Sunday, March 25, 2012

Morning Buns


ပန်းပွင့်ပုံ ပေါင်မုန့်လေးပါ ...


ကိုယ့်ရဲ့ ပထမဦးဆုံး အကြိမ် ပေါင်မုန့်ဖုတ်ထားတဲ့ အုန်းသီးပေါင်မုန့် ....


YouTube ထဲက How to make morning buns ချက်နည်း အတိုင်း step by step သေချာ ကြည့်ပီး ...  ပေါင်မုန့် ဖုတ်ထားတာပါ ...


နောက်တခေါက်ကျမှ ... ရန်ကုန် .. city mart က season and barkery မှာ ၀ယ်စားနေကျ ပေါင်မုန့်များ မုန့်ဖုတ်ကြည့်ပါဦးမည် ...


ပန်းပွင့်ပုံ ပေါင်မုန့်ထဲကမှ ပေါင်မုန့်လုံး တလုံးကို ဖဲ့ယူလိုက်တဲ့ အတွင်းပိုင်း ပေါင်မုန့် .. မုန့်ကျက်နေတဲ့ အနေအထား ...


oven ကို မုန့်မဖုတ်ခင် မိနစ် ၂၀  ကြိုဖွင့်ထားပီး .. 
ပူနေတဲ့ oven ထဲကို ဖုတ်မယ့် ပေါင်မုန့်ဗန်းကို ထည့် ..
 350ºF နဲ့ မိနစ် ၃၀ လောက် ပေါင်မုန့် ဖုတ်ထားတာပါ ... 


ပေါင်မုန့်လုံး ထဲမှာ .. ဘာမှ မထည့်ပဲ .. ပေါင်မုန့်ဖုတ်လို့ ရသလို ...
ပေါင်မုန့်လုံးထဲမှာ .. ပဲ .. အုန်းသီး .. ပူတင်း .. ခရမ် ...  ကြက်အူချောင်း sausage များ .. အမျိုးစုံ .. 
ကိုယ် ကြိုက်နှစ်သက်ရာများ ထည့်သွင်းပီး ပေါင်မုန့် ဖုတ်လို့ ရပါတယ် ...


ခရုပုံစံ မနက်ခင်းစာ စားတဲ့ ပေါင်မုန့်များ ဖြစ်ပါတယ် ....
သူ ချည်း သပ်သပ် စားရင်လည်း အရသာ ရှိပါတယ် .. 
ငါးသေတာ နှင့် တွဲဖက် .. စားသောက်ရင်လည်း စားလို့ ကောင်းပါတယ် ...


ခရုပုံစံ .. ပေါင်မုန့် အတွင်းပိုင်း အနေအထား ...


သူ့ကို တခု ချင်းစီ မုန့်ဖုတ် တာမို့ preheat oven ထဲမှာ 375ºF - ၁၅ မိနစ် လောက် မုန့်ဖုတ်ထားလိုက်ရင် ရပါပီ ... 

အတွင်းပိုင်း အနေအထားပါ မုန့် ကျက်ပါတယ် ....


... ချက်၊ စားနည်း ...

YouTube : http://youtu.be/kFFGgBVrlnI

YouTube ချက်နည်း ဗီဒီယို အတိုင်း ပေါင်မုန့် ဖုတ်ထားတာပါ ....

YouTube ဗီဒီယို ထဲမှာ step by step သေချာ .. မြင်အောင် ရှင်းပြထားတာမို့ အရမ်းကောင်းပါတယ် ...

ကိုယ်လိုမျိုး ပထမဦးဆုံး အကြိမ် ပေါင်မုန့်ဖုတ်တဲ့လူ အတွက် အရမ်းကို အဆင်ပြေပါတယ် ...

အခု .. အဲဒီ ဗီဒီယို ကြည့်ပီး .. အိမ်မှာ ချက်ထားတဲ့ ကိုယ့်ရဲ့ ချက်နည်း အတွေ့အကြုံလေးတွေကို Share ပါမယ် ...


Morning buns ( ပေါင်မုန့် လုံး - ၁၀ လုံး ) စာ အတွက် .. 
ပါဝင်သော ပစည်းများ ...

( မူရင်း ) ....

500 g / 18 oz flour
pinch of salt
20 g / 0.7 oz butter
25 g / 1 oz sugar
12 g / 0.4 oz fresh yeast
1 egg yolk
275 ml / 10 fl oz milk
50 g / 1.8 oz flour ( for dusting ) 
1 egg beaten with 2 tbsps water
0.5 tbsp rock salt
1 tbsp sesame seeds

............ ... ... ............
ဂျုံမှုန့် - 18 အောင်စ ( 2 1/3 cups ) 
ဆား - အနည်းငယ်
ထောပတ် - 1 အောင်စ .. သာသာလောက်
သကြား - 1/8 cup
Yeast - 1/4 oz
ကြက်ဥ အနှစ် - ၁ လုံး
နွားနို့ - 275 ml ( 1 cup ကျော်ကျော် )
ဂျုံ လုံး နှယ်ဖို့ ဂျုံမှုန့် အနည်းငယ်
ကြက်ဥ တလုံးကို ရေ ထမင်းစားဇွန်း ၂ ဇွန်း နှင့် အတူ ကြက်ဥ ခေါက်ထားပါ ...
ဆား အနည်းငယ်
နှမ်း အနည်းငယ် 


ပေါင်မုန့်ဖုတ်တဲ့ Yeast ( တစေး ) 
7g  ( 1/4 oz )


Yeast အထုပ် နောက်ကျော မှာ ဂျုံမှုန့် 500g ( 3 1/4 cups ) ကို အခု Yeast တထုပ်စာ ပါ ...

YouTube ဗီဒီယို အတိုင်း yeast ကို အိမ်မှာ 12g မထည့်ပဲ 7g ပဲ သုံးထားပါတယ် ...


1 cup = 8oz
1/3 cup = 2 2/3 oz

အိမ်မှာ ဂျုံမှုန့်ကို 2 1/3 cups ထည့်ပါတယ် ....


ဆား အနည်းငယ် 


ထောပတ်ကို အိမ်မှာ ၁ အောင်စ လောက် ထည့်ပါတယ် ... 

၎ အောင်စ ထောပတ်တုံးရဲ့ ၄ ပုံ ၁ ပုံ ထည့်ပါတယ် ... 

( ဓာတ်ပုံမှာ ထောပတ် အနေအထား မြင်စေချင်လို့ ၄ အောင်စ ထောပတ် ၂ တုံးကို ဓာတ်ပုံ ရိုက်ထားတာပါ .. ) 


သကြား - 1/8 cup = 1 oz


နွားနို့ - 275 ml 


ချိန်ခွက်  .. ဒီဘက်ခြမ်းကနေ ကြည့်ရင် 275 ml က အောင်စ နဲ့ ဆိုရင် 1 oz ကျော်ကျော်လေး ရှိပါတယ် ...


ကြွေဇလုံ ထဲမှာ .. 
ဂျုံမှုန့်၊ ဆား၊ ထောပတ်၊ သကြား၊ Yeast၊ ကြက်ဥ အနှစ် ထည့်ပီး ...
နောက်ပိတ်ဆုံးမှ နွားနို့ ထည့်ပီး ...
 မွှေစက် ဖြင့် ...
၅ မိနစ် slow speed မွှေပေးပီး ...
၅ မိနစ် ပြည့်ရင် ခဏလောက် ရပ်လိုက်ပီး မွှေတဲ့ အချောင်းမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချပီး ...
medium speed နဲ့ ၃ မိနစ်လောက်မွှေပေးပါတယ် ...

( ဂျိတ်ကောက်ပုံစံ မွှေစက် ဆို ပိုကောင်းပါတယ် .. 
အိမ်မှာတော့ ဒီ မွှေစက်ပဲ ရှိလို့ ဒီ မွှေစက် နှင့် မွှေတာလည်း အဆင်ပြေပါတယ် )


မွှေစက် ဖြင့် မွှေပီးတဲ့ ဂျုံသားတွေကို ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံသား ညက်အောင် လက်ဖနောင့်ဖြင့် ဖိ .. နှယ်ပေးပီး ညက်နေတဲ့ ဂျုံလုံးကို ပန်းကန်လုံးထဲ ထည့် ...


လက်ကိုင်ပုဝါ ဖြင့် မိနစ် ၃၀ လောက် အုပ်ထားပေးပါ ... 

( တနာရီလောက် လက်ကိုင်ပုဝါ ဖြင့် အုပ်ထားလည်း ရပါသည် ... ) 


လက်ကိုင်ပုဝါ ဖြင့် နာရီဝက်လောက် အုပ်ပေးထားလိုက်ရင် ဂျုံသားတွေက Yeast တန်ခိုး နဲ့ ဖောင်းကြွနေပါလိမ့်မယ် ...


ဂျုံသားထဲမှာ ခိုနေသော လေများ ထွက်သွားအောင် လက်သီးဖြင့် ခပ်နာနာလေး ထိုးလိုက်ပီး ဂျုံများကို ထုတ်လိုက်ပါ ...


ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားသော စားပွဲပေါ်မှာ ဂျုံများကို အလုံးကနေ ... အလျားရှည် လုပ်လိုက်ပီး ... 


တ၀က် ၀က် .. တ၀က်ကနေ ၄ ဖြတ်လောက် ဖြတ်လိုက်ပီး ...
 ဂျုံ ၁၀ ပိုင်းလောက် ဖြတ်ထားပါ ...


ဂျုံ ၁ တုံးကို ဂျုံ အချောင်း ရှည် ရှည် လက် ၂ ဖက်ဖြင့် လိမ့် လိမ့်ပေးပီး နောက် ...


ဂျုံချောင်းကို တပတ်လျှို လေး ထုံးပေးလိုက်ပါ ... ( ဆံထုံး ထုံးသလို ) .. 

( ကိုယ် မြင်တာ တပတ်လျှို ဆံထုံး ပုံစံ ပါ .. )
( အိမ်က သားသား မြင်တာ .. အမြင်တမျိုးပါ .. မပြောတော့ပါဘူးလေ .. အစားအသောက်မို့လို့ :P ) 


မုန့်ဖုတ်ဗန်းပေါ်က  မုန့်ဖုတ်စကူပေါ် တင် ပီးလျှင် လက်ကိုင်ပုဝါဖြင့်  မိနစ် ၂၀ လောက် အုပ်ထားပါ ...

oven ကို မုန့်မဖုတ်ခင် 375ºF ကြိုဖွင့်ထားပါ ...

( တနာရီလောက် လက်ကိုင်ပုဝါ .. အုပ်ထားလည်း ရပါသည် ...
၁ နာရီလောက် အုပ်ထားပီး လက်ကိုင်ပုဝါ ဖယ်လိုက်လျှင် Yeast တန်ခိုးဖြင့် မုန့်များ ကြီးထွားနေတာကို မြင်ရပါမည် )


ကြက်ဥ တလုံးကို .. ရေ ထမင်းစားဇွန်းနဲ့ ခေါက်ထားတဲ့ အရည်ကို စုတ်တံလေး နဲ့ ပေါင်မုန့် ကို နေရာ အနှံ လိုက်သုတ်ပေးပီး နောက် ... 
 ဆားလေး အနည်းငယ်လောက် နှမ်း ပက်သလို ပက်ပေးပါ ...
နှမ်းလေး အနည်းငယ်လောက် နှမ်း ဖြူးသလို ဖြူး ပေးပါ ...


၁၅ မိနစ် မုန့်ဖုတ်အပီး ခရုပုံစံ ပေါင်မုန့်များ ....

 ............ ... ... ............

 ကိုယ့် ဒီနေရာလေးမှာ  .. အတွေ့အကြုံလေး တခု နဲ့ ပြောပြပေးချင်တာက ...

ဂျုံကို စက် နဲ့ နှယ်တာပဲ ဖြစ်ဖြစ် ... လက်နဲ့ နှယ်တာပဲ ဖြစ်ဖြစ် ဂျုံကို နှယ်နေတုန်းမှာ ရေ ( သို့ ) နွားနို့ ( သို့ ) ထောပတ် အရည်ကို ထည့်ပီး နှယ်သွားပါ ...

နွားနို့ကို ကြွေဇလုံထဲ အရင် ထည့်ပီးမှ ဂျုံမှုန့် ထည့်ပီး နှယ်ရင် အဆင်မပြေတတ်တာကို တွေ့ရပါတယ် .. 

( အားလုံး ပါပဲ .. ဆန်မှုန့် ၊ ကောက်ညင်းမှုန့်၊ ဂျုံမှုန့် နှယ်တာ အမှုန့်တွေကို ထည့်ပီးမှ ရေကို ဖြည်းညင်းစွာ ထည့်ပီး လက်နှင့် ဖြစ်ဖြစ် .. စက်ဖြင့် မွှေပါ ) 

မုန့်ဖုတ်တဲ့ အခါမှာ oven ကို ပူနေအောင် ကြိုပီး မိနစ် ၂၀ လောက် ကြိုဖွင့်ထားပေးပါ ....

oven ထဲ ထည့်တဲ့ အခါမှာလည်း oven အလယ် နေရာမှာပဲ မုန့်ဖုတ်မယ့် ဗန်းကို ထားပါ ...

............ ... ... ............


အိမ်မှာ အုန်းသီးဖတ်လေးတွေ ရှိတာနဲ့ ပေါင်မုန့်လုံး ထဲ ဌာပနာ လိုက်ပါတယ် ...


အုန်းသီး ဖတ်များဖြင့် ပြုလုပ်နိုင်သော မုန့် .. ချက်နည်းများ  


အုန်းသီး အိတ်ပေါ်မှာ ပါသော မုန့်ဖုတ်နည်း နောက်တမျိုး ...


ဂျုံလုံး လုံးလေး ဆိုရင်တော့ စားပွဲပေါ်မှာ ဂျုံကို လက်နှင့် ဖိပီး လိမ့်ပေးလိုက်ရင် ဂျုံက လုံးသထက် လုံးသွားပါလိမ့်မယ် ..

အဲဒီ ဂျုံလုံးကို ပြားပြားလေး လုပ်လိုက်ပီး အုန်းသီးဖတ်ထည့် ...


အနားစ လေးတွေကို ပြန်စု လိုက်ပီး


အလယ်မှာ စုနေတဲ့ ဂျုံ ထုံးကို ခပ်ပြားပြား ပြန်ဖိလိုက်ပါ ..

( ပေါက်စီ ဆိုရင်တော့ ဒီနေရာမှာ ကွတ်ကီး စကူ သေးသေးလေး ကပ်ပီး ပေါင်းလိုက်ပါတယ် ... )

ပက်လက်လှန်လိုက်ရင် တဖက်က ခပ်ပြားပြား ဂျုံလုံး အနေအထား ဖြစ်နေပါလိမ့်မယ် ...


oven foil ထဲမှာ ကွတ်ကီး စကူ ခင်းပီး ဂျုံလုံးတွေကို စီထားလိုက်ပါ ...

လက်ကိုင်ပုဝါဖြင့် မိနစ် ၂၀ လောက် အုပ်ထားပါ ...


တဆက်တည်းမှာပဲ .. oven ကို 375 ºF နံပါတ် ထားပီး ကြိုဖွင့်ထားပါ ...


မိနစ် ၂၀ ပြည့်လို့ လက်ကိုင်ပုဝါကို ဖယ်လိုက်ရင် Yeast တန်ခိုးဖြင့် ဂျုံလုံးများ ဖြောင်းကြွနေတာကို မြင်ရပါလိမ့်မည် ...

ကြက်ဥ အရည်ကို စုတ်တံဖြင့် နေရာ အနှံ သုပ်ပေးပီး နောက် ....


နှမ်းလေး ဖြူးပေးပါ ...


oven ရဲ့ အလယ် နေရာမှာ မုန့်ဗန်းကို ထားပီး ...
350 ºF - 30 မိနစ်လောက် ဖုတ်ပေးပါ ...


ပေါင်မုန့် တလုံးခြင်းစီ ကြက်ဥ အရည်သုပ်ပီး မုန့်ဖုတ်လျှင် ...

preheat oven ဖြင့် ... 

375 ºF - 15 မိနစ်

ပန်းပွင့်ပုံ ပေါင်မုန့်များ ဂျုံလုံး ဆက်ထားလျှင် ...

350 ºF - 30 မိနစ်

လောက် မုန့်ဖုတ်မှ ပေါင်မုန့် ဂျုံသား များ အလယ်မှာ ဆက်နေသော ဂျုံသား အတွင်းပိုင်း များ ကျက်ပါလိမ့်မည် ...

* Kitchen appliances

  
ပေါင်မုန့် နှင့် cheese 










ရန်ကုန်က ကော်ဖီဆိုင်တွေမှာ sandwich မှာစားလျှင် ဒီလိုမျိုး ပေါင်မုန့်ကင်ပေးပါတယ် ...

ဒီ အောက်က waffle မုန့် လုပ်တဲ့ စက်တွေလေ ...

ရန်ကုန်က စားသောက်ဆိုင် တော်တော်များများ မှာ ရှိတယ် .. ရေခဲမုန့်နဲ့ တွဲစားလို့လည်း ရပါတယ် ...





အရင်ပိုစ့် ....

ရန်ကုန် .. East Point Shopping Mall မှ waffle မုန့် ရောင်းတဲ့ စားသောက်ဆိုင်

6 comments :

စန္ဒကူး said...

စားချင်စရာလေး...
မုန့်ဖုတ်တိုင်းအဆင်မပြေဘူး...
မမသက် လုပ်ထားတဲ့ပုံကြည့်တာ အားရလိုက်တာ...
ပူပူနွေးနွေးလေးစားလိုက်ရရင်သိပ်အရသာရှိမှာ..

Thet Nandar Family said...

စန္ဒကူး ...

အဲဒီ YouTube ဗီဒီယို ပေါင်မုန့်ဖုတ်နည်း အတိုင်း မုန့်ဖုတ်ထားတာပါ ...

အမလည်း You Tube ကြည့်ပီး .... ပထမဦးဆုံး အကြိမ် ပေါင်မုန့်ဖုတ်ထားတာပါ ...

လွယ်လွယ်လေးပါပဲ ...

ပူတင်းပေါင်မုန့် .. ပဲပေါင်မုန့် .. အုန်းသီးပေါင်မုန့်တို့က ပူပူလေး စားမှ ပိုစားကောင်းတာ အမှန်ပါပဲ ...

ပန်းပွင့်ပုံ ပေါင်မုန့်ကတော့ မုန့်ဖုတ်ချိန် 350ºF မိနစ် 30 ဆိုရင် ပေါင်မုန့် ကျက်ပါပီ ...

အဲဒီ မုန့်ပဲ ဗီဒီယို ထဲကနဲ့ မတူတာပါ ...

ကျန်တာ အားလုံး တူတူပါပဲ ...

အိမ်လာလည် ကျေးဇူးပါနော် ....

မိသားစု အိမ်မှ ပေါင်မုန့် ပူပူနွေးနွေးလေး သုံးဆောင်ပါဦးရှင် ~~~~

သဉ္ဇာ - Thinzar said...

ပန်းပွင့်ပုံ ပေါင်မုန့်လေးက တော်တော်လှတယ်.. စားလို့ကောင်းမယ့်ပုံဘဲ.. စမ်းလုပ်ကြည့်ရမယ်.. youtube link အတွက် ကျေးဇူး :) sandwich maker နဲ့လုပ်တဲ့ sandwich ကို တစ်အားကြိုက်တယ်..

Thet Nandar Family said...

သဉ္ဇာ - Thinzar ....

စားလို့ကောင်းတယ် သဉ္ဇာ - Thinzar ...

Morning buns ပေါင်မုန့်အတွက်လေ .. အဲဒီ YouTube လင့်က အရမ်းလည်း လွယ်သလို သူ့ အညွန်းအတိုင်း ပေါင်မုန့်ဖုတ်တာ အရမ်းလည်း အဆင်ပြေတယ်။

YouTube မှာ တခြား လင့်တွေလည်း အများကြီးပါပဲ ...

ပြင်သစ်ပေါင်မုန့်လည်း ရှိသလို ..

ပေါင်မုန့်အတွင်းသားထဲမှာ sausage ထည့်ပီး ပေါင်မုန့်ဖုတ်ထားတာလည်း ရှိပါတယ်။

ကိုယ့် လည်း သဘောကျတယ် .. အိမ်မှာ .. ကိုယ့်ဘာသာ ကိုယ် မုန့်ဖုတ်စားတော့ ပျော်ဖို့လည်း ကောင်းသလို .. အင်တာနက်ပေါ်မှာ ကိုယ့်ရဲ့ ချက်နည်း အတွေ့အကြုံလေးတွေ share တာလည်း ကြိုက်တယ် ...

sandwich maker ကလေ .. ဒီမှာ ၉ ဒေါ်လာ ပဲ ပေးရပါတယ်။ သိပ် ဈေးမကြီးဘူး ..

ရန်ကုန်က ကော်ဖီဆိုင်တွေမှာ အဲလိုမျိုးလေး ထားပီး sandwich ရောင်းတာ စားဖူးလို့လေ ..

ကလေးတွေကလည်း သဘောကျတယ်။ အထဲမှာ ကြိုက်တဲ့ အစာ ပလာတွေ မျိုးစုံ ထည့်ပီး စားလို့ရတော့ အဆင်ပြေတယ် ....

Anonymous said...

Sis, i just did! Its really tasty n ez. Thx.

Thet Nandar Family said...

Anonymous ...

Yes, that's right.

YouTube .. how to make morning buns video is very easy .

Thanks for youtube and my guest.