Saturday, April 7, 2012

ရွှေတောင်ခေါက်ဆွဲ


ရွှေတောင်ခေါက်ဆွဲ


ရွှေတောင်ခေါက်ဆွဲ နှင့် ဟင်းရည်


ရွှေတောင်ခေါက်ဆွဲ ( နှယ်ပီး ပုံ )


ရွှေတောင်ခေါက်ဆွဲ အတွက် - ကြက်သား အုန်းနို့ဟင်း


ခေါက်ဆွဲဖတ်


ခေါက်ဆွဲ အလုံး နှင့် မုန့်ပြင်ထားသော ရွှေတောင်ခေါက်ဆွဲ


ကြက်သား အုန်းနို့ စိမ့်စိမ့်လေး ထည့်ပီး .... ချဉ်၊ ငံ၊ စပ် ( သုပ်ပီး ပုံ )


ခေါက်ဆွဲ အပြား ( အပြား အသေး )


ခေါက်ဆွဲ အပြား သေး နှင့် ပြင်ဆင်ထားသော ရွှေတောင်ခေါက်ဆွဲ ပန်းကန်


ငရုတ်ကောင်းမှုန့် ခတ်ထားသော ကြက်သားပြုပ် ဟင်းရည်


ကြက်သွန်ဖြူ ဆီချက် နှင့် ကုလားပဲ အကျက်မှုန့်


မုန့်ကြွပ်ကြော် ( ရွှေတောင်ခေါက်ဆွဲမှာ ထည့်စားလေ့ ရှိတဲ့ မုန့်ကြွပ်ကြော် အသေး မရှိလို့ အုန်းနို့ခေါက်ဆွဲမှာ ထည့်စားသော မုန့်ကြွပ်ကြော် )

နောက်တနည်း - ခေါက်ဆွဲဖတ်ကို ကြော်ပီး မုန့်ကြွပ်ကြော်လည်း လုပ်လို့ ရပါသေးတယ်။ 

(ရေနွေးဖြောထားတဲ့ ခေါက်ဆွဲ အစိုကို ဇကာ နှင့် ရေစစ်ပီး ဆီပူထဲမှာ ကြွပ်နေအောင် ကြော်လို့လည်း ရပါသေးတယ် )


ရွှေတောင်ခေါက်ဆွဲ အတွက် အဆင်သင့် ....


**** ချက်၊ စားနည်း  *****



ဒါက ကြက်ဥ ခေါက်ဆွဲပါ ... သူ့ကို ဆီချက်ခေါက်ဆွဲတွေမှာ ထည့်စားတာမျိုး .... အမဲအူပြုပ်လို စွပ်ပြုပ်မှာ ထည့်စားတာမျိုး ပိုကောင်းပါလိမ့်မယ်။
ဒီခေါက်ဆွဲ နှင့် ရွှေတောင်ခေါက်ဆွဲ ချက်စားလည်း ပိုစားကောင်းပါတယ်။
ကိုယ့် ဆီချက် ခေါက်ဆွဲ ချက်စားဖို့ အစီအစဉ် ရှိလို့ သူ နဲ့ ရွှေတောင်ခေါက်ဆွဲ မစားဖြစ်တာပါ .... :)


အိမ်မှာ ရှိတဲ့ မုန့်ဖတ်တွေထဲက ရွှေတောင်ခေါက်ဆွဲအတွက် မုန့်ဖတ် ရွှေးနေတာပါ ...


ဒီမုန့်ဖတ်က ရေနွေးပွက်ပွက်ဆူထဲ ၃ မိနစ်လောက် ပြုပ်ပီး ဇကာ နဲ့ ရေစစ်ထားလိုက်ရင် ရပါပီ ...


ခေါက်ဆွဲ ၂ မျိုး


ခေါက်ဆွဲ ၃ မျိုး


spaghetti ခေါက်ဆွဲ အပြား အသေးလည်း ရှိပါသေးတယ်။

ကိုယ့်ရဲ့ ဖြစ်ပုံက ... အိမ်မှာ ရှိတဲ့  ....

spaghetti ခေါက်ဆွဲ အပြား အသေး ကျတော့ ရန်ကုန်က ရွှေတောင်ခေါက်ဆွဲ နဲ့ ပုံစံ တူပါတယ်။
အပေါ်က ခေါက်ဆွဲ အလုံးကျတော့ ... ရန်ကုန်က ရွှေတောင်ခေါက်ဆွဲ နှင့် အရသာမျိုး တူပါတယ်။


အုန်းနို့ဗူး ... cream ဗူးမို့ အုန်းနို့ ပိုပြစ်ပါတယ်။


ခေါက်ဆွဲ

( အမေရိကားမှာ ဆိုတော့ ... ရွှေတောင်ခေါက်ဆွဲ စားဖို့ ခေါက်ဆွဲ အရမ်းကြီး ရွှေးလို့ မရဘူး ဖြစ်နေတယ်။ ဒီက ရွှေမြန်မာတွေ ... ဘယ်လို ခေါက်ဆွဲဖတ်မျိုးနဲ့ ချက်စားကြလည်း မသိပါဘူး )


နှုတ်နှုတ်စင်းထားသော ကြက်သားကို ဆား၊ သကြား၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့် နဲ့ နှယ်ပီး ခဏလေး နှပ်ထားလိုက်ပါတယ် ....

ဆီ အနည်းငယ်ကို အပူပေးပီး နှုတ်နှုတ်စင်းထားတဲ့ ကြက်သွန်ုဖြူ၊ ကြက်သွန်နီ၊ ဂျင်း ကို ဆီသတ် ... ပီးတာနဲ့ နှပ်ထားတဲ့ ကြက်သားထည့်မွှေပါတယ်။ ကြက်သားထဲက ထွက်လာတဲ့ လုံးရေ နှင့်ပဲ တရေလောက် ကြက်သားနူးအောင် အဖုံးအုပ် ... ချက်ထားလိုက်ပါတယ်။

တဆက်တည်းပဲ ... တဖက်မှာ အုန်းနို့ တဗူးကို ဖောက်ထည့်ပီး အုန်းနို့ ပြစ်နေအောင် ကျိုထားလိုက်ပါတယ်။ အုန်းနို့ ပြစ်ပြစ် ရလာပီ ဆိုတာနဲ့ ကြက်သားဟင်းနဲ့ ရောလိုက်ပီး အုန်းနို့ ဆီပြန်နေအောင် ချက်ထားသော ကြက်သား အုန်းနို့ဟင်းပါ ...


ဟင်းရည် အတွက် - အသားနွှင်ပီး ကျန်နေတဲ့ ကြက် အရိုးတွေကို ဆား၊ သကြား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်း တို့ နဲ့ ပြုပ်ထားလိုက်တယ်။ ဟင်းရည်အိုး ပွက်ပွက်ဆူပီ ဆိုတာနဲ့ ငရုတ်ကောင်းမှုန့်ခတ် ... ကြော်ထားသော ကြက်သွန်နီကြော် နှင့် နံနံပင် ခတ်လိုက်ပါတယ်။ ( အမှန်က မုန့်ကြွပ်ကြော် နှင့် ကြက်သွန်မြိတ် ဆို ပိုကောင်းပါတယ် )


ခေါက်ဆွဲဖတ် အပြား ၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ သံပုရာသီး တစိတ်၊ မုန့်ကြွပ်ကြော်၊ ကုလားပဲအကျက်မှုန့်၊ ကြက်သား အုန်းနို့ချက်၊ ကြက်သွန်ဖြူ ဆီချက် ထဲက ကြက်သွန်ဖြူကြော်ပဲ ယူလိုက်ပါတယ်။ အစပ်စားမှာမို့ ငရုတ်သီး အကျက်မှုန့်


ရွှေတောင်ခေါက်ဆွဲကို အရည် လေး နဲ့ စားမယ်ဆိုရင် ...
 ကြက်သား အုန်းနို့ရည် ကျဲကျဲလေး ထည့်စားတာ ပိုစားကောင်းပါတယ်။
( သို့ )
 ကြက်သွန်မြိတ် ခတ်ထားသော ကြက်သားပြုပ် ဟင်းရည် ထည့်စားတာ ပိုကောင်းပါတယ်။ ကြိုက်တတ်ရင် ဂေါ်ဖီ ပါးပါးလေး လှီးထားတာ ထည့်စားလို့ ရပါသေးတယ်။






**** တခြား blog မှ ပိုစ့်များ ****

   မစန်ဒီ ( Sandy ) ရဲ့ လက်ရာ - ရွှေတောင်ခေါက်ဆွဲ ဘလော့ပိုစ့် 

   ရန်ကုန်၊ ရေကျော်လမ်းထဲက ရွှေတောင်သူ၊ ရွှေတောင်သား ရဲ့ ရွှေတောင်ခေါက်ဆွဲ 


*** အရင်ပိုစ့် *** 


ရွှေမြန်မာမှာ ၀ယ်စားခဲ့သော ရွှေတောင်ခေါက်ဆွဲ
ရွှေပုစွန်မှ နန်းပြားသုပ် နှင့် အုန်းနို့ခေါက်ဆွဲ

သမီးမွေးနေ့ နန်းပြား - မုန့်တီသုပ်
၂၀၁၁ မှာ ချက်စားသော နန်းပြားသုပ်

၂၀၁၁ ခရစ်စမတ်မှာ ချက်စားသော အစုံသုပ်
အစုံသုပ် 

ပဲကြာဇံ ကြော် နှင့် ပုစွန် တန်ပူရာကြော်


အုန်းနို့ခြောက်ဆွဲမှာ ထည့်စားသော မုန့်ကြွပ်ကြော် အတွက် ....














USA က . ဗီယက်နမ် ဆိုင်မှာ ၀ယ်လာတဲ့ ... အ၀ါရောင် ခေါက်ဆွဲ အပြားခြောက် ထုပ် ... တထုပ်ကို ၁ဒေါ်လာခွဲ ပဲ ရှိပါတယ် .... 

မီးမြေးမြေး အနေအထားနဲ့ ဆီနှစ်ပီး ခေါက်ဆွဲခြောက်ပြားကို ကြော်တဲ့ ယောင်းမ ဇွန်းနဲ့ ဖိပီး ကြော်ပေးလိုက်ရုံပါပဲ ...

ကြော်ရတာလည်း မြန်တယ် ... ရွှေမြန်မာက အုန်းနို့ခေါက်ဆွဲမှာ ထည့်စားတဲ့ မုန့်ကြွပ်ကြော် အရသာ ကိုလည်း ရပါတယ် ... 



15 comments :

thu ma said...

ရွှေတောင်ခေါက်ဆွဲ အရမ်းကြိုက်တယ်။ ရန်ကုန်တုန်းကတော့ ဗဟိုလမ်းပေါ်ကဆိုင်မှာ အမြဲသွားစားဖြစ်တယ်။ အခုတော့ အစ်မ လက်ရာကြည့်ပြီး စားချင်စိတ်ပေါက်လာပြီ။ အလုပ်ပိတ်ရက်ကျမှ ချက်စားအုန်းမယ် .. :D

Thet Nandar Family said...

Thu Ma .....

အချက်အပြုပ် ကျွမ်းကျင်တဲ့ Thu Ma ချက်ရင် စားကောင်းမှာတော့ အသေအချာပဲ ....

လာလည်တာ ကျေးဇူးနော် .....

Anonymous said...

ဒီနိင်ငံရောက်မှစားဖူးတာ..။
မြန်မာမှာနေတုန်းက မစားဖူးဘူး.။
ဒီက မြန်မာတန်းမှာ ရောင်းကြတယ်..။



ပေါက်

Thet Nandar Family said...

ပေါက် ....

ကံကောင်းလိုက်တာ ပေါက်ရေ ....

ကိုယ်တို့ State မှာ ... မြန်မာ မုန့်ဈေးတန်းလည်း မရှိသလို ...

နေထိုင်တဲ့ ရွှေမြန်မာ လူဦးရေ ဆိုတာ လက်ချိုးရေလို့တောင် ရပါတယ်။

USA west ဘက်က Daly City, ကယ်လီဖိုးနီးယားဘက်မှာလည်း မြန်မာမုန့်တွေ ရောင်းတဲ့ ဆိုင် ရှိတယ်ပြောတယ်။

USA East - က ယူတီကာ Utica နယူးယောက်မြို့နားမှာလည်း မြန်မာမုန့်ဆိုင်တွေ ရှိတယ်ပြောတယ်။

ပျော်စရာကြီးနော် ... Travel and Living Channel မှာတော့ အဲလို ရိုးရာ မုန့်ဈေးတန်းတွေမှာ မုန့်ဝယ်စားတာ ပြတယ်။ စားချင်စရာကြီး ....

ချော(အစိမ်းရောင်လွင်ပြင်) said...

ရွှေတောင်ခေါက်ဆွဲကိုတစ်ခါမှ လုပ်မစားဖူးဘူး
မလုပ်တတ်တာလည်းပါတယ်
အစ်မလုပ်ထားတာ စားချင်စရာလေး
စမ်းကြည့်ချင်စိတ် ပေါက်လာတယ်။

Thet Nandar Family said...

ချော ( အစိမ်းရောင်လွင်ပြင် ) ....

အုန်းနို့ခေါက်ဆွဲ အသုပ်လိုမျိုးပေါ့နော် ....

တကယ့် ရွှေတောင်ခေါက်ဆွဲ အစစ်က ...
ပါးပါးလှီးထားတဲ့ ဂေါ်ဖီ .. အုန်းနို့ရည် ကျဲကျဲ ... မုန့်ဖတ်ကြော် နဲ့ သံပုရာသီး ... အဓိက မုန့်ဖတ် ...

အမလည်း ... အသက် ( ၃၈ ) နှစ် ရှိပီ ဆိုတော့ ... ဟဲ ... ဟဲ ... ကိုယ်ရေးထားတဲ့ စာ ... ကိုယ်တာဝန်ယူရတာပေါ့နော် ...

Personal Blog ဆိုပေမယ့် ... ရေရှည်ကို ကြည့်ပီး .... အတတ်နိုင်ဆုံးလေး ... မြန်မာ ရိုးရာ မုန့်တွေကို ချက်နည်း မလွှဲအောင် ... ရေးပေးသွားတာပါ ...

Personal Blog မို့ ... ကိုယ့် အိမ်မှာ ... ကိုယ့် မီးဖိုချောင်မှာ ... ကိုယ် ကြိုက်သလို ချက်၊ စားတာလည်း ပါသလို ..

တကယ့် မုန့် အစစ်က ဒီလိုနော် ဆိုပီး ပြောပြပေးချင်တာလည်း ပါတာပေါ့နော် ....

mstint said...

ရွှေတောင်ခေါက်ဆွဲမြင်သွားလို့လုပ်စားချင်စိတ်ပေါ်လာပြီ
ကျေးဇူးပါ သက်နန္ဒာရေ။ မနက်ဖြန်ကြိုးစားလိုက်မယ်း)
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Thet Nandar Family said...

Mstint :

မ ... ချက်လို့ ရှိရင် စားကောင်းမှာ သေချာတယ် ...
မ ... ချက်တဲ့ မုန့်ဟင်းခါး ... အရမ်းကို စားကောင်းကြောင်း မြန်မာ ဘလော့ဂါတွေဆီမှာ သိရကတည်းက မ .. ဟာ ချက်တဲ့ နေရာမှာ အစပ်အဟပ်တည့်အောင် ချက်နိုင်ပီး လက်ဆိပ်ရှိကြောင်း သဘောပေါက်သွားပါတယ် ....

လာလည်တာ ကျေးဇူးပါနော် ....

Anonymous said...

Thank

သက်ဝေ said...

အမရေ၊
မုန့်ကြွပ်ကြော်ဆိုတာဘယ်ဟာကိုဘယ်လိုကြော်လိုက်တာလဲ?
ဓာတ်ပုံ့လေးနဲ့ ပြပါဦး။ မုန့်ကြွပ်ကြော် ကိုအုန်းနို့ခေါက်ဆွဲနဲ့စားရတာအရမ်းကြိုက်တယ်။
မစားရတာ ၁၀ နှစ်ရှိပြီ၊ ငိုချင်တယ်။ ဗျဲ ဗျဲ

Thet Nandar Family said...

@ သက်ဝေ ...

အုန်းနို့ခေါက်ဆွဲထဲ ထည့်စားတဲ့ မုန့်ကြွပ်ကြော်ကို ဓာတ်ပုံရိုက်ပီး ထည့်ပေးလိုက်ပီနော် .

ရွှေတောင်ခေါက်ဆွဲ အတွက်ဆိုရင် ... ရွှေတောင်ခေါက်ဆွဲ မုန့်ဖတ် က ( ဒီပိုစ့်မှာ ပါတဲ့ ) ကြက်ဥခေါက်ဆွဲ ဖတ် က ပိုကောင်းသလို ... ရွှေတောင်ခေါက်ဆွဲမုန့်ကြွပ်ကြော်က ခေါက်ဆွဲခြောက် အလုံး ဖြစ်ဖြစ် ... ခေါက်ဆွဲ အစို အလုံး ဖြစ်ဖြစ် ကြွပ်အောင် ကြော်စားတာ ပိုကောင်းပါတယ် ...

သက်ဝေ said...

Thanks you for explain the detail. I can't wait to do it.

Thet Nandar Family said...

@ သက်ဝေ ....

ရပါတယ် ... မသက်ဝေ ရယ် ...
နိုင်ငံခြားမှာ .. လည်း မြန်မာ ရိုးရာ အစားအသောက်တွေ လွယ်လွယ်ကူကူ ၀ယ်လို့ ရတယ်ဆိုတာကို ပြောပြ ပေးချင်တာပါ ...

အဓိက က ... မြန်မာ အစားအသောက် အတွက်ဆိုရင် ရေခြား ... မြေခြားပေမယ့် မပူနဲ့ ... ဒီမှာ အကုန်လုံးနီးပါး ၀ယ်လို့ရတယ် ... ဆိုတာ ပြောပြပေးချင်တာပါ ....

Anonymous said...

အစ်မNandar..ကဘယ်State,ဘယ်City မှာနေတာလဲ အစ်မ။ ညီမလဲ New York, Utica မှာနေပါတယ်။

သီရိရတနာ said...

Anonymous - အမက Connecticut မှာ နေတာပါ။ Utica မှာလည်း မြန်မာ .. ဟင်းချက်နည်းတွေ ရေးတဲ့ နာမည်ကြီး မြန်မာဘလော့ဂါ တယောက် ရှိပါတယ်။