Monday, March 26, 2012

ကိုသာနိုး နှင့် မြန်မာစကား


Share YouTube Link : http://youtu.be/K_yxK24m2E4


 Many Americans are learning the Burmese language and culture. Ko Thar Noe, a student at George Washington University explains how he came to learn the Burmese language and how the Burmese culture and Buddhism influence his daily life.

အသားတု .. အသားတု .. အသားတု 

2 comments :

ချော(အစိမ်းရောင်လွင်ပြင်) said...

နိုင်ငံခြားသားဖြစ်ပြီး မြန်မာစကားကို ဒီလောက်ပြောနိုင်တာ ချီးကျူးဖို့ကောင်းလိုက်တာ။
ပြီးတော့လည်း ဘာသာရေးကို ထဲထဲဝင်ဝင် နားလည်လိုက်နာ ကျင့်ကြံတယ်နော်
တကယ် လေးစားဖို့ ကောင်းပါတယ်။
ဟာသကိုလည်း နားလည်တတ်သားနော်
အသားတု အသားတု ဆိုတာလေး သဘောကျလိုက်တာ...
စကားမစပ် ။ ဘလောဂ့်လေး ဝင်မရတုန်းက စိတ်ပူပြီး ခဏခဏလာကြည့်ပေးတာ ကျေးဇူး အများကြီး တင်ပါတယ်နော်။ . အဲလိုလာကြည့်ပေးလို့လည်း အားရှိသွားတယ်း)

Thet Nandar Family said...

ချော ( အစိမ်းရောင်လွင်ပြင် ) ....

ဟုတ်တယ် ချောရေ ...

ကိုသာနိုး @ Matthew Walton ( Ph. D) George Washington University .. မြန်မာစကားကို ကောင်းကောင်း .. အပြန် အလှန် ပြောနိုင်သလို ..

သူရေးသားမယ့် အလှူအကြောင်း ထောက်ပြတဲ့ ဆောင်းပါးကိုလည်း လေ့လာချင်ပါတယ် ...

ချော ဘလော့ကိုလေ .. ကိုယ် အရမ်း သဘောကျတယ် .. လူချင်း ခင်မင်နေလို့ ချော ဘလော့ကို သဘောကျတာ မဟုတ်ဘူးနော် ..

ချော ဘလော့မှာ ကိုယ့် အတွက် ဗဟုသုတ ရစရာ တွေ အများကြီးလေ .. တချို့ ပိုစ့်တွေဆို .. ကိုယ် Bookmark တောင် လုပ်ထားသေးတယ် ...

ချော ဘလော့ ဖွင့်မရတော့ .. စိတ်လည်းပူတယ် ..

မခင်ဦးမေ ဘလော့ ပိတ်သွားတုန်းကလည်း .. တစ်ရက် .. နှစ်ရက်နေ ပြန်ကောင်းလာတာမို့ .. ချော ဘလော့ကို လာ လာ ကြည့်ဖြစ်နေတာပါ ..

ချော နဲ့ မရှေး မနှောင်း .. ကိုအောင် ( ပျူနိုင်ငံ ) ဘလော့လည်း အဲလိုမျိုး ဖြစ်ဖူးသေးတယ် .. blogspot မှာ အဲလိုမျိုးတွေက ဖြစ်နေကြမို့ ..

၁ ရက် ၂ ရက်နေရင် ဘလော့ နေပြန်ကောင်းလာမယ်ဆိုတာလည်း ယုံကြည်သလို ..

တကယ်ပဲ အဲဒီ ဘလော့ ဖွင့်ရင် ဗိုင်းရပ်စ်ကိုက်မှာလား ဆိုပီး ရှိသမျှ browser တွေနဲ့ ဖွင့်တယ် ..

ဒီမှာက အင်တာနက်လိုင်းမှာကိုက ဗိုင်းရပ်စ် ရှိတဲ့ ဆိုဒ်တို့ link တို့ဆိုရင် Comcast cable က warning ပေးပါတယ် .. cyber က ကို မြင်နေရတာပါ .. အနီရောင်နဲ့ warning sign ပြတယ်လေ .. အဲဒါဆို ဆက်မဖွင့်ရုံပေါ့ ..

ဒါပေမယ့် ကိုယ့်ဆီမှာ virus သတ်တဲ့ software ရှိတော့ ဘာမှလည်း virus alert မပြသလို .. browser မှာလည်း error မပြ ပါဘူး ..

ဘလော့ ပိုင်ရှင်လည်း အရမ်းစိတ်ပူနေမှာပဲ ဆိုပီး ခဏ ခဏ လာကြည့်ရင်းနဲ့ ချော .. ကို အကျိုးအကြောင်းပြောပြတာပါ ...

စိတ်မပူနဲ့ .. ခဏနေ ကောင်းသွားမယ်လို့ ..

ဘလော့တွေကတော့ ပိုစ့် အသစ် တင်ပီးတိုင်း ( သို့ ) တပတ် တကြိမ်လောက် Export လုပ်ထားမှ တော်ကာကြမယ်ပုံပါပဲ ...

ချော ရေးထားတာတွေဆိုရင် ရွှေမြန်မာ ပြည်တွင်းက ဂျာနယ် တွေမှာ ဆောင်းပါး၊ Magazine ..တွေမှာ .. ရေးထားတဲ့ အရေးအသားတွေ .. အချက်အလက် တွေ ထက်တောင်မှ ပိုပြည့်စုံပီး ကောင်းလွန်းနေပါသေးတယ် ..

ဒီလို ရှားရှားပါးပါး ဘလော့မို့လို့လည်း ကိုယ့် စိတ်ပူတာ ပါ ပါတယ် ..