Tuesday, March 27, 2012

သားသား နဲ့ အပြိုင် စားပါအုံး



မောင်နှမ နှစ်ယောက် ကွန်ပြူတာ web cam နဲ့ အစားအသောက်တွေ စားလို့ ကုန်သွားတဲ့ ဗီဒီယို ...

သမီးက အဲဒီဘက်မှာ ၀ါသနာ ပါတယ် ... web cam နဲ့ creation လည်း လုပ်နေတတ်သလို .. သူ့ဘာသာ သူ ကာတွန်းပုံတွေ ဆွဲပီး window movie maker နဲ့လည်း ကာတွန်းကားတွေ လုပ်နေတတ်တယ်။ 
English story ကို အသက် ၆ နှစ်ကတည်းက ကာတွန်းပုံ ဆွဲပီး စ .. ရေးနေပါပီ ....

သူ့ကို ဘယ်သူမှ မသင်ပေးပါဘူး .. မွေးရာပါ ... ပါရမီ ပါ ... 

ကွန်ပြူတာ ထဲမှာ ရှိတဲ့ Window movie maker ကို ကလိရင်းနဲ့ ကာတွန်းကား ဗီဒီယို လုပ်တတ်လာတာပါ ...

 
ရေခဲမုန့် အပြိုင် စားကြရအောင် ....  

 ပီဇာ လည်း ထပ်စားပါအုံးမယ် .... 

စားလို့ မ၀သေးဘူး ... ဖရဲသီး ထပ်စားအုံးမယ် ...

 
သားသား အကြိုက် sausage ကို ကုန်အောင် စားပလိုက်ပါပီ ...

** အရင်ပိုစ့် ....

4 comments :

Candy said...

ကလေးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ

စားတဲ့ပုံလေးလုပ်တာ တကယ်စားနေသလိုပဲ..
အကုန်လုံးကို ကြည့်သွားတယ် အရမ်းသဘောကျတယ်...

သမီးလေးက တော်လိုက်တာနော်.. ဒီအရွယ်လေးနဲ့ အဲ့လိုမျိုးလေးတွေ လုပ်တတ်တယ် :D :D

Thet Nandar Family said...

Candy ...

သူတို့မောင်နှမ နှစ်ယောက်က လိုက်လည်း လိုက်တယ် ...

သမီး .. create လုပ်ထားတဲ့ ကာတွန်းကားတွေထဲမှာလည်း သားသား အသံကို ထည့်ထားတယ် ..

သားသားကို ငိုတဲ့ အသံတို့ .. စကားပြောခိုင်းတာ .. အော်ခိုင်း .. ရီ ခိုင်း နဲ့ သားသား အသံကို recording လုပ်ပီး ကာတွန်း ဗီဒီယိုထဲမှာ ထည့်တယ်လေ ...

အန်တီလည်း window movie maker ကို ကွန်ပြူတာမှာ ရှိလို့ ရှိမှန်း မသိပါဘူး သမီးရယ် ...

သူ့ အဲလို ကာတွန်းကားလေးတွေ လုပ်မှပဲ သိတော့တာ ..

မိုးသက် said...

အစ်မ.. သမီးလေးကလုပ်ထားတာ တော်လိုက်တာ.။ ကလေးလေးတွေက အိမ်မှာလဲ အင်္ဂလိပ်လိုပဲ ပြောတာလား.။ သဘောကျတယ်.။. ပါရမီပါတာဆိုတော့ သေချာ မြေတောင်မြှောက်ပေးရင် ကမ္ဘာကျော်လိမ့်မယ်အစ်မ.။ =)

သီရိရတနာ said...

@ မိုးသက် - သမီးက ၅နှစ်သမီးလောက်မှာ သူ့ကိုယ်ပိုင် ပုံပြင်စာအုပ်ရေးနေပါပြီ ... အခုအချိန်အထိ သူ့ ပန်းချီလေးတွေ ပုံပြင်ထဲက ဇာတ်ကောင်တွေ ဆွဲပြီး ပုံပြင်ရေးနေတယ်။ အမ က သူ ဘယ်နေရာမှာ Talent ရှိသလဲး .. အကဲခတ်နေတုန်းပါပဲ ... သူ အခု ၁၁ နှစ် ... ၁၀ နှစ်အတွင်း သူ ကြိုးစားနေရမှာပါ။ ၂၅နှစ်မှာ အောင်မြင်မှု့ တခု ခု လက်ထဲ ရောက်မှ အဆင်ပြေမှာ ...
ဒီမှာ ဘက်စုံ ထူးချွန်အောင် တခြား ဂီတ၊ အားကစားလည်း သင်ရပါသေးတယ်။ မြင်းစီးတာ မသင်ပေးရသေးဘူး။ သူ့သူငယ်ချင်း အချို့တော့ မြင်းစီးသင်တယ်။ ဂေါ့ဖ် ရိုက်တာ သင်ပြီးပြီ။ သူ့ animation လိုင်းကို ကြိုက်တယ် ဆိုရင် ကျောင်းချိန်ပြင်ပ ကျောင်းက သင်ပေးတဲ့ ပိုက်ဆံပေးတက်ရတဲ့ ပရိုဂမ် သင်တန်းတို့ ဗီဒီယို အက်ဒီတင်း သင်တန်းတို့ တက်ခိုင်းမလားလို့ ...ဒါပေမယ့် လောလောဆယ် သူ့ ကျောင်းစာနဲ့ သူ့ဝါသနာပါတာကို အင်တာနက်ကနေ သင်ယူပါတယ်။
ဟင်းချက်တာလည်း အရမ်းဝါသနာပါတယ်။ အဲဒါကိုတော့ အသက်မွေး ၀မ်းကြောင်း ပညာ အနေနှင့် မဟုတ်ပဲ ကိုယ်စားချင်တာ ချက်တတ်ဖို့လောက်ပဲ သင်စေချင်ပါတယ်။ အခု သူ့ ကိတ်မုန့်၊ ဟင်း ကောင်းကောင်း ချက်တတ်နေပါပြီ။ ဟင်းချက်သင်ရင်း သူ့ကို အတွေးအခေါ်ပါ သင်ပေးထားတယ်။
သူ့အခု လုပ်နေတဲ့ ဗီဒီယိုက ကောင်မလေး ... အက ဒီဇိုင်း အမျိုးမျိုးကို ဗီဒီယို လုပ်နေတာပါ။ သီချင်းက အင်တာနက်က ဗီဒီယိုထဲက ကောင်မလေးက သူ့ ပုံဆွဲတာ .. က ကွက်တွေက သူ ထွင်ပေးထားတာ။ သူ့ ထွင်ပေးထားတဲ့ ကကွက်တွေနဲ့ ကာတွန်းထဲက ကောင်မလေးက လိုက်ကနေတာ ..ပါးစပ် လုပ်တာတို့ ဘာတို့က အစ ... အဲဒါတွေလုပ်တတ်တာ သူ့မှာ အင်တာနက်ကနေ မြင်ဆရာပဲ ရှိပါတယ်။
သင်တန်းတွေ ဘာတွေ မတတ်ပဲ စာတွေ လိုက်ဖတ်ပြီး သူ့ စိတ်ကူးထဲက အတိုင်း ပုံဖော်နေတာ ..

ကလေးတွေက အိမ်မှာ မြန်မာလိုပဲ ပြောပါတယ်။ အိန်ဂျယ်က မြန်မာ ILBC မှာ ၄ နှစ်ကတည်းက တတ်လာလို့ သူ့က ငယ်ငယ်လေးကတည်းက အင်္ဂလိပ်လို ပြောနိုင်တယ်။ သားသားက ကျောင်းတတ်မှ အင်္ဂလိပ်လို သင်တယ်။ ကျောင်းမှာ ဖိုနက်တစ် သေချာသင်ပေးတယ်။ သူ့ အသံထွက် အရမ်းကောင်းတယ်။

http://thiriyatanar.blogspot.com/2013/03/blog-post_20.html


US မှာ ဆိုတော့ ဒီတိုင်းပြည်စကား မဖြစ်မနေ ပြောတတ်နေရတာပေါ့ ... အိမ်မှာတော့ မြန်မာလို ပြောတယ်။

နွေရာသီဆိုပေမယ့် စာကြည့်တိုက်က စာအုပ်တွေ ဌားဖတ်ရတယ်။ နွေရာသီမှာ နောက်တတန်းတက်မယ့် အိမ်စာပေးတယ်။ အဲဒီ အိမ်စာတွေ လုပ်ဖို့ အင်တာနက်ဝပ်ဆိုဒ်တွေ ပေးလိုက်တယ်။ စာကြည့်တိုက်က ဌားတဲ့ စာအုပ်ရေ အရည်အတွက်အလိုက် ကလေး သွားလို့ ရမယ့် ပန်းခြံလက်မှတ်၊ ရေခဲမုန့် အဲဒါတွေကို အလကား ရမယ့် အခွင့်အရေးပေးတယ်။ အဲဒီ အခါကျတော့ စာကြည့်တိုက်ကနေ စာအုပ်များများ ဌားဖတ်မှ ကလေးက သူ့ သူငယ်ချင်းတွေနှင့်အတူ သွားဆော့လို့ ရမယ့် ရေကူးကန်လက်မှတ်တို့ ပန်းခြံ ကစားကွင်းလက်မှတ်တို့ အလကားရမှာ ...

၂ယောက်စလုံး ဘယ်ဘက်မှာ ၀ါသနာ အားသန်လဲး စောင့်ကြည့်နေတုန်းပါပဲ ...