Friday, March 16, 2012

ဝက်သားချဉ်


ဝက်သားချဉ်သုပ်


ရှောက်ရွက်နှင့် ချဉ်၊ ငံ၊ စပ် သုပ်ထားသော ၀က်သားချဉ်သုပ်


အေရှန်ဆိုင်က ၀ယ်လာသော ၀က်သားချဉ် ဌက်ပျော်ဖက်အထုပ်


ဌက်ပျော်ဖက်ရွက် ကို ဖြည်လိုက်ရင် မြင်တွေ့ရပုံ 


ပါဝင်ပစည်းများ


ရွှေမြန်မာက ၀က်သားချဉ်က ထမင်းနှင့် ချဉ်ထားတာပါ ... ဒီ ဗီယက်နမ် ၀က်သားချဉ်က ကော်မှုန့် ( corn starch ) နှင့် ပြုလုပ်ထားပီး .. ငရုတ်ကောင်းမှုန့်ကို အစေ့လိုက် ထည့်ထားပါတယ် ...


လေးထောင့် ပုံစံ အတုံးသေးသေးလေး လှီးစိတ် အပီး ... .. ...


ဒီ ဗီယက်နမ် ၀က်သားချဉ် က ထမင်းနဲ့ မချဉ်ထားပဲ ကော်မှုန့် နဲ့ ချဉ်ထားတော့ သိပ်မချဉ်ဘူး ... 
သူ့ချဉ်း သပ်သပ် စားရင်တော့ sausage လိုလို ... ၀က်သားလိပ် လို လို ... တမျိုးလေးပဲ ... စားလို့ ကောင်းပါတယ် ... 
သူ့က မချဉ်လို ... သံပုရာသီး ထည့်သုပ်ပါတယ် ... 
ရှောက်ရွက် အနံမွှေးမွှေးလေးနဲ့ သံပုရာ အချဉ် ပေါင်းစပ်ပီး 
ငရုတ်သီး ဆီချက် လည်း ထည့်သုပ်ထားသလို ... ကြက်သွန်ဖြူ ဆီချက်ပါ ထည့်သုပ်ထားလိုက်ပါတယ် ...
အရသာ ပိုကဲအောင် ငါးငံပြာရည် အချို၊ ကြက်သား အရသာ ဟင်းခတ်မှုန့် နှင့် အတူ ဆားနည်းနည်း .....
ပါးပါးလှီးထားသော ကြက်သွန်နီ များဖြင့် သုပ်ထားသော ၀က်သားချဉ် အသုပ် ....

ရန်ကုန်က ၀က်သားချဉ် ကျတော့ ကြက်သွန်ဖြူ ဆီချက်ပဲ ဆမ်းပီး ကြက်သွန်ဖြူ သို့မဟုတ် ဂျုးမြစ် ကိုက်ပီး စားတယ် ...

ဒီ ၀က်သားချဉ်ကတော့ .. .. .. အရသာ တမျိုး ...

ကိုယ့် က ချဉ်၊ ငံ၊ စပ်လေးမှ ပိုကြိုက်တယ် ... ... ...


ရှောက်ရွက်နု နုလေးတွေကို ပါးပါးလှီးညှပ်ပီး ထည့်သုပ်ထားတာမို့ ပိုမွှေးပီး စားလို့ကောင်းတယ်။ 


.. .. .. အရင်ပိုစ့် .. .. ..

ငါးအသားလုံးကြော်သုပ်
ကြံခင်း ထမင်းသုပ်
ရှောက်ရွက်ဖြင့် သုပ်ထားသော ၀က်နားရွက်သုပ်
မယ်ဇလီဖူးသုပ်
သင်္ဘောသီးသုပ် 
သင်္ဘောသီးထောင်း
သင်္ဘောသား ၀က်သားသုပ်
ဝက်သားသုံးထပ်သားသုပ်
ဝက်သားသုပ်
ပဲကြာဇံသုပ် ကြက်သားသုပ်
ကြာဇံဟင်းခါး၊ ရှောက်သီးသုပ်
သရက်သီးစိမ်း ငပိဖုတ်သုပ်
Ham Salad
ပုန်းရည်ကြီးသုပ် 
ပုန်းရည်ကြီး ထမင်းသုပ်
သရက်ချဉ်သုပ်
နာနတ်သီး ငပိဖုတ်သုပ်






0 comments :