Thursday, May 10, 2012

ထမနှဲ


ထမနှဲ



အုန်းဆံကြော်၊ နှမ်း နှင့် မြေပဲကြော်


ထမနဲ .. နောက်တကြိမ် ထပ်ချက်စားဖြစ်လို့ ..


ဂျင်း - အနည်းငယ်

( ဂျင်းက နေရာ ဒေသ အလိုက် / ဂျင်းဟောင်း၊ ဂျင်းအသစ် အလိုက် / ဂျင်း အစပ် - စပ် ပုံ စပ်နည်း၊ ဂျင်း အနံ မွှေးပုံ မွှေးနည်း .. ကွာပါလိမ့်မယ် ) 
ဂျင်းကို နည်းနည်း ထပ် ထည့်လို့ ရသေးတယ် ..


ဂျင်းကို အခွံခွါ .. ပါးပါးလှီးပီး ကြိတ်


ညက်နေအောင် ကြိတ်တယ် ... ကောက်ညှင်း နဲ့ အတူ တွဲစားမှာမို့ ဂျင်းအဖတ်တွေ ပေါ်နေတာကို မကြိုက်တတ်လို့ ...


ဆီ - 1/2 cup


ကောက်ညှင်းဆန် ( Sweet Rice ) - 4 cups


အဲဒီမှာ ကိုယ့် တခုပြောချင်တယ် ...

ကိုယ့် ဒီမှာ ချက်လေ့ရှိတဲ့ ကောက်ညှင်းဆန်က Sweet Rice ( မချက်ခင် ...  ရေစိမ်စရာမလိုဘူး။ 1 မချုပ်ဘူး )
မြန်မာမှာ ချက်စားလေ့ရှိတဲ့ ကောက်ညှင်းဆန်က Glutinous rice ( မချက်ခင် တညလောက် ရေစိမ်ထားပီးမှ ချက်ပါတယ် )


ကောက်ညှင်းဆန် ၁ အချိုးး ရေ ၁ ချိုး ( ၁း ၁ ) နှုန်းနဲ့ အိမ်မှာ ချက်ပါတယ် ...

မီးဖိုပေါ်မှာ ဆီ - ခွက်တ၀က်ကို အပူပေးပီးတာနဲ့ ကြိတ်ထားတဲ့ ဂျင်း ဆီသတ် ...
ကြိုတင်ပီး .... ကောက်ညင်းဆန်ကို ဇကာ ထဲ ထည့် ရေဆေးပီး ဇကာ နဲ့ ရေစစ်ထားတဲ့ ကောက်ညင်းဆန်များထည့် မွှေ ...
ဆား - ထမင်းစားဇွန်း - ၁ ဇွန်းမောက်မောက်
 ထည့် မွှေ ပီးတာနဲ့ Rice cooker မှာပဲ 
ကောက်ညှင်းဆန် ၄ ခွက်း ရေ ၄ ခွက်
ထည့်ပီး ချက်ထားလိုက်တယ် ...


မြေပဲ - 1 cup
နှမ်း - 1 cup


အုန်းဆံ - 1 cup
ကြော်ဖို့ ဆီ - 1 cup


ဆီ ၁ ခွက်ကို မီးဖိုပေါ်မှာ မီးမြေးမြေး ( Medium Heat ) အပူပေးပီး 
ဆီ ပူပီ ဆိုတာနဲ့ အုန်းဆံ ထည့်ကြော်တယ် ( အဆက်မပြတ်မွှေပေးတယ် ) 
အုန်းဆံ အညိုရောင် သန်းချင်လာတာနဲ့ ဇကာထဲ ထည့်ပီး ဖြန့်ထားလိုက်တယ် ... 
( အပူရှိန်နဲ့ အုန်းဆံ ထပ်ညိုချင်သေးတတ်တာမို့ ... အညိုရောင်သန်းပီ ဆိုတာနဲ့ ဆယ်ထားလိုက်ပါ )
မြေပဲ ကိုကြော် .. မြေပဲကြော်ပီးတာနဲ့ မီးဖိုမီးပိတ်ပီး နှမ်းထည့်မွှေပေးထားတယ် ..

နောက်တနည်း .. မြေပဲ နှင့် နှမ်းကို မကြော်ပဲ လှော်ပီး ထမနှဲ ထိုးတာလည်း စားကောင်းပါတယ် ...


ကြော်ပီးရင် .. ဆီစစ်ထားလိုက်ရင် ... ( ထမနဲ ထိုးတဲ့ အခါ နှယ်တဲ့ လူ သက်သာတယ် )


ဆီသပ်သပ်၊ အကြော်ဆံ သပ်သပ်


rice cooker ခလုတ်တက်လာတာနဲ့ ကောက်ညှင်းတွေကို ဇွန်းနဲ့ နှယ်ပေးပီး ကောက်ညှင်းများ နှပ်တဲ့ အထိ Rice cooker နဲ့ cook ခလုတ် ကို ပြန် ပြန် နှိပ်ပီး ချက်ထားပေးလိုက်တယ် ...


စေးသော ကောက်ညှင်း ဖြစ်တာ တကြောင်း


ဆီဖြင့် ချက်ထားသော ကောက်ညှင်းမို့ Rice cooker နဲ့ cook ခလုတ် ၃ ကြိမ် လောက် တက်လာတဲ့ အထိ ..ကောက်ညင်းများကို ဇွန်းဖြင့် နှယ် .. ပီး ခလုတ် ပြန်နှိပ် ... ကောက်ညှင်း နှပ်တဲ့ အထိ ချက်ထားပီးမှ ...


မွှေမယ့် အိုးထဲ ထည့် ... ကောက်ညင်း ဇွန်းနဲ့ တချက်မွှေ .. အကြော်ဆံများ တဇွန်းချင်းစီ ထည့် ... ကြော်ထားတဲ့ ဆီ ထည့် .. နှယ်သွားလို့ ရှိရင် ... ကောက်ညှင်းအားလုံးနဲ့ အကြော်ဆံများ အားလုံး သမ ရောစပ် သွားသလို ... ထမနှဲ ထိုးတဲ့လူလည်း သက်သာတယ် ... 


ထမနှဲ က ထိုးရင်း ထိုးရင်း နဲ့ ကောက်ညှင်း အဖြူရောင်ကနေ ... ထမနှဲ အရောင် တက်လာပါလိမ့်မယ် ...


နှမ်းများလည်း ကောက်ညှင်းထဲကို စိမ့်ဝင် သွားသလို .. ဆီများလည်း စိမ့်ဝင်နေပါပီ ...


ကိုယ် .. ထမနှဲ ထိုးတိုင်း .. အဲဒီ ချက်နည်းကို စပ်ခဲ့သော ရှေးဘိုးဘွားတွေ ကို ချီးကျူးမိပါတယ် ...

ကောက်ညှင်းကို ဂျင်းနဲ့ ဆီသတ်လိုက်တဲ့ အခါမှာ ကောက်ညှင်းစေးစေး အရသာဟာ တော်တော် စားကောင်းပါတယ် ...
ကောက်ညှင်းပေါင်း အရသာမျိုး၊ ဆီထမင်း အရသာမျိုးနဲ့ မတူပါဘူး ...
အဲဒီ ကောက်ညှင်း ဂျင်းဆီသတ် နှင့် လိုက်ဖက်အောင် မြေပဲ နှင့် နှမ်းကို ကြော်ပီး ထည့်ပုံ ...
အုန်းသီးဖတ် ဖြူးစားတာ မဟုတ်ပဲ အုန်းဆံကို ကြော်ပီး အားလုံး သမ နေအောင် ထိုးထားတဲ့ ထမနှဲ ကို ထမနှဲ ထိုးတိုင်း သတိထားမိနေတတ်ပါတယ် ...

အာရှ အစားအသောက်တွေမှာ ကောက်ညှင်းကို အုန်းနို့ နှင့် ချက်စားတတ်ကြတာ များပါတယ် ...
ဂျင်းဖြင့် ဆီသတ် ချက်သော ကောက်ညှင်း ချက်နည်း ရှိချင် ရှိနိုင်ပေမယ့် .. ဒီနေ့ ထက်ထိ ကိုယ့် သတိမထားမိသေးပါဘူး
အဲလို ကောက်ညှင်းမျိုးကို လိုက်ဖက်ဖို့ နှမ်းနှင့် မြေပဲဆန်ကြော်ထားတာလည်း ပညာသား ပါ ပါတယ် ...
ကောက်ညှင်း မှုန့် တော်တော်များများက အုန်းသီးဖတ် ဖြူးစားတာပါ ...
ဒါကြောင့်မို့လို့ ကိုယ့် ထမနှဲ ထိုးတိုင်း ... အဲဒီ ချက်နည်းကို တီထွင်ခဲ့တဲ့ ဘိုးဘွားတွေကို ချီးကျူးမိတာပါ ...


အုန်းဆံ၊ မြေပဲ၊ နှမ်းကြော်များ အပေါ်မှာ ထပ်မဖြူးတော့ဘူးနော် .. 
ဒီတခေါက် အကုန်လုံး ... ထည့်ပီး ထမနှဲ ထိုးထားတာမို့လို့ ...


ရပ်ကွက်ထဲက ထမနှဲ ထိုးတဲ့ ဓာတ်ပုံ ကြည့်ချင်ရင် fb မှာ ကြည့် ကြည့်ပါး http://www.facebook.com/media/set/?set=a.163515977107156.32723.100003462636986&type=3

မအားတာနဲ့ ဘလော့ UPDATE မလုပ်နိုင်ဘူး ဖြစ်နေတယ် .. 
အများကြီးပဲ ... 
ပိုစ့်တွေ တင်စရာ ကျန်နေသေးတယ် ...


broccoli 


ကြက်သား၊ မှို၊ သံလွင်သီး အချိုချက်


ကြိတ်စက်ဖြင့် ကြိတ်ထားသော ပြောင်းဖူး


ပြောင်းဖူးထောင်းကြော်


စိမ့်စိမ့်


ချိုချိုလေး


 ပဲငံပြာရည် အပြစ်နဲ့နှယ်ပီး ကင်ထားသော ၀က်နံရိုးကို


ကြက်သွန်နီ၊ သခွါးသီး၊ နံနံပင်၊ သံပုရာသီး နှင့် ချဉ်၊ ငံ၊ စပ် သုပ်ထားသော ၀က်နံရိုးကင်သုပ်


ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ခပ်ညက်ညက်လေး ကြိတ်ပီး


ငပိဖုတ် နှင့် အတူ ဆားအနည်းငယ်ထည့်ပီး ညက်နေအောင် ကြိတ်ထားတဲ့ 


ငပိထောင်းစပ်စပ်ထဲကို 


သံပုရာသီး တစ်လုံးနီးပါးလောက် ညစ်ထားသော ငပိထောင်း


ငပိထောင်းကို ပုစွန်ခြောက်အပါ ရောထောင်းပီး နှမ်းဆီ စိမ်း ဆမ်းထားတဲ့ ငပိထောင်းကိုလည်း ကြိုက်နှစ်သက်ပါတယ် ...


ဝက်သား ငပိနှပ်


ဝက်သားကို လုံးချက်ပီးတဲ့ အခါမှာ ပုစွန်ငပိ အနည်းငယ်ကို ရေဖျော်ထည့်ပီးမွှေ ...
ပီးမှ အသားတုံး မြုပ်ရုံ ရေထည့်ပီး မီးမြေးမြေးနဲ့ ချက် .. နောက်ဆုံးတရေ ခမ်းခါနီးမှ မန်ကျည်းမှည့်ရည်ကိုထည့် .... ပီး ချက်ထားသော ၀က်သား ... ချဉ်၊ ငံ၊ စပ်


ဝက်သားနှပ်ကို ကြိုက်တယ် ...


ဝက်သားနှပ် နှင့် ငပိထောင်း တွဲစားရတာ ထမင်းမြိန်တယ် ...


ဝက်သားနှပ် ( အနှစ်များနှင့် )

ညစာကျရင် ဟင်းအိုးထဲက ကျန်နေတဲ့ အနှစ်ဖတ် နဲ့ ဆားလေးနည်းနည်းထည့် ... ထမင်းကို အိုးလူးပီး စားရတာကို ကြိုက်တယ် ...

3 comments :

Qt said...

တီတီသက် အရမ်းတော်တယ် ဗျာ
ပညာက အရမ်းမြင့်နေပြီ
ဒေါက်တာဘွဲတောင် မဖြစ်နိုင်တော့ဖူး
ပါရဂူဘွဲ ရသင့်နေပီ :D :D
ထမနဲ့ပိုစ့်က နောက်ဆုံး ကမ်နွန် ကင်မရာကြီးလိုချင်တယ် :D :D
ဒီမှာ ဂျပန်က ၁၁ နှစ်မြောက်အထိမ်းအမှတ်ဆိုပြီး လာ ရောင်းတာ လန်းရှော့ ၃ ခု ပရင့်တာ ၁ ခု နဲ့ ဟမ်းဘတ်အိတ်တလုံး( ဂျပန်မိတ် အဆက်လိုက်)......ဒေါ်လာ ၁၁၀၀ နဲ့ ရောင်းတာ ဗျာ.... ဒစ်စကောင့် ဒေါ်လာ ၄၅၀ ချတာ ဗျ .....
:(

Qt said...

တီတီသက် အရမ်းတော်တယ် ဗျာ
ပညာက အရမ်းမြင့်နေပြီ
ဒေါက်တာဘွဲတောင် မဖြစ်နိုင်တော့ဖူး
ပါရဂူဘွဲ ရသင့်နေပီ :D :D
ထမနဲ့ပိုစ့်က နောက်ဆုံး ကမ်နွန် ကင်မရာကြီးလိုချင်တယ် :D :D
ဒီမှာ ဂျပန်က ၁၁ နှစ်မြောက်အထိမ်းအမှတ်ဆိုပြီး လာ ရောင်းတာ လန်းရှော့ ၃ ခု ပရင့်တာ ၁ ခု နဲ့ ဟမ်းဘတ်အိတ်တလုံး( ဂျပန်မိတ် အဆက်လိုက်)......ဒေါ်လာ ၁၁၀၀ နဲ့ ရောင်းတာ ဗျာ.... ဒစ်စကောင့် ဒေါ်လာ ၄၅၀ ချတာ ဗျ .....
:(

Thet Nandar Family said...

@ QT ... Hak .. Hak ... Hak

ကိုယ့် သတိထားမိနေသလောက်လေးပါ ...

အဲဒီဘက်မှာ အမြင်၊ အာရုံရနေရုံလေး ... ဟက် .. ဟက် ...:P

အဲဒီ ကင်မရာ ကြော်ငြာတွေက blog က ကြော်ငြာတွေပါ ...

အဲဒါတွေ အားလုံးပေါင်းမှ ဒေါ်လာ ၄၅၀ ဆိုရင် တော်တော်ကို တန်နေပါပီ ..

ကိုယ်တောင် ကြား .. ကြားချင်း သရေကျသွားတယ် ..