Saturday, March 3, 2012

အမဲသားသုပ်


အမဲသားသုပ်
 

အမဲသားသုပ် - ချဉ်၊ ငံ၊ စပ်
 

ကြက်သွန်ကြော်ဖြူးထားသော အမဲသားသုပ်
 

ဝက်နံရိုးကင်


ဝက်နံရိုး နှင့် မုန်လာဥဖြူ ဟင်းရည်

**** ချက်၊ စားနည်း **** 



အမဲသားကို ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့် နဲ့ နှယ်ပီး ... ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင် နဲ့ အိုးပူတိုက် ... အသားလေးမြုပ်ရုံ ရေထည့်ပီး ရေခမ်း ပြုပ်ထားသော အမဲသားပြုပ် ....



စပါးလင် နှင့် ပြုပ်ပီး ပါးပါးလှီးထားသော အမဲသား ၊ ကြက်သွန်နီ၊ နံနံပင်၊ သံပုရာသီး၊ ပူစီနံ၊ ကုလားပဲ အကျက်မှုန့်၊ ငရုတ်သီး အကျက်မှုန့်၊ ကြက်သွန်ဖြူ ဆီချက် ၊ ကြက်သွန်နီကြော်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့် နှင့် သုပ်ထားသော အမဲသားသုပ် ...
 



ချဉ်၊ ငံ၊ စပ် သုပ်ပီး ကြက်သွန်နီကြော် ဖြူးထားသော ပူစီနံ အမဲသားသုပ်
 

ဝက်နံရိုးကို ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် နှင့် နှပ်ထားပီး မှ ... oven မှာ 350º F နှင့် ကင်ထားသော ၀က်နံရိုးကင် ... 



ဝက်နံရိုးကို ဆား၊ ဟင်းခတ်မှုန့်၊ နဲ့ နှယ်ပီး ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်းတို့ နှင့် အိုးပူတိုက်ပီးမှ ၃ ရေလောက် ပြုပ်ပီး နောက်ဆုံးတရေမှ မုန်လာဥဖြူ ထည့်၊ ငရုတ်ကောင်းမှုန့် ခတ်ထားသော ဟင်းရည် ...
 

2 comments :

Anonymous said...

all look so good !

Aye Mya Nyunt

Thet Nandar Family said...

Aye Mya Nyunt ...

Thanks, Ma Aye Mya Nyunt !