Friday, March 16, 2012

ကြက်သား ထောပတ်


ကြက်သားထောပတ် ဟင်း


ဒီဟင်းက ခဏ ခဏ အိမ်မှာ ချက်စားဖြစ်ပါတယ်။ ကြိုက်လွန်းလို့ပါ ....


အားလူးကို အခွံခွါ .. သေးသေးလေး စိတ်လိုက်ပီး ... ထောပတ်ဆီ နှင့် ပဲ ဖြစ်ဖြစ်၊ ရိုးရိုး ပဲဆီ နှင့် ပဲ ဖြစ်ဖြစ် ကြော်လိုက်ပီးမှ ....


ဆား၊ ကြက်သား အရသာ ခနှော ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့် ကို ဆတူ ရောပီး အားလူးကြော်မှာ ထည့်နှယ်လိုက်တဲ့အခါ အရမ်း စားလို့ကောင်းတဲ့ အားလူးကြော် ရပါပီ ....

အိမ်မှာ တခါ တလေ .. အားလူးကို အချောင်းလေးတွေ နှုတ်နှုတ်စင်းပီး လည်း ကြော်တတ်တယ်။ ဒီလိုမျိုး စိတ်တာကြတော့ ပိုမြန်တယ်။ ခက်ရင်းနဲ့ ဖြစ်ဖြစ်၊ အားလူးကြော်ကို ထိုးပီး စားလိုက်ရင် အားလူး ၂ လုံး ၃ လုံးလောက် ကြော်ထားတာက ခဏလေးနဲ့ ကုန်ပါတယ်။

အဓိက က .. အားလူးကြော်ပေါ်မှာ ဖြူးထားတဲ့ အရသာ ... အမှုန့်တွေကြောင့် အားလူးကြော်က ပိုစားလို့ ကောင်းနေတာပါ ...

  
ငပိရည် အတွက် ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ အချိုမှုန့်ဖြစ်ဖြစ် ဟင်းခတ်မှုန့် ဖြစ်ဖြစ် အနည်းငယ်လောက် ထည့်ပီး ....


ဆနွင်းမှုန့် နှင့် ကျိုထားသော ရေချို ငပိကို လောင်းထည့် ....


နံနံပင်လေး အုပ်လိုက်ရင် စားလို့ကောင်းတဲ့ ရေချို ငပိရည်ကို ရပါပီ ...


ငပိရည် နှင့် တို့စရာ တညင်းသီး


တညင်းသီးပြုပ်

 

တညင်းသီးကို မီးဖိုပေါ်မှာ ခပ်ကြာကြာလေး ... အကြာကြီး ...  ပြုပ်ပီး တညင်းသီး နူးလာခါနီးမှ ဆီ နှင့် ထညက်ခဲကို ထည့်ပီး ပြုပ်ထားသော တညင်းသီးပြုပ် ....


တို့စရာ သခွါးသီး


သားသားက သခွါးသီး အရမ်းကြိုက်တယ် .. သခွါးသီးကို သားသားကိုက်စားထားတာ ...


ဒီက သခွါးသီးက ဈေးနည်းနည်းကြီးတယ် ... ပုံမှန် အရွယ်အစား ... သခွါးသီး တလုံးကို ၁ ဒေါ်လာ နီးပါးလောက် ရှိတယ် ....


တညင်းသီးပြုပ်အိုး


ဒီတခါ ကြက်သား ထောပတ်က ... ဟင်း အနှစ် ဖတ် များများ လိုချင်တာမို့ နောက်ဆုံး တရေကျမှ ကြက်သွန်နီကြော်တွေ ထည့်ချက်ထားတာမို့ ဟင်းအနှစ်ဖတ်များတယ် ....

ဝက်သားနီချက်လိုမျိုးပဲ ... နောက်ဆုံးတရေလောက်မှ ကြက်သွန်နီကြော် ထည့်ချက်တော့ ၀က်သားနီချက် ဟင်းအနှစ်ဖတ် ချိုချိုလေးတွေနဲ့ ထမင်း နှယ်စားလို့ ကောင်းသလို ....

ဒီ ကြက်သား ထောပတ်ကျတော့ နောက်ဆုံး တရေလောက်မှ ကြက်သွန်နီကြော် ထည့်ချက်တာမို့ ထောပတ် ဟင်းအနှစ်ဖတ်တွေနဲ့ ထမင်း နှယ်စားလို့ ကောင်းပါတယ် ....

ကြက်သားကို အနေတော် တုံးလိုက်ပီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့်နဲ့ နှယ်ပီး ခဏလောက် နှပ်ထားလိုက်တယ် ....
ထောပတ် တတုံးကို မီးမြေးမြေးနဲ့ အပူပေးပီး ... 
ပီးရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို ထည့်ကြော်ပီး ခဏ ဆယ်ထားလိုက်တယ် ... 
စမုံစပါး၊ ဖာလာစေ့၊ နံနံစေ့ ထည့် ဆီသတ်ပီးမှ
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တခြမ်းလောက်ကို ထည့် ဆီသတ်၊
နှပ်ထားတဲ့ ကြက်သားကို ထည့် မွှေ ... 
ရေ ကို အသားမြုပ်ရုံလောက်ပဲ ထည့်ပီး ( ကြက်သားထဲက လုံးရေလည်း ထွက်အုံးမှာမို့ ) အဖုံးအုပ် မီးမြေးမြေးနဲ့ တည်ထားလိုက်တယ်။
ရေခမ်းခါနီးမှ ကြက်သွန်နီကြော်တွေ ထည့်မွှေပီး ဆီကျန် ရေကျန် အနေအထားလောက် တည်ထားသော ကြက်သားထောပတ်ဟင်း ...


.. .. အရင်ပိုစ့် .. ..

ကြက်သားထောပတ်ဟင်း၊ ထောပတ် ထမင်း
ကြက်သား ဒိန်ချဉ်နှပ်
ကြက်သားနီချက်

2 comments :

Winner said...

အိမ်ရောက်ရင်ချက်စားမယ်နော်...........

Winner said...

ချက်ကြည့်လိုက်ဦးမယ်နော်.........