Saturday, March 3, 2012

Snow Man


သားသား ... snow man လုပ်ဖို့ စနိုး ကောက်လာတာ ....
 

စနိုးကို တွန်းလိမ့်လိုက်ရင် အလိုက်သင့်ပဲ စနိုးဘောလုံးဖြစ်ပီး ဘောလုံး လိမ့်သလို လိမ့်လာ လိုက်တာနဲ့ စနိုးဘောလ်က တဖြည်းဖြည်း ကြီး ကြီးလာတယ်။ ကလေးတွေ အတွက် ... snow  man လုပ်ရတာ အရမ်းပဲ လွယ်တယ်။ သားသားဆို တခါတည်း ပြလိုက်တာနဲ့ သူ့ဘာသာ သူ စနိုးဘောလ်ကို လိမ့်ပီး တွန်းသွားရင်း snow man ... body အတွက် စနိုး ဘောလုံး အကြီး ကြီး လုပ်လာတယ်။


သားသား snow ball ကို တွန်းနေတာ ...
လူကြီးတွေ အတွက်ဆို ... ကော်ဇော ခေါက်လိမ့်သလိုမျိုး ... 
ကလေးတွေ အတွက်ဆိုရင် မြေပြင်မှာ ဘောလုံးကို လိမ့်သလိုမျိုး မို့ .... 
သားသားက အရမ်း သဘောကျပေါ့ ... 


SNOW MAN လုပ်ဖို့ လိမ့်လာတဲ့ စနိုးဘောလ်တွေကို ထပ် ... တင် လိုက် ပီးတဲ့ အခါမှာ ... 
SNOW ROCK ပေါ်ကို ... 
သားသား သူ့ဘာသာ သူ တက် ... ပီး ... 
သီချင်းအော်ဆိုနေတာ ...


သီချင်းဆိုလိုက် ... ကလိုက် ... လုပ်နေတာ ...


နောက်ထပ် စနိုးဘောလ်တွေ ထပ် လုပ် ...


လက်နှစ်ဖက် နဲ့ ပုတ် .. ပုတ် အပီး စနိုး ဘောလုံးကို ကျစ် ကျစ်လေး လုပ်နေတာ ...


SNOW MAN ခေါင်းလေးအတွက် နောက်ထပ် စနိုး ဘောလုံး နောက် တလုံး ...


စနိုးဘောလုံးကို မ' သယ်နေသော သားသား ....


အလယ်က SNOW MAN ဗိုက်သားကို ကြီးကြီးလေး ဖြစ်အောင် ... 
လိမ့်လာတဲ့ စနိုးဘောလ် ကို တခု နဲ့ တခု ထပ် မတင်ဘဲ ...
 ဒေါင့်လိုက်ပဲ တင်လိုက်တယ်။ 
ဒါဆို SNOW MAN နည်းနည်း ကြီးသွားပီး ...  
သားသား ... အရပ် နီးပါးလောက် ဖြစ်သွားပီ ...


သူငယ်ချင်း SNOW MAN  နှင့် အမှတ်တရ ...



ဘလူးဘယ်ရီ သီးတွေက လေတိုက်လို့ ကြွေသွားတာနဲ့ အသီး သေးသေးလေးတွေ မကျန်တော့ဘူး။ ဒါနဲ့ပဲ သစ်ကိုင်းခြောက်တွေ ကောက်လာတာ ... SNOW MAN က မျက်စိမြေးမြေးလေး နဲ့ ပြုံးပြနေတဲ့ ပုံ ဖြစ်သွားတယ်။ 


မျက်စိမြေးမြေးလေးနဲ့ ပြုံးပြနေသော SNOW MAN နှင့် သမီးလေး


သားသားကို အပြုံးဖြင့် တုန့်ပြန်နေသော SNOW MAN


နောက်ထပ် သမီး က အိမ်နီးချင်း ရုရှားမလေးတွေ နှင့် SNOW MAN လုပ်နေတာ ...


စနိုးဘောလ်လုံးကို လိမ့်နေတာ ...


ဒါက အိမ်ရှေ့အိမ်က ရုရှားမိသားစု လုပ်ထားတဲ့ SNOW MAN


ပန်းအိုး ဦးထုပ် အမဲလေးတောင် ဆောင်းထားပီး ... တုပ် ၂ ချောင်း ကိုင်ထားသေးတယ် ...

  
ထင်းရှုးပင်များ


စနိုး ဘာဘီကျူး လုပ်မလို့ တဲ့ ...


စနိုး အချပ်တွေ တချပ်ပီး တချပ် ထပ်တင်နေတာ ... စနိုး ဘာဘီကျူးတဲ့  ...


MAPLE အဖူးလေးတွေ စထွက်နေတဲ့ မတ်လ ....


MAPLE အဖူး နီနီလေးတွေ ...


ကလေးတွေ ကျောင်းသွားတိုင်း ... အဲဒီ ကြောင် အမဲကြီးက သူပါ လမ်းထိပ် ထိ လိုက်ပီး ကျောင်း လိုက်ပို့ပေးတတ်တယ်။ 


အိမ်နီးချင်း ရုရှား မိသားစု နှင့် သမီးလေး ... မိုးလေး ဖွဲဖွဲလေး ရွာနေတဲ့ အချိန် ...


ဟိုဘက်လမ်းက ကလေးတွေလည်း ကျောင်းကား စောင့်နေတဲ့ အချိန် ...


ထီးလေးတွေ ကိုယ်စီ နဲ့ ကလေး ၃ယောက် နှင့် အတူ ရုရှား အမျိုးသမီး ဦးဆောင်ပီး SNOW MAN လုပ်နေတာ .. ကျောင်းကား မလာခင် အချိန်လေးအတွင်းမှာ ....


သမီးလေး နှင့် SNOW MAN 


နှာခေါင်းမှာပါ စနိုးဘောလ်လုံး သေးသေးလေး တပ်ထားသေးတယ်။ ချစ်စရာလေး ...


သားသားရဲ့ နှင်းခြေရာလေးများ ....


စနိုး နှင့် ဆော့တိုင်း အရမ်းပျော်နေတတ်သော သားသား ....


စနိုး ရေကန်ထဲကို စနိုးတွေ ပစ်ချနေတာ ...



Pesticide Applicator - အဲဒီ မြေကြီးမှာ အင်းဆက် ပိုးသတ်ဆေး ဖြန်းထားလို့ ကလေးတွေ နှင့် ခွေး .. တိရစာန်တွေ ဖြတ်မလျှောက်ဖို့ သတိပေး စာတမ်း .... 

မြေကြီးမှာ အဲလို မျိုး ဖြန်းထားတော့ အိမ်ထဲကို အင်းဆက်ပိုးတွေ ကူးမလာတော့ဘူး ....


ကားပါကင်ဝင်းကို သွားတဲ့ လမ်း ...


နှင်းကျနေတဲ့ အချိန် ...




အိမ်ရာက နှင်းရှင်းတဲ့ ကား ...





နှင်းမိုးသည်း 

2 comments :

Candy said...

နှင်းတွေ အပြင်မှာ မြင်ဖူးချင်လိုက်တာ :D :D :D

Thet Nandar Family said...

Candy .....

အိမ်လာလည်တာ ကျေးဇူးနော် ...

နှင်းဖတ်လေးတွေ ကျနေတာ ... မိုးရေချိုးနေရသလိုမျိုးပဲ ...

မိုးရေလောက်တော့ လူကို စိုရွှဲမသွားပေမယ့် ပျော်စရာကြီး ...