Tuesday, March 6, 2012

ဒဏ်ရာတွေအပြန်အလှန်မပေးကြနဲ့


ဝက်သားနီချက်၊ မှို ခရုဆီကြော်၊ မုန်လာဥချဉ်ရည်ဟင်း၊ ရုံပတေသီးပြုပ်၊ ကြက်ဟင်းခါးသီး ငပိချက်


ဝက်သားနီချက် 


မှို ခရုဆီကြော်


မုန်လာဥ ချဉ်ရည်ဟင်း


ကြက်ဟင်းခါးသီး ငပိချက်


 တို့စရာ ရုံပတေသီးပြုပ်


အဆီတုံး ဘက်ခြမ်းက ဓာတ်ပုံ ရိုက်ထားတာပါ ...


ဒီတခါ ချက်တဲ့ ကြက်ဟင်းခါးသီးက အသီး နုလေးပါ ... ကိုယ့်တို့ အသက်အရွယ် အနေနဲ့ ဆိုရင် ဆီးချို မဖြစ်အောင် ကြက်ဟင်းခါးသီး အစေ့ကိုပါ စားပေးရတာမို့ ... ကိုယ့် တခါတည်း ကြက်ဟင်းခါးသီး အစေ့လေးကို ဒီတခါ အသီးနုလို့ ထည့်ချက်ထားပါတယ်။ မျှင်ငပိ နဲ့ ပုစွန်ခြောက် လည်း ပါတာမို့ အရမ်း အခါးကြီးလည်း မဟုတ်ဘူး ...



ဒီတခါကြော်တဲ့ မှိုက အမဲရောင် ... အဖြူရောင်ထက် နည်းနည်း ဈေး ပိုကြီးတယ်။ 


မုန်လာဥ နဲ့ မျှစ် ချဉ်ရည်ဟင်း


ဝက်သားနီချက် ဟင်းအိုး



မုန်လာဥ၊ မျှစ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ မျှင်ငပိ၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည် နှင့် လုံးပီးချက်ထားသော ချဉ်ရည်ဟင်း ...




ထမင်းစားဝိုင်း



ကွန်နက်တီကတ် .. မှာ နေထိုင်သော ရွှေမြန်မာ များ အတွက် ... ကိုယ် 

A Dong Super Market ( Asian Food Grocery Store ) 
Address : 160 Shield Street  West Hartford, CT 06110


မှာ ဈေးသွားဝယ်နေရင်း အဲဒီ ဆိုင်ရှေ့မှာ Mohegan casino bus car ကို အသွားအပြန် ကြို၊ ပို့ လုပ်ပေးနေတာ တွေ့တာနဲ့ ... ကြို၊ ပို့ အချိန်ဇယား ဓာတ်ပုံ ရိုက်လာပါတယ်။
ကားခ အလကား လားပဲ ... သေချာတော့ မသိပါဘူး ...
နေ့တိုင်း ဘက်စကား ထွက်တယ်လို့ ပြောတယ်။ အဲဒီမှာ စီးတဲ့ လူတွေက ... ကိုယ့်ပိုင်ကားနဲ့ လာ ... A Dong ရှေ့မှာ ကားထားခဲ့ပီး .. အဲဒီ ဘက်စကားပေါ် တက်သွားတာ တွေ့တယ်။
( ကား ... ဆီကုန် သက်သာ တာပေါ့နော် ... )

BTW ... ကိုယ့် ဘလော့ ( Personal Blog ) - ဒီနေ့ ၉ လ နှင့် ၃ ပတ် ပြည့်တဲ့ နေ့ပါ ....

ဒီဘလော့ကို 05/14/2011 က စရေးတာပါ။ Fresher လေးပါ ....

 

အွန်လိုင်းမှာ မြန်မာလို ရေးထားတဲ့ ဘလော့တွေ အများကြီး ရှိပါတယ်။ 

Blog ရဲ့ အဓိပါယ်ကိုလည်း အားလုံး သိပီးသားပါ ...  

ဘလော့ရေးပီး ... ဒေါ်လာ သန်းကြွယ် သူဌေး ဖြစ်လာတဲ့ Professional blogger - Darren Rowse ရဲ့ ဘလော့အကြောင်း ရှင်းပြထားတဲ့ ပိုစ့် ပါ ==> http://www.problogger.net/archives/2005/02/05/what-is-a-blog

ကိုယ့် ဘလော့မှာ ကိုယ့် ပရိသတ် နဲ့ ကိုယ်စီ ... ကိုယ်စီ ရှိနေကြပီးသားပါ ... သွားပီး မငြိကြပါနဲ့တော့ ...

ကိုယ်တွေ့ ... အတွေ့အကြုံ နှင့် အတူ ... ကိုယ့်ရဲ့ personal thoughts တွေ ရေးတဲ့လူလည်း သူ ပရိသတ်နဲ့ သူ ရှိပီးသား ဖြစ်သလို ...

  ရသ ပိုင်း ... ကဗျာ၊ ၀တ်ထု ကြိုက်နှစ်သက်လို့ ရေးတဲ့ လူကလည်း

သူ့ ပရိသတ်နဲ့ သူ ရှိပီးသားပါ ...

သူတို့တွေ အပြန် အလှန် ရေးနေကြရင်း လွန်ကုန်မှာ စိုးလို့ပါ ...

Peace



Credit : http://soundcloud.com/momo-aung/chit-thaw-kabarmyay-paint-with

ဒဏ်ရာတွေ အပြန်အလှန် မပေးကြနဲ့ ♫ ♫.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫ ♫ ♫ လောကထဲ ♫ ♫.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫ ♫ ♫

(●̮̮̃•̃) (●̮̮̃•̃) (●̮̮̃•̃) (●̮̮̃•̃) (●̮̮̃•̃) (●̮̮̃•̃) (●̮̮̃•̃) (●̮̮̃•̃)
/█\ ♥/█\/█\♥/█\/█\♥/█\ /█\♥/█\
♫ ♫.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫ ♫ ♫ တဒင်္ဂအတွင်း ဆုံလာတဲ့ ဧည့်သည်တွေ ♫.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫ ♫ ♫

 

5 comments :

အောင်အောင် said...

အစားစာတွေက သရေတွေကျလာပြီ ဟင်းချက်လေးတွေကအရမ်းကောင်းမှာနော်...ပြေားရင်း ဗိုက်ဆာလာပြီ...လာလည်သွားပါတယ်...ပျော်ရွှင်ပါစေ

အောင်အောင် said...

ဗိုက်ဆာသွားပြီ...ဝက်သားဟင်းက မစားရတာာကြာပါပြီဆို..ဟင်းချက်ကတော့ အ၇မ်းကောင်းမှာနော်...လာရောက်လည်ပတ်သွားပါတယ်...

Thet Nandar Family said...

အောင်အောင် ....

အိမ်လာလည်တာ ကျေးဇူးပါ .....

မေမြို့မိုး said...

ထမင်းစားပြီးကြည့်တာမို့လားမသိဘူး.. ကြည့်တာ
နဲ့အီသွားတယ်. ဟိဟိ. အဆီတုံးကြီးမြင်လိုက်တာ.။

Thet Nandar Family said...

မေမြို့မိုး ☁ ☂ .....

° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚အိမ်လာလည်တာ ကျေးဇူးပါ ....


♜♞♝♚♛♝♞♜
♟♟♟♟♟♟♟♟
▓░▓░▓░▓░▓░▓░
░▓░▓░▓░▓░▓░▓
▓░▓░▓░▓░▓░▓░
░▓░▓░▓░▓░▓░▓
♙♙♙♙♙♙♙♙
♖♘♗♔♕♗♘♖