Saturday, March 10, 2012

Chocolate Chip Cookie


  Chocolate Chip Cookie
 

မနက်စာ ကော်ဖီ နှင့် တွဲစားဖို့ ချောကလက် ကွတ်ကီးလေးပါ .... အိမ်က ကလေး ၂ယောက် ကတော့ အရမ်းကို ကြိုက်ပေါ့ ... သူတို့က ချောကလက် ပိုများတဲ့ ကွတ်ကီးကို ရွှေး စားနေကြပါတယ် ....

  
အိမ်မှာ ချက်သော ချောကလက် ကွတ်ကီးလေးများ 
 

လူကြီးများ အတွက် ချောကလက် ကွတ်ကီး ကြီးကြီးလေး နှင့် ချောကလက် များများလေး

ချက်၊ စားနည်း


Family Dollar ဆိုင်မှာ တွေ့လို့ ၀ယ်လာသော အတိုင်းအတာ ခွက် နှင့် ဇွန်းလေးများ ... ရန်ကုန်၊ စီးတီးမတ်မှာလည်း ၀ယ်လို့ ရပါတယ်။


ဟင်းချက်တဲ့ နေရာမှာ သုံးသော ဇွန်း - US 1$ ပဲ ပေးရတယ်။ 
အချိန်အတွက် ခွက် ကလေးတွေက US 1.5 $ ပဲ ပေးရတယ် ...


သစ်ကြားသီး ( အခွံမာသီး) အခွံခွါတာပဲ ဖြစ်ဖြစ်
အသားတွေ လှီးဖြတ်ချင်တာပဲ ဖြစ်ဖြစ်
ဝါယာကျိုး နှင့် အမျိုးမျိုးကို ဖြတ်လို့ရတဲ့ ကတ်ကြေး ... US 1 $ ပဲ ပေးရပါတယ်။ 

ကိုယ် .. အမေရိကားမှာ ယာယီလောက်ပဲ  နေထိုင်ချင်တာမို့ ( ကံတရားကတော့ ဘယ်လို လာမလဲး မသိပါဘူး ) ....
 ဈေးလည်း သိပ် မကြီးတဲ့ မီးဖိုချောင်သုံး ပစည်းလေးတွေ လောက်ပဲ ၀ယ်တတ်တယ်။ အရမ်း ဈေးကြီးတဲ့ smart kitchen appliances တွေတော့ မ၀ယ်ဘူး။ အရမ်းကို ဈေးကြီးတာပဲ ... ရာ ဂဏာန်းကနေ ဒေါ်လာ ထောင်ချီ နီးပါးလောက် ရှိပါတယ်။ 


ဒါလေးက ပေါင်မုန့်တို့ အီကြာကွေးတို့မှာ ထည့်တဲ့ Yeast ... ကိုယ့် FB ( USA ) a/c က တယောက်က morning burn ပန်းပွင့်ပုံ ပေါင်မုန့်ဖုတ် ထားတာ ကြည့်ပီး ပန်းပွင့်ပုံ ပေါင်မုန့် ဖုတ်ချင်လို့ ၀ယ်လာတာပါ။
အီကြာကွေးလည်း လုပ်လို့ ရပါတယ် .... လွယ်လည်း လွယ်တယ်။ အင်တာနက်ပေါ်မှာ morning burn ဆိုပီး ရှာလိုက်ရင် အလွယ်တကူ တွေ့နေရပါတယ် ...


ပေါင်မုန့် အပေါ်မှာ ဖြူးဖို့ နှမ်းလေးတွေလည်း ရှိပါတယ်။


ချောကလက် ကွတ်ကီး အတွက် ....

ထောပတ် - 1 cup
သကြား ( အဖြူ ) - 1/2 cup
သကြား ( အညို ) - 1 cup
vanilla extract - 1/2 tsp
ကြက်ဥ - ၂ လုံး
All purpose flour - 3 cups
Baking soda - 1 tsp
ဆား - 1/2 tsp
chocolate chip - 2 cups


ဒီတခေါက် ၀ယ်သော ဂျုံမှုန့် အထုပ် ....


ချိစ် ပေါင်မုန့် ချက်ပုံ ချက်နည်း အညွှန်း ...


ဂျုံမှုန့် တံဆိပ်


ဂျုံမှုန့် ဖြင့် ပြုလုပ်နိုင်သော မုန့် အမျိုးမျိုး 


သကြား အညို


သကြား အညို ဖြင့် ပြုလုပ်သော ကိတ်ခြောက် ပုံစံ ၊  မုန့်အ၀ိုင်း လုပ်နည်း အညွန်း 


chocolate chip


Baking soda - 1 tsp
ဆား - 1/2 tsp


vanilla extract - 1/2 tsp


သကြား ( အဖြူ ) - 1/2 cup


သကြား ( အညို ) - 1 cup


အရင်ဦးဆုံး oven ကို 375ºF ကြိုဖွင့်ထားလိုက်ပါတယ်။

မွှေမယ့် ကြွေဇလုံထဲ ...
ထောပတ် - အရည် - ၁ ခွက် ထည့်
ကြက်ဥ - ၂ လုံး
သကြား (အဖြူ ) - ၁/၂ ခွက်
သကြား ( အညို ) - ၁ ခွက်
ဗယ်နီလာ အမွှေးနံသာ - လက်ဘက်ရည်ဇွန်း တ၀က်

အရင်မွှေပီးမှ 

ဂျုံမှုန့် - ၃ ခွက် ထည့်မွှေပီးနောက် ...


chocolate chip - 2 cups 
  
ချောကလက် - ၂ခွက် ထည့်ပီး ရောမွှေထားလိုက်ပါတယ်။


ချောကလက် ထည့်မွှေအပီး ....


TBS - ထမင်းစားဇွန်း ပမာဏ ဇွန်းနဲ့ ကွတ်ကီး မုန့်နှစ်တွေ ခပ်ပီး ကွတ်ကီး မုန့်ဖုတ်တဲ့ စကူ (paper) ပေါ်မှာ ၁ လက်မခွဲ အကွာစီ နေရာချပေးထားလိုက်ပါတယ်။ 


ခပ်ကြီးကြီး ကွတ်ကီးတွေကိုတော့ ရေခဲမုန့် ခပ်တဲ့ ဇွန်းနဲ့ ခပ်ပီး တစ်လက်မခွဲ အကွာ စီ နေရာ ချပေးထားလိုက်ပါတယ် ....


ဇွန်းနဲ့ ခပ်တဲ့ အခါ အောက်ခြေနားမှာ ချောကလက်လေးတွေ စုနေတာ ပိုကောင်းတယ်။ ဒါမှ ကွတ်ကီး မုန့် ဖုတ်ပီးတဲ့ အခါမှာ ချောကလက်လေးတွေက ကွတ်ကီး မုန့်ချပ်ပေါ်မှာ ပေါ်နေမှာ ...

ကြိုဖွင့်ထားပီး .. ပူနေတဲ့ oven ထဲ မုန့်ဗန်းကို ထည့်ပီး 

375ºF - ( 13 minutes ~ 15 minutes )

oven ထဲကနေ ဖုတ်ပီးသား ကွတ်ကီးမုန့်တွေကို အပြင်မှာ ၃ မိနစ် ~ ၅ မိနစ် ထိ အအေးခံပီးရင် ... စားလို့ ရပါပီ ....


ကွတ်ကီး မုန့်ချပ်ပေါ်မှာ ပေါ်နေတဲ့ ချောကလက်လေးတွေနဲ့ ကွတ်ကီးမုန့်ထဲမှာ မြုပ်နေတဲ့ ချောကလက် လေးတွေ ...


ရေခဲမုန့် ဇွန်းနဲ့ ခပ်ပီး ကွတ်ကီး မုန့်ဖုတ်ထားတာမို့ ကွတ်ကီး မုန့် ခပ်ကြီးကြီး အနေအထား ...

အိမ်က ကလေးများက အရမ်းကြိုက်တယ်။ သူတို့ ကိုယ်တိုင် ကွတ်ကီးမုန့် ဖုတ်တဲ့ နေရာမှာလည်း ၀င်ကူညီပေးတယ်။ ကလေးတွေ လုပ်ချင် ကိုင်ချင်စိတ် ရှိတုန်း ... သူတို့ကို ကိုယ်တိုင် မုန့်ဖုတ်ခိုင်းလိုက်ပါတယ်။ ဒါမှ ချက်၊ ပြုပ်တဲ့ နေရာမှာ သူတို့ စိတ်ပါလာမှာပါ .... 

ကလေးတွေက ငယ်ငယ်လေးကတည်းက ဂျုံတွေနဲ့ အရုပ်လုပ်တာ ... ဂျုံတွေကို ပြားပြားလေး လိမ့်တာ ဆော့နေကျဆိုတော့ ... ကွတ်ကီးမုန့်လောက်က သူတို့ ဆော့နေကျ ကစားနည်းလို ဖြစ်နေတယ်။ 

ဂျုံ ပုံစံခွက်တွေကလည်း ကွတ်ကီးမုန့်ဖုတ်တဲ့ နေရာမှာ သုံးတဲ့ cookie cutter လေးတွေနဲ့ ပုံစံတူတယ်။ 


  Daylight saving time ....

အခုရက်ပိုင်း မအားတာနဲ့ ပိုစ့်တွေ မတင်ဖြစ်ဘူး ....
ဒီနေ့ည .. အမေရိကား ( အရှေ့ဘက်ခြမ်း ) ... မှာ အချိန် ၁ နာရီ ရှေ့တိုး မှာမို့ ... အမှီ တင်လိုက်တယ်။

ဟိုတလောက ... အောက်တိုဘာ စနိုး မုန်တိုင်း ကြောင့် စတိတ်မှာ မီးပျက်သွားတာမို့ ... 
11.06.2011 - 2:00 a.m - ၁ နာရီ အနောက်ဆုတ်တာမို့ 11.06.2011 - 1:00 a.m ဖြစ်သွားတယ်။ 
အမေရိကား ( အရှေ့ဘက်ခြမ်း ) ...မှာ အချိန် ၁ နာရီ အနောက်ဆုတ်တဲ့အချိန်တုန်းက အိမ်မှာ မီးပျက်နေလို့ ပိုစ့် မတင်ခဲ့ရဘူး ...

ဒီတခေါက် ... အချိန် ၁ နာရီ .. အရှေ့တိုး တဲ့ နေ့ရက်မှာ .. အိမ်မှာ မီးလာတယ်။ 
အဓိက က ... ကိုယ့် ဆီမှာ 3.10.2012 - 2:30 a.m ဆိုတာ မရှိပါဘူး ...
ဒီည ... 3.10.2012 - 2:00 a.m အချိန်မှာ 3:00 a.m တန်းဖြစ်သွားမှာပါ .... 

ဒီညဆို စင်ကာပူ အချိန်နဲ့ ပြန်တူသွားတော့မှာပါ ... နေ့ နှင့် ည ပဲ ကွာတယ်။ အချိန် ကတော့ တူနေမှာပေါ့နော် ...

နေ့တာတိုပီး ညတာ ရှည်တဲ့ လတွေက တစ်နာရီ အနောက်ဆုတ်ပီး 
နေ့တာရှည်ပီး ညတာတိုတဲ့ လတွေက တစ်နာရီ အရှေ့တိုးသွားတယ် ....


အရင်ပိုစ့်

စပျစ်သီးခြောက် ကွတ်ကီး နှင့် အသဲပုံ ကွတ်ကီး
သမီး Angel ကိုယ်တိုင် လုပ်ထားသော 2012 အတွက် သမီးရဲ့ မွေးနေ့ကိတ်မုန့်
ခရစ်စမတ် ကွတ်ကီး

  မီးမရှိတဲ့ မြို့တော် CT ... Connecticut - Medical University - Ucon 
2011, October Snow Storm နောက်ပိုင်း ...  Connecticut မြို့ရဲ့ အခြေအနေ



ကိုယ် မအားလို့ .... မုန်ညင်းချဉ်ဟင်းရည် ပိုစ့် နှင့် ကြက်ခြေထောက် ချဉ်စပ် ဟင်းရည်ပိုစ့် နောက်များမှ တင်ပါမည် ... ကိုယ့် ဘလော့ side bar မှာ Recipe blog များ အများကြီး ရှိပါသည် ...

4 comments :

Candy said...

စားချင်စရာကြီး..
ဟုတ်တယ် တီတီ.. လုပ်ခိုင်းတဲ့အကျင့်ရှိတော့ ကလေးလေးတွေလည်း လုပ်တတ်တာပေါ့.. နို့မို့ဆို ကန်ဒီ့လိုဖြစ်သွားမယ် ဟီးဟီး

အချိန်တွေက အဲ့လိုတွေလား ရှေ့တိုးနောက်ဆုတ်တွေ.. ဒါဆိုအချိန်တွေ ပျောက်နေမှာပေါ့ :P :D

Thet Nandar Family said...

)¯ `·.“\./”.·´¯(
`(_.·´'( )'`·._)´¸.·´¸.·´`)
¸.·´ ¸.·´
(¸.·´Candy ...

ကလေးတွေက သူတို့ ဂျုံ အရုပ် လုပ်ပုံ လုပ်နည်းနဲ့ တူနေတာလေ ...

မာမီက ဂျုံ ကို ဒလိမ့်တုံးနဲ့ လိမ့်နေတာ တွေ့ရင် .. တူတူပဲ ... တူတူပဲ ဆိုပီး အတင်းကို ဂျုံ ဆော့နေချင်တော့တာ ...☺ cookie cutter လေးတွေနဲ့ ဖြတ်တာလည်း .. သူတို့ အရုပ်တွေ အတိုင်းပါပဲ ...

╭━━╮┈┈╭━━╮┈┈╭━━╮
┫┛┗┣╮╭┫┛┗┣╮╭┫┛┗┣╮
╯╰╯╰┛┗╯╰╯╰┛┗╯╰╯╰┛
╱▔▔╲┈┈╱▔▔╲┈┈╱▔▔╲
╱▏▕╲╲╱╱▏▕╲╲╱╱▏▕╲
╱▔▔╲╰╯╱▔▔╲╰╯╱▔▔╲


ဟုတ်ပါ့ ... မနေ့ညက တနာ၇ီ လောက် အချိန်ပျောက်နေတော့ ... တီတီ မနေ့ည က အိပ်ချိန် တနာရီလောက် လျှော့သွားတယ် ...

မနေ့ည အိပ်ချိန် ⌚ ၁၀ နာရီ အိပ်လိုက်တယ်ဆို ..

ဒီနေ့ မနက် ၆ နာရီ ထတော့ အရင်ညတွေလို အိပ်ချိန် ၈ နာရီ မဟုတ်တော့ပဲ ⌛ ၇ နာရီလောက်ပဲ အိပ်လိုက်ရတယ်။ ဟီး ဟီး :P ㋡ ㋡

۩ အိမ်လာလည်တာ ကျေးဇူးနော် Candy ⒸⒶⓃⒹⓨ .....

san htun said...

ကျောင်းမှာလည်း အဲဒီကွတ်ကီး ကျွှေးတယ်...လွယ်သားနော်..

Thet Nandar Family said...

San Htun ....

ဟုတ်တယ် .. ကွတ်ကီးမုန့်ကလေ .. ဖုတ်ရတာ လွယ်လွယ်လေးပါပဲ ... မုန့်ဖုတ်တာလည်း အလွန်ဆုံး ၁၅ မိနစ်လောက်ပဲ ကြာတာမို့ မုန့်ဖုတ်တာလည်း မြန်တယ် ....