Saturday, March 24, 2012

မလာနဲ့တော့ ...

  
IP Address : 24.91.49.59
Location : West Newton, Massachusetts, United States
Firefox : 4.0 
WinVista


နောက်ဆို .. ကိုယ့် မိသားစု ဘလော့ကို လာမဖတ်ဖို့ ပြောချင်ပါတယ် ....
အဲဒီ ip နဲ့ ရေးထားတဲ့ တယောက်ရဲ့ comment ကို ဒီနေ့လည် ၁ နာရီ ၄၅ မိနစ်လောက်က ရလို့ ဖတ်ပီး သွားပါပီ ... 

ကိုယ် အခု အချိန်မှာ weak ဖြစ် မနေတဲ့ အတွက် ... သူ့ရဲ့ comment က ကိုယ့်အတွက် ရီစရာ ကြီးပါ ....
ဒါပေမယ့် .. လူ ဆိုတာ အမြဲတန်း strong မဖြစ်တတ်ဘူးလေ ... 
ကိုယ် weak ဖြစ်နေတဲ့ အချိန် ... စိတ်ထိခိုက် ... နာကျင် ... နေတဲ့ အချိန်မျိုးမှာ အဲဒီလိုမျိုး Negative comment တွေကို ဖတ်လိုက်ရရင် တော်တော် စိတ်ထိခိုက်သွားနိုင်တာမို့ ... နောက်တခါ အဲဒီ ip နဲ့ လာဖတ်မယ်ဆိုရင် ကိုယ် အဲဒီ ip ကို ban လိုက်ပါ့မယ်။ 

သူ့ပြောတတ်သလို ... ကိုယ်လည်း ပြန်ပြောနိုင်ပေမယ့် သူ အသုံးပြုနေတဲ့ ကွန်ပြူတာ စက် အနေအထားကို ကြည့်ပီး ကိုယ် ပြန်မပြောချင်တော့ပါ ... 

နောက်တခုက West Newton, Massachusetts, United States က ကိုယ်တို့ အခု နေတဲ့ အိမ်နဲ့ ဆိုရင် နီးနီးလေးပါ ... ကားနဲ့ဆို တနာရီလောက်ပဲ အကွာအဝေး ရှိပါတယ်။ အဲဒီ Newton မှာ .. ဒယ်ဒီ သူငယ်ချင်းတွေလည်း ရှိပါတယ် ... 

အသုံးပြုနေတာလည်း Comcast ဆိုတော့ ....

ထပ် စုံစမ်းလိုက်ရင် .. အဲဒီ တယောက်ရဲ့ အိမ်လိပ်စာ နဲ့ ရေးတဲ့လူကို သိလာမှာပါ ... 

ဒါပေမယ့် .. ထားလိုက်ပါတော့ ...

ကိုယ် အဲလို ဧည့်သည်မျိုးကို အလိုမရှိတဲ့အတွက် နောက်တခါ မလာပါနဲ့တော့ ....

blog owner ( အိမ်ရှင် )  မကြည်ဖြူတဲ့ ip မို့လို့ ... နောက်တခါ လာရင် ban ပါမည် .... 

personal blog မို့လို့ပါ ...

ကိုယ့်နာမည် မဖော်ပြထားတဲ့ blog ဆိုရင်တော့ .. Negative သမားတွေကို လွှတ်ပေးထားမှာပါ ...

12 comments :

ဘေဘီ said...

သက်ရေ....
ကိုယ်နဲ့များ ဆိုင်သလား??? ကိုယ်ကတော့
ကောမန့်တွေ မပေးတာ ကြာလှပါပြီ။
အရင်ကောမန့်တွေမှာရော စိတ်အနှောက်ယှက်
ဖြစ်စရာတွေ ရေးခဲ့မိလား????? သိချင်ပါတယ်
တကယ်လို့ ရေးခဲ့မိရင်လည်း ဘာရေးတာကို
မကြိုက်ဘူးလည်း သေချာတော့ ပြောပြအုံးနော်
ကိုယ်ခုတလော ဘယ်သူ့ကိုမှ ကောမန့်မရေးဖြစ်ဘူး

Thet Nandar Family said...

ဘေဘီ ...

ဘေဘီနော် ...

ဘေဘီက နယူးယောက် .. Utica မှာလေ ...

ဘေဘီနဲ့ မဆိုင်ပါဘူး ဘေဘီ အချစ်ဆုံးကြီးရယ် ...

အမလေး ... လန့်ထှာ ...

ဘေဘီ .. Avon စီးပွားရေးလုပ်နေလို့ မအားတာကို နားလည်ပါတယ် ဘေဘီရယ် ...

ဒီပိုစ့်က ဘေဘီကို ပြောတာ မဟုတ်ဘူးနော် ....

Refer ဆိုတာက ဘယ် ဘလော့က နေ လာလည်တာ ဆိုတာကို ပြောတာပါ ဘေဘီရယ် ...

ဘေဘီလည်း ပိုစ့်လေးတွေ အားရင် ပြန်ရေးပါအုံးနော် ...

ဘေဘီ ဟင်းလေးတွေ မျှော်နေမယ် ...

ဟိုတနေ့က မနှင်းဆီ ကို ကိုယ် အိမ်မှာ လာလည်တာတွေ့လိုက်သေးတယ်။

သူ့က အခု ဘလော့လည်းပိတ်၊ ဖေ့ဘွတ်လည်း ပိတ်ထားလို့ လွမ်းလိုက်တာ မနှင်းဆီရယ် ...

ဘေဘီ said...

သက်ရေ...
ဟုတ်ပါတယ် .... ကိုယ့်ဘလောဂ့်က လာလည်တယ်ဆိုတော့ ... ကြောက်တယ်လေ
အဲ့လိုပါပဲ ထားလိုက်ပါ.... ဒါကြောင့် ကိုယ်လည်း စီပုံး
ဖြုတ်လိုက်တာပါ .... စိတ်အနှောက်ယှက်ဖြစ်တယ်လေ
ဒါနဲ့ AVON မလုပ်ပါဘူးကွယ်။ တနေ့ တနေ့ အားတယ်ကို မရှိတာ :) ဒါနဲ့ မနှင်းဆီလေးက
သူမအားလို့ ဘလောဂ့် ခဏပိတ်မဲ့အကြောင်း
အီးမေးလ်ပို့ထားတယ်.... အားရင်တော့ လာမှာပါ။
အရေးမပါတာတွေ အရာမပေးစေချင်ဘူး ... သက်ရေ

Thet Nandar Family said...

ဘေဘီ ...

ဟုတ်တယ် ဘေဘီ ရေ ...

တချို့က ဘလော့တို့ FB တို့ကို ပေါက်ကွဲစရာ နေရာများ ထင်နေလား မသိပါဘူး ...

Comment ကို ရေးချင်တိုင်း ရေးတတ်ကြတာလေ ...

personal blog မို့လို့ပါ ....

နို့မို့ဆိုရင်တော့ ... ဂရုမစိုက်ပါဘူး ...

လွှတ်ပေးထားလိုက်မှာ ....

ဘေဘီလည်း အားရင် ပိုစ့်အသစ်လေးတွေ တင်အုံးနော် ....

Anonymous said...

Oh my god. This is too funny. :D But I am extremely sorry for YOU that you are super weak and felt insulted of what I said but however, you are too foolish to threaten me (What? Come to my house? Because you know my IP? Please don't make me laugh. And what? Go tell Comcast about how sad you are? They WILL laugh at you, so stop embarrassing yourself). Look again, this is internet, not your house. Everyone can read and write whatever they want and beside, you are the one who's bragging about everything you have. And what? how old are you? Like fifty maybe? Old, probably. Maybe you should stop writing blogs if you can't handle others' opinions.

Anonymous said...

မမ... ရို့စ်ကို သတိတရ ရှိလို့ ကျေးဇူးတင်လိုက်တာ။ အစ်မရေ... ရို့စ် အွန်လိုင်းမှာ အချိန်ပေးတာ သိပ်များနေတယ်... ပညာရေးမှာ လျစ်ဟင်းမှုတွေ ဖြစ်တယ် မမ။ အိမ်က အမေ၊ မိသားစုလည်း အဆူခံရပေါင်းများပြီ ဟိး)။ အဲ့ဒါနဲ့ ဖြစ်ချင်တဲ့ ရည်မှန်းချက်လေး မပြီးမြောက်သ၍ ဘလော့ဂ်တွေ၊ ဖေ့ဘုတ်ခ်တွေ၊ အွန်လိုင်း အချိန်ပေးရတဲ့ ကိစ္စတွေ ဘာမှ မလုပ်တော့ဘူးလို့ ကတိလည်းပေး၊ ကိုယ်တိုင်လည်း ဆုံးဖြတ်ထားလို့ပါ။ ဒါပေမယ့် ခင်မင်ရတဲ့ အစ်မတွေ ဘလော့ဂ်ကို လွမ်းလို့ တိတ်တိတ်လေး လာချောင်းတာပါး)။ (ဒါတောင် မိသွားတယ်နော်း) အစ်မရေ... နှောက်ယှက်တဲ့ လူတွေကတော့ ဘလောဂ်ရေးတဲ့ သူတိုင်းကို လိုက်တိုက်ခိုက်တာပဲနော်။ ရို့စ်လည်း အရေးခံခဲ့ရတယ်။ အစ်မ လျစ်လျုရှုထားလိုက်နော်။ စိတ်မကောင်းလည်း မဖြစ်နဲ့။ အဲ့လို လူတွေကတော့ အမြဲ ရှိနေမှာပဲ။

ခင်မင်စွာ
ရို့စ်

Anonymous said...

မနန္ဒာရေ....
ဘယ်လိုပြောပြရမလဲတောင်မသိတော့...။


ပေါက်

Thet Nandar Family said...

ရိုစ့် >>>

ကြိုးစားပါ ရိုစ့် ရေ ...

ရိုစ့် ရည်မှန်းချက်လေးတွေ ထူးချွန်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် ....

ဟဲ .. ဟဲ ... အမ က .. tracking နဲ့ ဘယ်သူတွေ အိမ်လာလည် လည်း ကြည့်တတ်တယ်လေ ...

အခုတောင် ဒီပိုစ့် ကြီး တင်ထားတာ .. ကိုယ့်ရဲ့ *Good value guest* တွေကို အားနာတယ် ..

တကယ်ပါ ...

ချစ်ပေါက် >>>

အိမ်လာလည်တာ ကျေးဇူးနော် ...

ဒီပိုစ့် တင်လိုက်တာ ဧည့်ဝတ် မကျေသလို ဖြစ်သွားရင် ခွင့်လွှတ်နော် ...

MK said...

Ma Thet Nandar

some of them are just so rude and have desperate intention to annoy other people! They are just mentally sick.

Be strong and just ignore them. they do not worth your time even to be upset. Just so not worth it.

anyway your blog is good :)

MK

Thet Nandar Family said...

MK ....

Thanks, I appreciate for your comment.
I totally agree with you ...:)

Anonymous said...

Sis, your blog has been the one I visited most recently. All the food look delicious. :) I feel hungry whenever I visit your blog :/ hehe

Thet Nandar Family said...

Anonymous ....

Welcome ပါရှင် ....

မလာနဲ့တော့ ဆိုတာ သူ့ကို ပြောတာ မဟုတ်ဘူးနော် ...

ဟီး ဟီး :D