Tuesday, March 6, 2012

ကီးမားပလာတာ


 Keema paratha  


အမဲသား ကီးမားပလာတာ ( ကတ်ကြေးဖြင့် မညှပ်ရသေး ) နှင့် အချဉ်


ကီးမားပလာတာနှင့် တွဲစားဖို့ အချဉ်


ဒယ်ဒီ ကြော်တဲ့ ကီးမား ပလာတာပါ ။ Ready made ဂျုံ နဲ့ ပလာတာ လုပ်ပီး အထဲမှာ နှုတ်နှုတ်စင်းပီး ချက်ထားတဲ့ အမဲသား၊ နှုတ်နှုတ်စင်းထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ကုလားလေး မဆလာ ထည့်ပီး .... ပလာတာ ဂျုံကို လေးထောင့် ပြန်ခေါက် ... ကြော်ထားသော ကီးမားပလာတာ ဖြစ်ပါတယ်။


အချဉ်အတွက် ... ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ပူစီနံ၊ သံပုရာသီး ....


ဒယ်ဒီ ကြော်သော ကီးမားပလာတာ အတွင်းပိုင်းပါ ... ဘယ်လို အရသာလည်း ဆိုရင် စားလို့ကောင်းတယ်။ ရန်ကုန်က ကီးမား ပလာတာ အတိုင်းပါပဲ၊ အထဲမှာ ဆိတ်သား ( သို့မဟုတ် ) အမဲသား နှင့် အတူ ကြက်ဥ အစိမ်း တလုံးလောက် ဖောက်ထည့်ပီး ဒယ်ပြားမှာ ကြော်တဲ့ အခါ ပလာတာကို ကြော်တဲ့ အခါသုံးတဲ့ ဇွန်းနဲ့ ဖိ ဖိပီး ... ဟိုဘက် ဒီဘက်လှန် ကြော်ပေးရင် ပလာတာ အတွင်းပိုင်း လည်း အကျက်ညီသလို အသားနဲ့ ပလာတာ ဂျုံ အရသာလည်း ပေါင်းသွားတော့ ပိုစားကောင်းပါတယ်။ အချဉ် ... ပူစီနံ၊ သံပုရာ၊ ငရုတ်သီးစိမ်းလေးနဲ့ဆို အလိုက်ပေါ့နော် ...

6 comments :

Ladybug said...

Hi Aunty,

Can you please write the detailed procedure of making keema paratha, especially the paratha making part? Both I and my bf love keema parath. Unfortunately, we cannot find keema which looks and tastes like the one we used to eat in Yangon. There are some so called keema naans in Pakistan restaurants,but not keema paratha. Paratha in your picture looks very similar to the keema paratha in yangon. I'd appreciate it if you can share the step by step procedure. Thanks a lot!

Ladybug said...

Hi Aunty,

Can you please write the detailed procedure of making keema paratha, especially the paratha making part? Both I and my bf love keema parath. Unfortunately, we cannot find keema which looks and tastes like the one we used to eat in Yangon. There are some so called keema naans in Pakistan restaurants,but not keema paratha. Paratha in your picture looks very similar to the keema paratha in yangon. I'd appreciate it if you can share the step by step procedure. Thanks a lot!

Ladybug said...

Hi Aunty,

Can you please write the detailed procedure of making keema paratha, especially the paratha making part? Both I and my bf love keema parath. Unfortunately, we cannot find keema which looks and tastes like the one we used to eat in Yangon. There are some so called keema naans in Pakistan restaurants,but not keema paratha. Paratha in your picture looks very similar to the keema paratha in yangon. I'd appreciate it if you can share the step by step procedure. Thanks a lot!

Thet Nandar Family said...

Ladybug .....

Daddy ချက်တာပါ ....

အန်တီ ... ဒယ်ဒီ ချက်တာကို ကြည့်လိုက်တာတော့ လွယ် .. လွယ်လေး ပါပဲ ....

ပလာတာက Ready made ဂျုံကို သုံးထားတာပါ ....

အထဲက အစာ အတွက် အမဲသားကို နှုတ်နှုတ်စင်းပီး ဟင်းခတ် အမွှေးအကြိုင်များနဲ့ အသင့် ချက်ထားပီးမှ ...

အ၀တ်စို နဲ့ အုပ်ထားတဲ့ Ready made ဂျုံ အလုံးလေးကို လက်ချောင်းနဲ့ ဖိ ဆွဲ ... ဖြန့် ပီး ဒလိမ့်တုံးနဲ့ လိမ့် .... ဂျုံကို အတတ်နိုင်ဆုံး ခပ် ပါးပါး အနေအထား ...

ပီးမှ ချက်ထားပီးတဲ့ အမဲသား နှုတ်နှုတ်စင်း ... ကြက်သွန်နီ ... ငရုတ်သီးစိမ်း ... ထည့်ပီး လေးထောင့်ပုံစံ ပြန်ခေါက်ပါတယ် ...

( စကားမစပ် .. ရန်ကုန် နှင့် မန်းတလေးက ကီးမား ပလာတာမှာ ... အထဲမှာ ကြက်ဥ အစိမ်း တလုံးကို ဖောက်ထည့်ပီး အသားနဲ့ ကြက်ဥကို ရောမွှေပေးလိုက်ပါတယ် ) ...

ကြော်တဲ့ အခါမှာ .. ပလာတာ အတွင်းပိုင်း အနေအထားလည်း ကျက်အောင် .. ပလာတာ ဂျုံ အရသာ နှင့် အတူ အထဲမှာ အစာသွင်းထားတဲ့ အသားများနှင့် ရောပီး အရသာ ရှိအောင် ... ဒယ်ပြားမှာ ကြော်တဲ့ အခါ ပလာတာကို ကြော်တဲ့ ယောက်မဇွန်းနဲ့ အလယ်ကနေ ဖိ ဖိ ပီး ကြော်ပေးတဲ့ အခါ ... ဟိုဘက် ... ဒီဘက်လည်း အကျက်ညီ သလို ... အထဲက အစာ ပလာ တွေနှင့် အတူ ပလာတာ ဂျုံ အတူတွဲပီး ကျက်တာမို့ ... ပို အရသာ ရှိပါတယ် ...

ရန်ကုန်မှာ ...

၁ )))) အနော်ရထာလမ်း နှင့် မောင်ထော်လေးလမ်းက " ပလာတာ ရိုးရိုး ... ကီးမား ပလာတာ ... ပဲ ပလာတာ " ကို နေ့လည်ပိုင်းကနေ ညပိုင်း အထိ ရောင်းတာ ၀ယ်စားဖူးသလို ....

၂ ))) လသာလမ်းထိပ် ( မဟာဗန်ဓုလလမ်း နှင့် ကမ်းနားလမ်းကြား ) က ကီးမား ပလာတာ နှင့် ဆိတ်သားကင် ကို အရမ်းပဲ ကြိုက်လို့ ... 2002 ~ 2011 အမေရိကား မထွက်လာခင် အချိန်ထိ ... တရုတ်တန်း ကို ရောက်ဖြစ်တိုင်း ၀ယ်စားဖူးပါတယ် ....

၃ )))) လမ်းထဲမှာ တွန်းလှည်း နှင့် လာရောင်းသော ပဲပလာတာ၊ ကြက်ဥပလာတာ၊ လမ်းသရဲပလာတာ၊ ကီးမားပလာတာ ကတော့ ရန်ကုန်မှာနေတုန်းက အမြဲတန်း ၀ယ်စားဖြစ်ပါတယ် ...

အန်တီ ... ရန်ကုန်မှာ နေစဉ်တုန်းက ၀ယ်စားသော ... လမ်းသရဲပလာတာ နှင့် ကြက်ဥပလာတာ ဓာတ်ပုံ ပါသော ဘလော့ပိုစ့် .... လမ်းသရဲပလာတာ ( http://thiriyatanar.blogspot.com/2009/11/blog-post_9630.htmlဒီနေရာမှာ ကလစ်နှိပ်ပါ )

ကီးမားပလာတာ အတွက် ဆိုရင် Google က သင့်ကို အကူအညီ ပေးပါလိမ့်မည် ..... :P

Google မှာ Keema Paratha Recipe ဆိုပီး ရိုက်လိုက်ပါ ....

စာ နဲ့ ဖတ်ချင်ပါသလား ???

YouTube မှာ ဗီဒီယို ကြည့်ချင်ပါသလား ... ???

india ... pakistan က စာဖိုမှုးများ ကိုယ်တိုင် လက်စွမ်းပြ ချက်ထားသော ဗီဒီယိုများ ကြည့်ရပါမည် ... :P

နောက်ထပ်ပီး မန်းတလေး က နာမည်ကျော် တင်ဝင်း ဆိုင်မှ ကီးမားပလာတာ လုပ်ပုံ လုပ်နည်း ကိုလည်း YouTube မှာ ကြည့်လို့ရပါသေးတယ် ...

မန်းတလေးမှ တင်ဝင်း ... ကီးမားပလာတာ ( http://youtu.be/W0YXiisnIXc ဒီနေရာမှာ ကလစ်နှိပ်ပါ )

သမီး ရေ .. တခု ခု စားချင်တာဆို ... google နှင့် youtube မှာ သာ ရှာကြည့်လိုက်ပါ ... လွယ်လွယ်လေး နော် ...

တီတီ ... တခုပဲ ကူညီ နိုင်တာ ဆိုလို့ ...

ဥပမာ .. သမီးက ပလာတာ ဂျုံကို ကိုယ်တိုင် လုပ်မယ်ဆိုရင် .. အဲဒီ YouTube ပလာတာ လုပ်နည်း၊ ပူတီ လုပ်နည်းမှာ သေချာ ကြည့်ပါ ...

လက်တဖက်က ခွက်ထဲမှာ ရှိတဲ့ ဂျုံမှုန့် နှယ်နေရင်း .. ကျန်လက်တဖက်က ရေ ကို ဖြည်းညင်းစွာ ထည့်ပီး ဂျုံ နှယ်သွားပါ ...

( အဲဒါလေးက မိန်းပွိုင့်ပါပဲ )

အဲဒီ ဂျုံမှုန့် အချိုးအစားပဲ ... အဲဒီ ရေ ပမာဏ ပဲ ဆိုပေမယ့်လည်း ... ဂျုံမှုန့်ထည့် .. ရေ တခါတည်း တန်းထည့်ပီး မွှေကြည့်ပါ ... မတူပါဘူး ...

BTW ....

ဒီမနက် ဘလော့ကို ဖွင့်လိုက်တော့ comment တွေ အများကြီး တွေ့လို့ လန့်တောင် သွားတယ် ....

အန်တီ ဘလော့က comment ရတာ နည်းတယ်လေ ....

blog မှာ comment တွေကို စီစစ်ပီးမှ တင်တာမို့ blog owner ... approve ဖြစ်မှ comment တက်လာမှာပါ ....

အန်တီ ... တရားရုံးပေါ်က ဆယ်ကျော်သက် 17 နှစ် အရွယ် TJ Lane ဓာတ်ပုံ တွေ ... ဗီဒီယိုတွေ အင်တာနက်ပေါ် မတင်ရဘူးလည်း ပြောသေးတယ်။ အခု abc news က တင်ထားတဲ့ ဗီဒီယို သွားကြည့်နေတာပါ ... တီဂျေကတော့ အေးအေးဆေးဆေးပဲ ... ဒီ အပြစ်ကင်းစင်တဲ့ မျက်နှာပိုင်ရှင်လေးက သက်တူ ရွယ်တူ ၃ယောက်ကို သတ်ခဲ့တယ်ဆိုတာ ယုံနိုင်စရာ မရှိပါလား ... တီဂျေ ( 02.27.2012 )

မနေ့ကနဲ့ ဒီနေ့ new Ipad ကိုလည်း သွားကြည့်နေတာ ... မတ်လ ၁၆ ရက်နေ့ ထွက်မှာ ... ၀ယ်ရင်း ကောင်းမလားလို့ ...စဉ်းစားနေတုန်း ....

Ladybug said...

Hello Aunty,
Thanks so much for taking time to explain the details. I'll try it once I get spring break. I've been itching to try it for so long. I searched some keema recipes on youtube before. But, I felt like these keemas don't look like yangon keema. I guess I am just so obsessed with yangon food. lol. Love the video of Mandalay Tin Win keema you gave. These guys in the video are such experts.
Aunty, you are so lucky for having a hubby who can cook well. Anyway, thanks to both of you. Get a new iPad, it looks so awesome! I am still waiting for iPhone 5. It's taking forever to come out :(

Thet Nandar Family said...

Ladybug ✾◕‿◕✾ ....


♥░♥░♥░♥░♥░♥░♥░♥░♥░♥░,♥░♥░♥░♥░♥░♥░♥░♥░♥░♥░♥
░▄▀▀▄▀▀▄░░░░░░░░░░░░░░░░░░░░░░░▄▀▀▄▀▀▄░
░▀▄───▄▀░░░HAPPY WOMEN'S DAY ♥░░░▀▄───▄▀░
░░░▀▄▀░░░░░░░░░░░░░░░░░░░░░░░░░░░▀▄▀░░░
♥░♥░♥░♥░♥░♥░♥░♥░♥░♥░,♥░♥░♥░♥░♥░♥░♥░♥░♥░♥░♥


WOMEN'S DAY
╭━━╮┈┈╭━━╮┈┈╭━━╮
┫┛┗┣╮╭┫┛┗┣╮╭┫┛┗┣╮
╯╰╯╰┛┗╯╰╯╰┛┗╯╰╯╰┛
╱▔▔╲┈┈╱▔▔╲┈┈╱▔▔╲
╱▏▕╲╲╱╱▏▕╲╲╱╱▏▕╲
╱▔▔╲╰╯╱▔▔╲╰╯╱▔▔╲
March 8


အန်တီ သမီး အတွက် ၀ယ်ပေးမလို့ပါ ... ဒယ်ဒီ ဆီမှာတော့ iphone 4S - 32 GB ရှိတယ်။

သမီးအတွက် .... စဉ်းစားတုန်း ... အခု ... အွန်လိုင်းမှာ တချို့က ... အဟောင်းနဲ့ သိပ်မကွာဘူး ... တွေကော .. ဈေးကျတော့ ကွာတယ်နော် ....

3G မပါတဲ့ 16 GB စဉ်းစားနေတာ ... ကီးမား ကနေ ... ipad ရောက်သွားတာ ... ဆောရီး ပါ ... ဟီး ဟီး ...

အခု လတ်တလော ... အဲဒီဟာ အရမ်း စိတ်ဝင်စားနေမိလို့ပါ ....

ipad price - http://www.huffingtonpost.com/2012/03/07/ipad-hd-apple-features-specs-release-date-price_n_1324522.html?ref=fb&src=sp&comm_ref=false