော့မယ်နော်း)
သားနဲ့ သမီးလေးရဲ့ မွေးနေ့ကိတ်လေး၊
မွေးနေ့ကဒ်လေးကြည့်ပြီး ကြည်နူးမိတယ်
ချစ်စရာလေးး)

Candy said...

တီတီရေ......

မိသားစုနဲ့အတူ ပျော်စရာမွေးနေ့လေးဖြစ်ခဲ့မှာပဲနော်...
လိုအင်ဆန္ဒတွေ ပြည့်ဝပြီး တီတီချစ်တဲ့မိသားစုနဲ့အတူ သက်ထက်ဆုံး ပျော်ရွှင်ပါစေနော်..

Happy Birthday^^

ချော(အစိမ်းရောင်လွင်ပြင်) said...

မရေ..
မွေးနေ့မှ စပြီး နေ့ရက်တိုင်း ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ..
မိသားစုနဲ့အတူ တစ်သက်တာလုံး ကြည်လင်ရွှင်လန်း စိတ်ချမ်းမြေ့စွာ၊ ကျန်းမာ ချမ်းသာစွာ နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ပျော်ရွှင်စရာ မိသားစုလေးဘဝကို တွေ့ရလို့ အားကျမိပါတယ်။

Thet Nandar Family said...

@ ဘေဘီ ....

မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပါ ဘေဘီရေ ...
ဟီး ... ဟီး ... သက် လို့ ခေါ်လည်းရပါတယ် ဘေဘီရယ် ...
ဒီမှာတော့ Thet ဆိုတဲ့ အခေါ်အဝေါ်က That နဲ့ တူလို့လားမသိဘူး ... အရွယ်မရွေး ကိုယ့်ကို ခေါ်နေတတ်တာပါပဲ ...
FB မှာဆို .. ယောက်ျားလေးတွေလည်း ကိုယ့်ကို Thet ပဲ ခေါ်တယ် ...
မြန်မာ အယူအဆ နဲ့ ဆိုရင် .. ကိုယ့်ကို သက် လို့ တလုံးတည်းခေါ်ရင် တမျိုးကြီးပေါ့ ...
ဟီး .. ဟီး ကြိုက်သလိုခေါ် .. ဘွားဘွားသက်လို့ မခေါ်ရင် ပီးရော ... တကယ် မခေါ်နဲ့နော် ..
နဂါးနှစ်မှာ မွေးတဲ့ မြန်မာ့က shopping mall ပိုင်ရှင် ၂၃ နှစ်အရွယ် တယောက်က ဒီနှစ် နဂါးနှစ်မှာ သားတယောက်မွေးတော့ ကိုယ့်ကိုကိုယ် ဘွားဘွားအရွယ် ရောက်နေပီဆိုတာ သဘောပေါက်နေပါပီ ... Hak .. Hak ... Hak

@ Candy ....

မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပါ သမီးရေ ....
Candy လည်း အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့မှု့များနှင့် ပြည့်စုံပါစေ ....

@ ချော ( အစိမ်းရောင်လွင်ပြင် ) ....

မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါနော် ..
အိမ်က ကလေး ၂ယောက်က အဲလိုပဲ ... သူတို့ နဲ့ တူတူနေရရင် ပျင်းချိန်တောင် ရှိမှာ မဟုတ်ဘူး ...
အပြင်လူတွေနဲ့လည်း အဲဒီ အတိုင်းပဲ ...သူတို့က ပျော်ပျော်နေတတ်တာလည်း ပါတယ် ...

Mk said...

Happy birthday Ma TND xx

Thet Nandar Family said...

@ MK ....

Thank you very much, MK ... :)
Ejoy for your BD wish ...

```````` * ` ` * ` ` *
'```````` 0 ` ` 0 ` ` 0
```````` ||___||___||
```` * ` {,,,,,,,,,,,,,,,,,,,} ` *
```` 0 ` {/\/\/\/\/\/\/\/\} ` 0
'```_||_{_______”_____}_||_
```{/\/\/\/\/\/\/\/\/\/\/\/\/\/\/\}
```{,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,}
```{/\/\/\/\/\/\/\/\/\/\/\/\/\/\/\}
```{_____________”________}

NSA said...

Happy Belated Birthday Ma Thet nandar ....
:))

Thet Nandar Family said...

@ NSA - I greatly appreciate your birthday wishes.

Anonymous said...

Happy belated birthday!!!
Iora

Thet Nandar Family said...

@ lora - Thank you so much, My Dear !

thu ma said...

Happy belated birthday :)))
ချစ်သော မိသားစု နဲ့ ပျော်ရွှင်စွာ ဘဝခရီး လျှောက်လှမ်း နိုင်ပါစေ။ သားသားရော ၊ မီးမီးရော ချစ်စရာလေး ။ သားသားလေး လျှာထုတ်နေတဲ့ပုံ ကြည့်ပြီး သဘောတွေ ကျနေတာ :D

Thet Nandar Family said...

@ thu ma - မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပါ သူမရေ ....

သားသားက သူ့ ဘွားအေ အတိုင်းပဲ ချက်ရင်း ... ပြုပ်ရင်းနဲ့ မာန်ပါသွားတာလေ ... :P