Saturday, March 24, 2012

မင်္ဂလာ မနက်ခင်းလေး



သစ်တောက်ဌက်လေးပါ .. မနက် .. ဆို .. သူ အသံ အရင်ကြားရပါတယ် ... 
ကိုယ့်ရဲ့ အမေရိကား  မနက်ခင်း  အသံလေးတွေပါ ...

( 2012 ) မတ်လ ၂၄ ရက်နေ့က ရိုက်ထားတဲ့ ဗီဒီယို ...

သစ်တောက်ဌက်လေးက သေးသေးလေး ... 


Woodpecker in Connecticut, USA ( Photo ) 

ဗီဒီယိုမှာ အလယ်နားလေးမှာ Y ပုံစံ သစ်ကိုင်း အောက်နားက ဌက်လေး သေးသေးလေး သစ်ပင်ကို နှုတ်သီးနဲ့ တတောက်တောက် ခေါက်နေပါတယ် ... Maple ပန်းတွေလည်း မတ်လဆို တော်တော်လေး ပွင့်နေပါပီ .. ခပ်ဝေးဝေး ကနေ ကြည့်ရင် .. တပင်လုံး နီနေတာမို့ လှပါတယ်။ 

ရန်ကုန်က စိန်ပန်း အနီ လည်း လှတယ်။ နွေဆို စိန်ပန်း အ၀ါရောင် အပင်တွေကြားထဲမှာ စိန်ပန်း အနီ တပင် .. တ လေများ တွေ့မြင်ရင် .. အရမ်းသဘောကျတာပဲ .. ရန်ကုန်မှာ စိန်ပန်း အနီပင်က ရှားတယ်လေ ...

ပန်း အ၀ါလေးတွေက ကိုယ် အခုမှ စ .. စိုက်ထားတာပါ .. Spring season ဆိုရင် အပင်တွေ စိုက်လို့ကောင်းတဲ့ ရာသီမို့ ပန်းလေးတွေ စ စိုက်ထားလိုက်တယ် ...


ဒါက ကိုယ့်ရဲ့ ရွှေမြန်မာက မနက်ခင်း  မင်္ဂလာရှိတဲ့ အသံလေးတွေပါ ...


ဒီ ၀ပ်ဆိုဒ်လင့်မှာ click နှိပ်ကြည့်လိုက်ရင် ရန်ကုန်မှာ မနက် ခြောက်နာရီဆိုရင် အိမ်ဘေးနားက ... ဘုန်းကြီးကျောင်းမှ ...  အရပ်ရှစ်မျက်နှာ မေတာပို့သံ ကို မင်္ဂလာရှိ စွာ ကြားရမှာပါ ...

၂၀၀၈ ခုနှစ်တုန်းက ရိုက်ထားတဲ့ ဗီဒီယို  ....

ရန်ကုန် မနက်ခင်း ရှုခင်း .. ဆိုက်ကား၊ ကား၊ ညာဘက်ခြမ်းက စူပါ ကော်ဖီမစ်ရဲ့ ခြံဝင်းထဲမှာ ကုန်တင်ကား အလတ်စားလေးတွေပါ ... ကော်ဖီမစ်တွေ လိုက်ဖြန့်တဲ့ ကားလေးတွေ ... အဲဒီ အိမ်ရာဝင်းက ပေ ၄၀ x ပေ ၆၀ မြေကွက် ခြံဝင်းလေးတွေ .. အေးအေးချမ်းချမ်းရှိတယ် ...

လမ်းမ ဘက်ခြမ်းက မြန်မာ ပိသုကာ ပုံစံ အဆောက်အဦးက ဘုန်းကြီးကျောင်းပါ ...

မနက် ၆ နာရီ တကြိမ် နှင့် ည ၉  နာရီ တကြိမ် အရပ်ရှစ်မျက်နှာ မေတာပို့ ဆုတောင်းသံကို လော်စပီကာ နှင့် ဖွင့်တတ်ပါတယ် .....

ခြံတွေ အနောက်နား .. ဟိုး အဝေး က အိမ် အမြင့်ကြီး ကွန်ဒို အဆောက်အဦးကတော့ ILBC ရဲ့ ကျောင်း နောက်တခု YIS ပါ ... ညာဘက်ခြမ်း မြူတွေ ဆိုင်းနေတဲ့ ခပ်ဝေးဝေး က မီး ဆလိုက်တိုင်ကြီးတွေက သုဝဏ ဘောလုံး ကွင်းပါ .. မြူတွေ နဲ့မို့လို့ သိပ် ကွဲပြားစွာ မမြင်ရတာပါ ...

အချိန်နဲ့ အတူ ... တည်နေရာ ပြောင်းလဲသွားတဲ့ ကိုယ်ရဲ့ မနက်ခင်း ...
 ပြင်ပက လာတဲ့ မင်္ဂလာ အသံလေးတွေ ပါ ...


*** အရင်ပိုစ့် ....

2 comments :

MonMonYoKo said...

good morning,Ma....
မင်္ဂလာအပေါင်းနဲ.ပြည်.စုံပါစေ။

Thet Nandar Family said...

Mon Mon Yo Ko ....

Thank You Ma Mon ...

Have a nice day !!!