Friday, March 16, 2012

မုန်ညင်းချဉ်ဟင်းရည်


ဝက်အူချောင်းကြော်၊ ကြက်သားကင်၊ မုန်ညင်းချဉ်ဟင်းရည်၊ ခရမ်းချဉ်သီးထောင်း၊ တို့စရာ ( ဆူးပုတ်ရွက်၊ ဂေါ်ဖီပြုပ် )


မုန်ညင်းချဉ် ဟင်းရည်


ကြက်ကင် နှင့် မုန်ညင်းချဉ် ဟင်းရည်


ဂျင်း၊ စပါးလင် နှင့် ချက်ထားသော ပူ စပ် စပ် ချဉ် ပြုံးပြုံး မုန်ညင်းချဉ် ဟင်းရည်


ကြက်ကင်


တို့စရာ၊ ခရမ်းချဉ်သီးထောင်း၊ ကြက်သားကင်


ဆူးပုတ်ရွက်ပြုပ် နှင့် ဂေါ်ဖီပြုပ်


ခရမ်းချဉ်သီးထောင်း


ဝက်အူချောင်းကြော်


အိမ်က ကလေးများ အရမ်းကြိုက်တဲ့ ၀က်အူချောင်းကြော်


ဝက်နံရိုး အချိုချက်



ဝက်အူချောင်းကြော် တံဆိပ်


အိမ်မှာ ကြော်စားသော ၀က်အူချောင်းကြော် တံဆိပ်


သူ့အရသာက မြန်မာက ၀က်အူချောင်း အရသာ နဲ့ တူတယ်။ စားလို့ကောင်းတယ်။



 ဆူးပုတ်ရွက်


ဆူးပုတ်ရွက် ဈေးနှုန်း


မျှင်ငပိ ဗူးလေးများ


အဖုံးဖွင့်လိုက်ရင် မြင်နေရတဲ့ မျှင်ငပိ .. တခါက အိမ်မှာ စိမ်းစားငပိ ကုန်သွားလို့ ... အေရှန်ဆိုင်မှာ ပုစွန်နဲ့ လုပ်ထားတဲ့ မျှင်ငပိ တွေ့တာနဲ့ ၂ ဗူးလောက် အိမ်မှာ ဆောင်ထားတာ .. တဗူးက ဒယ်ဒီ အသိ ၀ယ်လာပေးတာ ...


ငပိဖုတ်


ကြိတ်စက် နှင့် တခါတည်း .. ငပိဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီးမီးဖုတ်၊ ဟင်းခတ်မှုန့်၊ ဆား .. တခါတည်း ရောကြိတ်ထားလိုက်တယ်။


ကြိတ်စက်ထဲက ခရမ်းချဉ်သီးထောင်း


ခရမ်းချဉ်သီးထောင်း ... နံနံပင်လေးအုပ် ... ဆီစိမ်းလေး ထည့်လိုက်ရင် စားလို့ကောင်းတဲ့ ချဉ်၊ ငံ၊ စပ် ခရမ်းချဉ်သီးထောင်းကို ထမင်းပူပူလေးနဲ့ တွဲစားလို့ ရနေပါပီ ....


အသားကင်တဲ့ နေရာမှာ သုံးတဲ့ ဆော့စ်


ကင်တဲ့ အသား အလေးအချိန်အတိုင်း ထည့်ရမယ့် ဆော့စ် ပမာဏ အညွှန်း


ကင်ပီး သား ကြက်သားကင်


မုန်ညင်းချဉ် ဟင်းရည် အတွက် ... အိမ်မှာ ချက်တာ က ... 

မုန်ညင်းချဉ် - တထုပ်
စပါးလင် - တချောင်း
ခရမ်းချဉ်သီး - တလုံး
ဂျင်း - လက်တဆစ်
ကြက်သွန်ဖြူ - ၂ မွှာ
ကြက်သွန်နီ ဥသေး - ၂ လုံး
ငရုတ်သီးစိမ်း - ၁၀ တောင့်
ဆား၊ ဟင်းခတ်မှုန့် 

ချက်မယ့် အစာ တွေ အားလုံးကို လှီးဖြတ်ပီး မီးဖိုပေါ်မှာ ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့် တို့နဲ့ လုံးချက်ပီးမှ ... တအောင့်အကြာမှာ ရေနွေး လောင်းထည့်ပီး ပွက်ပွက်ဆူနေအောင် ... ဟင်းရည် ကျတဲ့ အထိ ခပ်ကြာကြာလေး တည်ပေးထားသော မုန်ညင်းချဉ် ဟင်းရည် .... ပွက်ပွက်ဆူပီး မုန်ညင်းချဉ် အရွက်ကော မုန်ညင်းရိုးတွေပါ နွမ်းပီး နူးတဲ့ အထိ ခပ်ကြာကြာလေး ဟင်းရည် ကျကျလေး တည်ပေးထားလိုက်တာ ... 
ငရုတ်သီးစိမ်းက ထပ်ထည့်လို့ ရသေးတယ်။ ဂျင်း နဲ့ စပါးလင် ပါတာ တကြောင်း ... အရည်သောက် အနည်းငယ် ပဲ ချက်တာ တကြောင်းမို့ .. ငရုတ်သီးစိမ်း ၁၀ တောင့်လောက်ပဲ ထည့်ချက်ထားလိုက်တယ် ....

သူ့အရသာ ဂျင်း ၊ စပါးလင် ကြောင့် မွှေးလည်းမွှေးသလို ပူလည်း ပူတယ်။
ငရုတ်သီးစိမ်း ... ထက်ခြမ်းခွဲ ကြောင့် စပ်တယ်။
ချဉ်၊ ငံ၊ စပ် ပူလောင်စပ် ဟင်းရည် .....

ကျံမဆိုင် နှင့် ကြက်ရိုးဟင်းရည်လေးပဲ ချက်ချက်၊ ကျံမဆိုင် နှင့် ၀က်နံရိုး ဟင်းရည်လေးပဲ ချက်ချက် သောက်လို့ကောင်းပါတယ် ....


.. .. အရင်ပိုစ့် .. ..


ကျံမဆိုင် နှင့် ကြက်ရိုးဟင်းရည်၊ ကြက်သား - အားလူးဟင်း

ဝက်နံရိုး ဘာဘီကျူး ( အချို ဆောစ့် နှင့် )
ဝက်နံရိုး ဘာဘီကျူး ( အစပ် ဆော့စ့် နှင့် )

ခရမ်းချဉ်သီးထောင်း





0 comments :