Sunday, March 11, 2012

ဝယ်လာသော .....


အပြင်သွားခါနီး ... တရုတ် အမျိုးသား ရိုးရာ ၀တ်စုံ ၀တ်ထားသော သားသား


တရုတ်မင်းသားလို အိုက်တင်ပေးနေတာ .....


တရုတ်သိုင်း ချ မလို့ ဗျာ့ ...


အခုတော့ သားသား Peace sign .. လက် ၂ ချောင်း ထောင်တတ်သွားပါပီ ခင်ဗျား .....

ဒါက .. Daddy ကို ဘယ်နားမှာ ရှိလဲး မာမီက tracking လိုက်တဲ့ google earth ပုံ ...


iPhone 4 S ကို ၀ယ်တုန်းက အွန်လိုင်းကနေ ၀ယ်တာမို့ ... အိမ်ကို ရောက်လာတဲ့ ပါဆယ်ဗူးလေး ....

  
ပါဆယ်ဗူး ဖွင့်လိုက်ရင် မြင်ရတဲ့ အနေအထားလေး ....



sin card က ဖုန်းထဲမှာ ထည့်ပီးသားမို့ ... တချို့ နိုင်ငံ က လို ... sin card ထည့်ဖို့ ပင်အပ်လည်း မပါသလို ... sin card ပြား လည်း မပါ .. ပါဘူး ... ဖုန်းထဲမှာ တခါတည်း သူတို့ ထည့်ပေးတာမို့ ... ဗူးကို ဖွင့်လိုက်ရင် မြင်နေရတဲ့ အနေအထားလေး .... 

တချို့ နိုင်ငံက ပလပ်ပေါက်ခေါင်းက သုံးပေါက်ခေါင်းမို့ ... ပလပ်ပေါက် ခေါင်း အနေအထားလည်း ကွာပါတယ် .. ကိုယ် အစ က မသိဘူး ... ၀ယ်ကာစ FB ပေါ် ဓာတ်ပုံ တွေ တင်လိုက်မှ တနိုင်ငံ နှင့် တနိုင်ငံ ကွာနေတယ် ဆိုတာ သဘောပေါက်သွားတယ် ...


သူ့ကတော့ ... လူ တကာ ပြောသလို ... awesome ပေါ့ ....


iPhone 4 S


32GB

ကိုယ် အခု ဒီလ ... ၁၆ ရက်နေ့မှာ ထွက်မယ့် The new iPad ကို ၀ယ်ချင်နေတာပါ ... ချီတုံ ချတုံ ဖြစ်နေတယ် .. လိုလား ဆိုတော့လည်း ... မလိုဘူး ... ဒါပေမယ့် ... အရမ်း ၀ယ်ချင်နေတယ် ... အိမ်ရှင်မ ဆိုတော့ ပိုက်ဆံကို သုံးချင်သလို သုံးလို့ မရဘူး ... ကိုယ် သာ အလုပ် လုပ်ရင် ဒီလိုမျိုးတွေ တွေးနေစရာ မလိုပါဘူး ... ဒယ်ဒီကတော့ ၀ယ်ချင်ရင် ၀ယ်ပေါ့တဲ့ ...  ၀ယ်လည်း ၀ယ်ချင်ပါတယ် ... =) 

စဉ်းစားတုန်း .... =)

အမေရိကားကို မနှစ်က ဧပြီလ ၇ ရက်နေ့မှာ ရောက်လာတယ် ... iPad 2 စထွက်ခါစပဲ ရှိသေးတယ်။ အမေရိကား မှာပဲ ၀ယ်လို့ရနေသေးတဲ့ အချိန်တုန်းက iPad 2 ကို သေးလို့ စိတ်မ၀င်စားဘူး။ သေးသေးလေး ... အားမရစရာလေး ... ခပ်ကြီးကြီး $ 700 + .... touch screen 23" ကွန်ပြူတာပဲ ၀ယ်လိုက်ပါတယ်။ နောက်ထပ်ပီး လက်မ ၄၀ တီဗီ နဲ့ ကွန်ပြူတာကို ဆက်ပီး Internet သုံးဖို့ 16' VGA cable တောင် ထပ်ဝယ်လိုက်သေးတယ်။ ၂၃လက်မ computer screen တောင် အားမရဘူး ...

အခု The new iPad - 9.7" က screen - ၁၀လက်မတောင် မရှိပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က awesome ပါပဲ .... 


ဒီနေ့ မနက် ... A Dong ဆိုင်က ၀ယ်လာတဲ့ အုန်းနို့ ကျောက်ကျော ... ရန်ကုန် တရုတ်တန်းက ကျောက်ကျောလိုမျိုးပဲ ....


A Dong ဆိုင် လိပ်စာ ပါ တဲ့ ဌက်ပျော်သီး ကောက်ညင်းထုပ် ... 
ကိုယ်တောင် တနေ့ နေ့ တချိန် ချိန် စားချင်လာတဲ့ အခါ လုပ်စားမယ် ဆိုပီး မှတ်ထားတာ .. A Dong ဆိုင်မှာ တထုပ်ကို $1.75 ပေးရတာ ဆိုတော့ အိမ်မှာ ဌက်ပျော်သီး ကောက်ညင်းထုပ် ချက်စားဖြစ်မယ် မထင်တော့ပါဘူး .... =P
ရန်ကုန် အနော်ရထာလမ်း - ၃၄ လမ်း နှင့် ဘားလမ်းကြားက ကောက်ညင်းထုပ် ဆိုင်က အရသာ လိုမျိုးပါပဲ ... စားလို့ ကောင်းပါတယ် ...

ပါဝင်ပစည်းတွေက .. ကောက်ညင်း ( Sweet rice )၊ ဌက်ပျော်သီး နှင့် ပဲ


ဌက်ပျော်သီး ကောက်ညင်းထုပ် ... ပုံစံ ၂ မျိုး 


ဌက်ပျော်ဖက်ရွက်ကို ဖြည် အပီး မြင်တွေ့ရပုံ


ဓား နှင့် လှီး ... စိတ် အပီး မြင်တွေ့ရပုံ ...


အိမ်မှာ .. ရှိတဲ့ အုန်းသီးဖတ်က ကွတ်ကီးမုန့် ထဲ ထည့်ချက်ဖို့ အုန်းသီးဖတ် ပဲ ရှိတာမို့ ... ဌက်ပျော်သီး ကောက်ညင်းထုပ်ကို အုန်းသီးနှင့် တွဲစားလို့ မရဘူး ဖြစ်နေပါတယ် ...


ခြစ်ထားသော အုန်းသီးဖတ်တွေ ကုန်နေတဲ့ အချိန် ဖြစ်နေလို့ ...


ဒါလေးက ၀က်သားချဉ် လို့ ထင်တာပဲ ... ၀ယ်လာလိုက်တယ် .. 
အာရှ အစားအသောက်တွေက အများကြီးပဲ ကွယ် ... ကိုယ့် လည်း စာဖတ်လိုက် .. ရွှေမြန်မာ အရသာနှင့် ခပ်ဆင်ဆင်တူတဲ့ အစားအသောက်ဆို ၀ယ်လာလိုက် ...


ဒီနေ့ ဟင်းမချက်ဘူး .. ထမင်းပဲ ချက်တယ် ... 


ဝက်ခေါက်ကင် ( စားလို့ ကောင်းပါတယ် .. အခေါက်တွေကို ကြွတ်နေတာပါပဲ )



ဘဲကင် နှင့် ကြက်ကင် ( soy sauce ) နှင့် ကင်ထားတာမို့ ပိုစားကောင်းတယ်။


soy sauce နှင့် ကင်ထားသော ကြက်ကင်


ဘဲကင်
 

ပေါက်ဆီ


ဒညင်းသီး ဈေးနှုန်း


ဒညင်းသီး ပုလင်း ... ယိုးဒယားက လာပါတယ် ..

ကိုယ် တခါ ယိုးဒယားက လာတဲ့ ပဲငပိ ချက်ဖူးသေးတယ်။ ပဲငပိ ပုလင်းက တံဆိပ်မှာ မြန်မာစာလေးတောင် ရေးထားသေးတယ်။


တညင်းသီး အစိမ်းတွေပါ ... ကြာရှည်ခံအောင် ရှာလကာရည် နှင့် စိမ်ထားပါတယ် ...
စားတဲ့ အခါ ကျ .. ဒညင်းသီး ပဲ ဇွန်းနဲ့ ခပ်ပီး ဒညင်းသီး ပြုပ်လို့ပဲ ဖြစ်ဖြစ် ...
တို့စရာ ဒညင်းသီး ပြုပ်
ဝက်သား ဒညင်းသီးဟင်း
ဒညင်းသီး အုန်းနို့ဆမ်း 
ဒညင်းသီး ငပိကြော် ... အမျိုးစုံ ချက်စားလို့ ရပါတယ် ...


ငါးပုလင်းကြီးများတောင် ၀ယ်လာပါတယ် ...


ဒညင်းသီး သေးသေးလေးတွေလည်း ရှိသေးတယ်။ အရမ်း စားလို့ ကောင်းတာပဲ .. စင်ကာပူမှာ ခဏ နေတုန်းက မလေးရှား ဒညင်းသီးလေးတွေ Fair Price ကနေ ၀ယ်ပီး ချက်စားဖူးသေးတယ်။ အဲဒီ ဒညင်းသီး သေးသေး အရသာ အတိုင်းပဲ ...


ဒီအတိုင်းတော့ စားလို့ မရပါဘူး။ ချက်ရအုံးမှာပါ ...


ကိုယ့်က ဒညင်းသီး ဆားရည်စိမ် ဆို .. သေးသေး ကျွတ်ကျွတ်လေးကို ပိုကြိုက်တယ်။ 
သရက်ကင်းဆိုရင်လည်း သေးသေး ကျွတ်ကျွတ်လေးကို ပိုကြိုက်တယ်။


အခု ရန်ကုန်မှာ နွေဝင်ပီ ဆိုတော့ .. မနောနွယ် သရက်ကင်းလေးတွေ ပေါ်ပီ ပေါ့နော် ..
ရန်ကုန် အိမ်ရှင်မတွေ ဆီကနေ .. မနောနွယ် သရက်ကင်း နှင့် ငါးကြင်း ... ဥသြစ်ရွက်၊ မန်းကျည်းရွက်နု ချဉ်ရည်ဟင်းလေး သွား ကြည့်လိုက်ပါအုံးမည် ... မချစ်စု သရက်သီးလည်း ငေးရင်းပေါ့ ...


A Dong  ဆိုင်က ၀ယ်လာသော သရက်သီး ဆားနှယ် ....


သရက်သီးကို ဆားရေစိမ်ပီး သကြား၊ ငရုတ်သီး နှင့် နှယ်ထားတာပါ ...  နည်းနည်းချင်းစီစားရင် စားလို့ ကောင်းတယ်။ ရန်ကုန်က သရက်သီး ဆားရည်စိမ်လောက်တော့ မကောင်းဘူး။ ဘာလို့ လည်း ဆို .. သူ့ သရက်သီးက .. ကိုယ့် စားကြည့်တာ ဖွယ်နေသလိုပဲ .. အရမ်း အချဉ်ကြီး တော့ မဟုတ်ဘူး ...


ကန်စွန်းဥ၊ အုန်းနို့ သာကူ


ရန်ကုန်က သာကူ အုန်းနို့လိုမျိုးပါပဲ .. ကန်စွန်းဥလေးတောင် ပါသေးတယ်။ 
ချက်နည်း .. မူရင်း ...  ဘယ်နိုင်ငံ ကလဲးဟင် ? 
သားသားက အရမ်းကြိုက်တယ်။ ကန်စွန်းဥတွေလည်း အများကြီးပဲ။ အုန်းနို့လည်းကောင်းတယ်။ သာကူကလည်း ချိုတယ် ... အဲဒီ တပွဲကို သားသား တယောက်တည်း ကုန်အောင် သောက်တယ်။ 


မုန့်ကြာစိ လို့ ပြောရမလား၊ မုန့်လုံးရေပေါ်လို့ ပြောရမလား ...
မုန့်ကြာစိ  ... သူ့ က ပိုလှ အောင် ပလပ်စတစ်ဗူး ပြင်ဆင်တာလို့ ကိုယ် ... ထင်ပါတယ်။  မုန့်လုံးရေပေါ်က အလုံးကြီး ၂ လုံး .. အလုံးသေး များများမို့လို့ ...
ထညက်ရည်မှာ ဂျင်း အရသာလေး နည်းနည်းရပါတယ်။ အုန်းနို့ဗူး သေးသေးလေးလည်း ထည့်ပေးသလို ... နှမ်းထောင်းလည်း ထည့်ပေးပါသေးတယ်။ ပလပ်စတစ်ဗူး ဘေးနားမှာ နှမ်းထောင်း ပလပ်စတစ်အိပ်ကို တိပ်လေးနဲ့ ကပ်ပေးထားလိုက်ပါသေးတယ် ...

ကိုယ် .. မုန့်ကြာစိ ကို နှမ်းထောင်း ထည့်ပီးတော့ မစားတော့ပါဘူး။ 
အဲဒီ နှမ်းထောင်းကို ဌက်ပျော်သီး ကောက်ညင်းထုပ် နှင့် ပဲ တွဲစားလိုက်တော့တယ်။
သမီးက ဌက်ပျော်သီး ကောက်ညင်းထုပ် အရမ်းကြိုက်တယ်။


ဒါက green tea ကျောက်ကျော


ရေခဲတုံးလေး နှင့် ဖျော်သောက်ဖို့ .... ကျောက်ကျော အမဲလည်း ၀ယ်လို့ ရသလို .. ပင်မွှားလည်း ၀ယ်လို့ ရသည်။


အဲဒီ ဆိုင်မှာ ရှမ်းခေါက်ဆွဲလိုမျိုး ပြင်ဆင်ထားတဲ့ ခေါက်ဆွဲကို ၄ ဒေါ်လာ နဲ့ ရောင်းပါတယ်။ အထဲက အဆာတွေက ရှမ်းခေါက်ဆွဲ နှင့် တော်တော် တူတာပဲ။ ကိုယ်လည်း ရှမ်းခေါက်ဆွဲ ချက်မစားတာ ကြာလို့ ရှမ်းခေါက်ဆွဲ နှင့် အတူ တွဲစားဖို့ ၀က်ခေါက်ကြော် ...


အရင်ပိုစ့်

မြန်မာ တိုက်ပုံ အကျီ ၀တ်ထားသော သားသား
ရှမ်းတိုက်ပုံ အကျီ ၀တ်ထားသော သားသား နှင့် ရန်ကုန် တိုင်းရင်းသားကျေးရွာ
မြန်မာ လည်ကတုံး အကျီ ၀တ်ထားသော သားသား နှင့် ရွှေတိဂုံဘုရား

A Dong ဆိုင်မှ ၀ယ်လာသော အာရှ အစားအသောက်များ
A Dong Super Market နှင့် ၀ယ်လာသော အစားအသောက်များ
A Dong ဆိုင်မှာ ဈေးဝယ်လာသော ဈေးဝယ်စာရင်း
A Dong ဆိုင်နှင့် တစ်ဒေါ်လာ ဆိုင်မှ ၀ယ်လာသော ပစည်းတချို့
A Dong ဆိုင်မှ ၀ယ်လာသော သရက်သီး ဆားစိမ် နှင့်ဂွေးသီး ဆားစိမ် 
A Dong ဆိုင်မှ ၀ယ်လာသော ကျောက်ကျော အမဲ နှင့် ဘူးသီးကြော်


 
နယူးယောက်မှ NY Super Market 

တညင်းသီး ငပိကြော် 

မြန်မာမှာ ချက်စားသော .... ရှမ်းခေါက်ဆွဲ
အမေရိကားမှာ ချက်စားသော ... ရှမ်းခေါက်ဆွဲ
အမေရိကားမှာ ချက်စားသော ... တို့ဖူးနွေး

အမေရိကားက အေရှန်ဆိုင်မှာ ၀ယ်တဲ့ ပဲငပိ ပုလင်းပေါ်က မြန်မာစာ
ယိုးဒယားက လာတဲ့ ဒညင်းသီး သေးသေးလေး


USA ရောက်ခါစ ... iPad 2 အသစ်ထွက်တာ မကြာသေးပေမယ့် iPad 2 မ၀ယ်ပဲ ... Touch Screen Dell 23" ... သွားဝယ်တဲ့နေ့

Dell 23" touch screen, wireless mouse and keyboard, remote control

TV နှင့် ကွန်ပြူတာ တွဲဖို့ 16' VGA cable = $ 60 ( ဘောက်ချာ စာရွက် ) 

Apple Show Room


9 comments :

သစ်နက်ဆူး said...

ပထမဆုံးအကြိမ် ရောက်လာခဲ့တာပါ....
အရမ်းကို ကျေးဇူးတင်မိတယ်..။
ချက်နည်းတွေ အစုံဘဲနော်...။
အဝေးသင်ဆရာမအဖြစ်..ရင်ထဲမှာ.မှတ်သားလိုက်ပါ
တယ်...
မိသားစုအားလုံး ပျော်ရွှင်ပါစေ...။

Thet Nandar Family said...

သစ်နက်ဆူး ....

လာလည်တာ ကျေးဇူးပါ ....

အိမ်မှာ ချက်၊ စားတာလေးတွေကို အင်တာနက်ပေါ်မှာ share ရင်းနှင့်

အမေရိကားမှာလည်း အေရှန် စားသောက်ကုန်လေးတွေ အလွယ်တကူ ၀ယ်လို့ရတယ်ဆိုတာကိုလည်း ရွှေမြန်မာက ငယ်သူငယ်ချင်းများကို ပြောပြရင်း

ဘလော့ပေါ်မှာ အမှတ်တရ မှတ်တမ်းတင်လာတာပါ ...

ဟီး ... ဟီး ... .. ... အဝေးသင်ဆရာမ ... .. ... တော့ မလုပ်လိုက်ပါနဲ့ ....

ကိုသစ်နက်ဆူးလည်း ပျော်ရွှင်ပါစေ ....

NgewZaw said...

မသီရိ..ရေ
ဘဲကင်လုပ်ကြည့်တာ..အဆင်ပြေသွားတယ်.
အရင်တကောင်က..ရမ်းကင်လိုက်တာ..မကောင်းဘူး၊
မသီရိဘလော့ဂ် ကိုတွေ့ ပြီးနည်းလည်းရရော..
တခြမ်းဘဲ ကျန်တဲ့ဘဲကို ညတွင်းချင်းကင်လိုက်တာ
အရမ်းစားကောင်းတာ...အမျိုးသမီးနဲ့ သားနဲ့ 
၂ယောက်သားစားလိုက်ကြတာ..ထမင်းလွတ်ဘဲ..၊။
သူတို့ ကို အကိုက ကြွားထားတာ..
ကိုယ့်ဆရာမက usမှာ လို့ ..။
အခု ဆရာမလဲတွေ့ ၊နည်းလဲရရော...ဘဲက
ကုန်သွားရော......။
နော်ဝေမှာ...ဘဲ သား ၀ယ်ရခက်တယ်လေ..၊
ဒါပေမယ့်..ဇွဲမလျှော့ပါဘူး..လာမယ့် စနေနေ့ မှာ
ရွှေချည်မုန့် လုပ်ကြည့်မလို့ ....း)

မိသားစုအားလုံး ပျော်ရွှင်ပါစေ..

Thet Nandar Family said...

Ngew Zaw ...

ကွန့်မန့်ဖတ်ရင်းနဲ့ သွားမစိနိုင်လောက်အောင် ဟီး ... ဟီး နဲ့ ပြုံးနေမိပါတော့တယ် ...း)

ကိုသစ်နက်ဆူးတို့ မိသားစု အားလုံး ကျန်းမာ၊ ပျော်ရွှင်ပါစေ .....း)

သန်လျင်သား said...

အားပါးပါး... သွာရည်တွေတောင် အပြင်ဘက်ယိုထွက် စိမ့်ကျလာပြီးဗျာ...ဟီးဟီး

Thet Nandar Family said...

သန်လျှင်သား ....

အိမ်လာလည်တာ ကျေးဇူးပါ ...
သန်လျှင်သား အိမ်ကိုလည်း အလည်ရောက်ခဲ့ကြောင်းပါ ....

ရေးထားတာလေးတွေ အရမ်းကောင်းပါတယ်။

ရီလည်း ရီရတယ် ....... ..... .......

-(\(\------------(\_/)
( =':')----------(o.O)
(..(")(")---<[:]|||||||[:]>
-----------------(")(")

san htun said...

အကုန်မှတ်သွားတယ် အမ..asian market ရောက်မှ ဝယ်ဦးမယ်

san htun said...

စကားမစပ် သားလေးက တော်တော်လေး ထွားလာတယ်နော်..ချစ်ဖို့ ကောင်းတယ်...

Thet Nandar Family said...

San Htun ....

လာလည်တာ ကျေးဇူးနော် ....

ဟုတ်တယ် .. အေရှန် မားကတ် ရောက်ရင် .. စားချင်စရာတွေချည်းပဲ ...

တပတ်မှ တခေါက်ပဲ ရောက်တာဆိုတော့ မုန့်တွေက ပိုဝယ်ချင်တာပေါ့ ...

ဒါပေမယ့် ကောက်ညင်းထုပ်တွေက အပြင်မှာ ထားမှ စားကောင်းတာမို့ ... နေ့ချင်းပီး စားနိုင်သလောက်ပဲ ၀ယ်လိုက်တယ် ...

မုန့်လုံးရေပေါ်လို မုန့်လုံးကြီး က အထဲမှာ ပဲ ပါတယ် ... ပဲ မုန့်လုံးကြီး သဘောမျိုး ... နှမ်းထောင်းနဲ့ တို့စားပီး အုန်းနို့ဆမ်းစားတာနဲ့ တူတယ်။ ကြိုက်တယ် .. အရသာက ရွှေမြန်မာနဲ့ ဆင်တယ် ...