Thursday, March 22, 2012

India Grocery Store, CT



ခွေးလေး အမွှေး ထူထူ လေးနဲ့ သန့်ပီး လှနေလို့ ဓာတ်ပုံ ရိုက်ထားတာ ..


လူလည်း တော်တော် ယှဉ်တယ် ... သနားပါတယ်။ သခင် ဈေးဝယ်နေတုန်း .. အပြင်မှာ ကျန်နေခဲ့တာ ... အဲဒီ နား တ၀ိုက်က လမ်းလျှောက်ပီး ဈေး လာဝယ်ပုံ ရတယ်။ ကားနဲ့ ဆိုရင်တော့ ကားပေါ်မှာ ဒီကောင်တွေကို ပြတင်းပေါက်ဖွင့်ပီး ထားတာ တွေ့ဖူးသေးတယ် ....


ဒန့်သလွန်သီး ... တထုပ်ကို $ 1.89


ပလာတာ .. ချပါတီ ... ရေခဲရိုက် ဟင်းသီး ဟင်းရွက် အမျိုးစုံ ရပါတယ် ...


ထက်ခြမ်းခွဲထားတဲ့ ဒန့်သလွန်သီးတွေလည်း ရပါတယ် ....
ငါးခေါင်းနဲ့ ဒန့်သလွန်သီး ချဉ်ရည် ချက်စား မလား ...
ဘဲဥ ... ဒန့်သလွန်သီး ချက်ပီး ဂေါ်ရင်ချီ မဆလာ အုပ်မလား ...
ငါးခြောက်ရိုး .. ဒန့်သလွန်သီး ဟင်း ချက်မလား ...
သီးစုံ ကုလားပဲဟင်းထဲမှာ ဒန့်သလွန်သီး ထည့်ချက်မလား ...
ဒန့်သလွန်သီးကို မဆလာ ချက် ချက်မလား ....
အမျိုးစုံ ချက်လို့ရပါသေးတယ် ...


နောက်ဆို .. မြန်မာက ပစည်းတွေ သွင်းလို့ရရင် ... ဒီလို အထုပ်မျိုးလေးတွေ ဒီမှာ အလွယ်တကူ ၀ယ်လို့ ရနေတော့မယ် မျှော်လင့်မိပါတယ် ....


သီးစုံ ကုလားပဲ အတွက် ပဲတောင့်ရှည် ၀ယ်မလို့ဟာ .. မှိုတက်ပီး နွမ်းနေတာနဲ့ ပဲတောင့်ရှည် မပါတော့ဘူး ....

( ဒီ ကုလားဆိုင်က အဲလို ပစည်းမျိုးကိုလည်း ဆက်ပီး ခင်းကျင်း ထားပီး ရောင်းနေသေးတာပဲနော် ... ဒီက ဆိုင်တွေဆို ... အဲလိုမျိုး မလတ်ဆတ်လို့ကတော့ အမေရိကားက လူတွေ ကွန်ပလိန်းတက်ပီး နေလောက်ပီ ... အေရှန်ဆိုင်မို့လို့နဲ့တူပါတယ် ... ကိုယ့် အဲဒီ ဆိုင်မှာ ဈေးဝယ်ရင် .. ရက်စွဲ ကို ကြည့်တယ် .. သူ့တို့က ရက်လွန်လည်း ပစည်းတွေ ပြန် မသိမ်း နိုင်ဘူး ... ရက်လွန် ပစည်း ဘယ်နားမှာ ရှိလည်း .. ပစည်း ဘယ်လောက် ကျန်နေလဲး ... ဆိုတာလည်း ကွန်ပြူတာ ဆော့ဝဲလ် ရှိပုံ မရဘူး .... ဒါပေမယ့် ... ၀ယ်လို့ ကောင်းတယ် ... ရိုးရာ အစားအသောက်တွေကို စုံလင်စွာ .. ဈေးလည်း သက်သာစွာ .. အလွယ်တကူ အမေရိကားမှာ ၀ယ်လို့ ရတဲ့ ဆိုင်မို့လို့ .. တခါ သွားဝယ်ရင် ဒေါ်လာ ၁၀၀ ကျော်တယ် .... ) 


နံပြား နှင့် ဘီစကစ် အထုပ်လေးတွေ ...


စပျစ်သီးခြောက်တို့ .. သီဟိုစေ့ .. ယိုမျိုးစုံ ...


နံပြား 


အုန်းသီး ဖတ် .. အုန်းသီးခြမ်း ... အုန်းသီး အမှုန့် .. အစုံ ရတယ် ...


အဲဒီ အုန်းသီးဖတ် ကို ကြော်ပီး ...


ထမနှဲ ထိုး ထားတာ 


ထမနှဲ ပိုစ့် လာမည်နော် ... မအားတာ တကြောင်း ... ချက်တာ အရမ်း လွယ်တာ တကြောင်း ... မို့ လို့ပါ ...

လက်ဆောင်အဖြစ် .. ဒယ်ဒီ အသိများကို ပီးခဲ့တဲ့ အပတ် ထဲက ပေးပီး ပီ .. အခု ထက်ထိ ထမနှဲ ပိုစ့် ဘလော့ပေါ် မရောက်နိုင်သေးဘူး ...း)

 
ဒီမှာ နေ့ခင်း နေ့လည်ဆို အိုက်လို့ အဲယားကွန်းတောင် ဖွင့်နေရပါပီ ... ညနေ .. ည .. မနက်စောစောလောက်ပဲ အေးတယ် ... 


ရှမ်းတိုက်ပုံလေး နှင့် သားသား .. ဟိုး အနောက်ဖက်မှာ ဆန်ထုပ်တွေ ...


သားသားကို ဓာတ်ပုံရိုက်လို့ .. သူ့က လက် နဲ့ ပြန်ပီး ဓာတ်ပုံ ရိုက်နေတဲ့ ပုံစံ 



ရိုက်တော့မယ်နော် ... SMILE .... :)


India အမွှေးတိုင် တို့ .. ဆီးမီးထွန်းတဲ့ မီးစာကြိုးတို့ အကုန်ရပါတယ် ...


ကောင်တာမှာ ပိုက်ဆံ ရှင်းနေတဲ့ အချိန် ...


ပါးချိုင့်လေး နဲ့ ပင်နီ အကျီ ၀တ်ထားသော ... သားသား


ဈေးဝယ်လို့ ပီးပါပီ ....


ဆိုင်ရှေ့ က အဆောက်အဦးများ 



သကြားရည် စိမ်ထားတဲ့ မလိုင်လုံး အညိုရောင် သံဗူး 


စားလို့ကောင်းတယ် ... ကိုယ် မလိုင်ကို အခြောက် ထက် ... အဲလို သကြားရည် စိမ်ထားတဲ့ အညိုရောင် မလိုင်လုံးကို ပိုကြိုက်တယ်။ ရေနွေးကြမ်း ခါးခါး လေး နှင့် အတူ တွဲစားရတာကို ...


India က လုပ်ပီး ဒီမှာ ပြန်ဖြန့်တာ .. နောက်ဆို ရွှေမြန်မာက ရွှေမြန်မာ အစားအသောက် ... ဒီလိုဗူးမျိုးတွေ .. ဒီမှာ မြင်ရတော့မယ် လို့ မျှော်လင့်မိပါတယ် ...
ပဲကြီးကို သံဗူး စည်သွပ်တာတို့ .. အမျိုးစုံပေါ့နော် ....


သကြားရည်စိမ်ထားတဲ့ မလိုင် အညို 


ကလေးတွေကို Mc donald လိုက်ပို့ 





ဘေးအိမ်က ကြောင်လေး လေ .. သူ့ကျန်းမာရေး ကို သူ့ ဂရုစိုက်ပုံ ရတယ် .. မြက်တွေကို ၀ါးနေတာလေ .. ဒီမှာ ကြောင်ဆေးပင် မရှိလို့ .. ရှိများ ရှိလို့ကတော့ ဒီ .. မြက်စားနေတဲ့ ကြောင် ကုနြေတောင် ဆည်နိုင်မှာ မဟုတ်ဘူး .. အတင်းကို လာတောင်းနေမှာ ... 
မြန်မာမှာ ကြောင်ဆေးပင် အသည် လာတုန်းက ဘေးနားအိမ်က ကြောင်လေ .. အနောက်ကနေ လိုက်သွားတာ ... ဈေးသည်ကလည်း မသိဘူး .. ကြောင် ပါ လာမှန်း .. နောက်တော့ အဲဒီ ကြောင် .. အိမ်ပြန်မလာတတ်လို့ .. သိတဲ့ တယောက်က ပြန်လိုက်ပို့ပေးရသေးတယ် .. ကြောင်တွေက အဲလောက်ထိ ကြောင်ဆေးပင်ကို ကြိုက်တာ ...
ကြောင်တွေမှာ ဖြစ်တဲ့ ရောဂါတွေလည်း ပျောက်တယ်လေ .. နေမကောင်းတဲ့ ကြောင်ကို ကျွေးရင် နေပြန်ကောင်းလာတယ် ....
ကြောင်တိုင်း ကြောင်ဆေးပင် ကို အရမ်းကြိုက်တယ် ...
တခါမှ မစားဘူးတဲ့ ကြောင်တွေတောင် .. ကြောင်ဆေးပင် မြင်တာနဲ့ သူတို့ ကျန်းမာရေး အပင်မှန်း သိတယ် ....

စကားချပ် : ကြောင်ဆေးပင် ကို valerian root နဲ့ တူပါတယ် ... ကိုယ် .. သေချာ ရှာ မကြည့်ရသေးပါဘူး။ မြန်မာလို ကြောင်ဆေးပင် ပဲ သိတယ်။ အင်္ဂလိပ် နာမည် မသိဘူး ...


ကြောင် က အဲဒီ အမြစ် နဲ့ လုပ်ထားတဲ့ ဆေးဗူးကို အငမ်း မရ လုနေတဲ့ 






maple ပန်းလေးတွေ ပွင့်လာပါပီ .. အချိန်က အရမ်းမြန်တယ် ....


တပင်လုံး ဓာတ်ပုံ ရိုက်ရင် နီရဲ တွတ်နေတာပါပဲ ...



ကျောင်းကား နှင့် မေဘဲလ်ပန်း

အခု ရာသီဥတု ပြောင်းသွားပီမို့ .. အနွေးထည်တွေ သိမ်း .. တခြား အိမ်အလုပ်လေးတွေ လုပ် ... မအားဘူး ကွယ် ... နေ့တိုင်း ပိုစ့် အသစ် မတက်လာရင် .. ဘေးနားမှာ .. တခြား ဘလော့လေးတွေ ရှိပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ် ...
ဒီမှာ ကလေး တွေ ကျောင်းကို .. ရာသီဥတု အပြောင်းအလဲ ရက်တွေ ဆိုရင် တပတ်လုံး နီးပါးလောက် နေ့တ၀က်ပဲ တက်ရတာမို့ .. အခု ရက်ပိုင်း ကလေးထိန်းနေရတာနဲ့ မအားဘူးကွယ် ...

... အရင်ပိုစ့် ...

India ဆိုင် .. Asia Grocer
India ဆိုင် .. Cosmos


Snow ကျနေတုန်းအချိန်က maple အဖူးလေးတွေ
maple အဖူးကနေ ပန်း စပွင့်တော့မယ့် အချိန်




2 comments :

mstint said...

ဈေးမဆစ်တတ်တဲ့တီတင့်အတွက်တော့ ဈေးနှုန်းကို တန်ဘိုးသတ်မှတ်ထားပြီး စနစ်တကျထုပ်ပိုးတာမျိုးကို သဘောကျတယ်။ ဒီတစ်ခေါက် နန္ဒာချက်တဲ့ဟင်း လာကြည့်ရင်း မရောက်ဖူးတဲ့နေရာတစ်နေရာရောက်ဖူးသွားတယ်။ မိသားစုအလိုက် ဈေးဝယ်ရတာ ကြည်နူးစရာနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thet Nandar Family said...

mstint :

အဲဒီဆိုင်မှာ ရောင်းတဲ့ ဈေးနှုန်းတွေကလေ .. ရန်ကုန်ထက် စာရင် .. ၂ ဆ လောက်ပဲ အနည်းဆုံး ရှိနေတတ်တာမို့ ၀ယ်လို့ ကောင်းပါတယ် ....

တချို့ ပစည်းတွေက ရန်ကုန်က ဈေးနဲ့ သိပ် မကွာ ပါဘူး ...

အိမ်လာလည်တာ ကျေးဇူးပါနော် ...

မမတင့် တယောက်လည်း ကျန်းမာပီး ပျော်ရွှင် ချမ်းမြေ့ပါစေ .....