Friday, March 2, 2012

တီ ဂျေ


ယိုးဒယား ရေချို ငပိ


ယိုးဒယားက ထုတ်တဲ့ ရေချို ငပိ ပုလင်း



ဈေးနှုန်း ( အမေရိကားမှာ ... ဒီလို ရေချို ငပိ ပုလင်းလေး ၀ယ်ပီး ငပိရည်ကျိုတတ်တယ်ဆိုတာ ပြောပြပေးချင်တာပါ )



ငပိလိမာချက်



ချဉ်၊ ငံ၊ စပ်


တို့စရာ - ရုံပတေသီးပြုပ်



ငပိချက် နှင့် ရုံပတေသီးပြုပ်


ပျဉ်တော်သိမ်ရွက် ခတ်ထားသော ကုလားပဲ ဟင်းချို 



အမဲသား နှင့် အားလူးဟင်း 









ပြတင်းပေါက်မှာ နှင်းတွေ ကျနေတဲ့ အချိန် ကြာဇံကြော် နှင့် ၀က်သားတုပ်ထိုး 



ဓါးပြားရိုက် ကြက်သွန်ဖြူ နှင့် ဂျင်းကို ဆီသတ်ပီး ဂေါ်ဖီ၊ မုန်လာဥနီကို ထည့်ကြော်၊ ပီးရင် ခဏ ဆယ်ထားပီးမှ ကျန်နေသော ဆီ နှင့် Ham ကို သေးသေးလေး လှီးထားတာ ထည့်ကြော် ... ပီးမှ ပဲငံပြာရည် အနောက်၊ သကြား၊ ဆား တို့နှင့် နှယ်ထားသော ဆန်ကြာဇံကို ထည့်မွှေကြော်လိုက်တော့ ကြာဇံကြော်က နဂို ရိုးရိုး ကြော်နေကျ နေ့တွေတုန်းကထက် ပိုချိုပီး ပိုစားကောင်းတယ်။ Ham ကို ထည့်ကြော်ထားတဲ့ ဆီ နှင့် ကြော် ထားတာမို့လို့ ... နောက်ပိတ်ဆုံးမှ တရုတ်နံနံပင် နှင့် ငရုတ်ကောင်းမှုန့် ဖြူးပီး ထည့်မွှေကြော်လိုက်တော့ ပိုပီး စားကောင်းသွားပါတယ်။ 



ငရုတ်ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ထညက်ရည်



ပဲငံပြာရည် အနောက်နှင့် ချက်ထားသော ၀က်နားရွက်၊ ၀က်လျှာ





ကြာဇံကြော် နှင့် ၀က်သားတုပ်ထိုး



မနက်ဆိုရင် ... ကော်ဖီ တခွက် - ကွတ်ကီး ဖြစ်ဖြစ်၊ ကောက်ညင်း နှင့် ပြုလုပ်ထားသော မုန့်ဖြစ်ဖြစ်၊ ရွှေချီဖြင့် ပြုလုပ်ထားတဲ့ မုန့် တခု  မဟုတ် ... တခု ... ခု ကို စားရင်း အင်တာနက် အနည်းဆုံး တနာရီလောက် သုံးတတ်ပါတယ်။ 

အရင်ဆုံး ... ဒီဘက်က update news သိဖို့ Browser ဖွင့်လိုက်ရင် Yahoo Home Page ... iGoogle Home Page ... Maxthon Home Page မှာ ခေါင်းစဉ်တွေ ခဏကြည့်ပီး ... ဖတ်ချင်တဲ့ ပိုစ့်ဆိုရင် နှိပ်လိုက်ပီး ဖတ်တတ်ပါတယ်။ 

ပီးရင် ... Facebook ကို  ကြည့်ဖြစ်တယ်။ 

FB မှာ share ထားတဲ့ Link တွေ ကနေမှ တခြား ၀ပ်ဆိုဒ်တွေဆီ ... သွားဖတ်ဖြစ်တယ်။

ပီးရင် ... မြန်မာက update news သိဖို့ FB ကို ဖွင့် ... 

ဘလော့တွေ .. သတင်းတွေ ... ကတော့ Google Reader ကနေပဲ ဖတ်ပါတယ်။ 

အချိန်လေးများ ရ ... ရင် ... ရ .. သလို ... Fb မှာ Game ကစားဖို့ အမြန်ပြေးဆော့ရပါသေးတယ်။ 

update လေးတွေပါ ...  

အခု ရက်ပိုင်း .. မနက် .. မနက် .. အင်တာနက် သုံးရင်း .. ဖတ်တတ်နေတဲ့ သတင်းက ... တီ ဂျေ သတင်းတွေပါ ...

ပီးခဲ့တဲ့ လ က ဆယ်ကျော်သက် ကောင်မလေး ... အိမ်နီးချင်း ကလေးမလေး ၃ နှစ် အရွယ်ကို သတ်လိုက်တဲ့ သတင်းကိုတောင် စိတ်ထဲမှာ ဘ၀င်မကျဖြစ်နေတာ .. ဒီက ဆယ်ကျော်သက်တွေရဲ့ Life ကိုလည်း လိုက်ဖတ်ကြည့်နေတုန်း ... ရှိသေး ... အခု .. တီ ဂျေ က အေးစက်စွာ နဲ့ ၃ယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ သတင်း ဖတ်မိတော့ ... ကိုယ် တကယ့်ကို shock ရသွားတာ အမှန်ပါ ....

ကိုယ့် အသိစိတ်ထဲမှာ ကျောင်းကို ဘာလို့ သေနတ် ယူလို့ ရတာလဲး ....

သမီးကို ရွှေမြန်မာက ILBC မှာ ထားတာ မို့ ... ILBC ကျောင်းမှာ ... 

ရန်ကုန်မှာ ဗုံးတွေ ခွဲပီး နောက်ပိုင်း private school တော်တော်များများ နဲ့ shopping mall တွေမှာ ... security  metal detector တွေ တပ်ထားပါတယ်။ 

ကိုယ့် US ရောက်စက ကျောင်းတွေမှာ ... CCTV တောင် ရှိတာ .. metal detector လည်း ရှိမယ်ပဲ ထင်နေတာ .. 

စာသင်တာ Smart Board နဲ့ projector နဲ့ စာသင်တာမို့ metal detector လည်း ရှိတယ်လို့ပဲ ထင်နေတာ .. 

ဆယ်ကျော်သက် ကျောင်းသားက သေနတ် နဲ့ ကျောင်းထဲက cafeteria ကို ၀င်လာပီး ... ပစ်သတ်သွားမှပဲ metal detector ကျောင်းတွေမှာ မရှိဘူးဆိုတာ သတိထားမိတော့တယ် ...

သမီး ... elementry school က cafeteria မှာ တီချယ် တွေ အမြဲ စောင့်ကြည့်ပါတယ်။ ကိုယ် တခါ တလေ .. ကလေးကို ကျောင်းသွားကြိုရင် အဲဒီ cafeteria မှာ စောင့် ... တီချယ်ကို ပြော .. သမီး မာမီ ရောက်နေပီ ဆိုတာ .. သူတို့က သမီးကို သွားခေါ်ပေးတယ်။ ပီးရင် လာကြိုသွားကြောင်း မိဘက လက်မှတ်ထိုးခဲ့ရသေးတယ်။ 

အခု ... အထက်တန်းကျောင်းမှာ ကျတော့ cafeteria မှာ စောင့်တဲ့ တီချယ်တွေ မရှိတာလား။ CCTV တွေ မရှိဘူးလား ... 

တီ ဂျေ ကိုတော့ ဆယ်ကျော်သက် အရွယ်မို့ နားလည်ပေးလို့ ရပါတယ် ...

ကျောင်းမှာ .. metal detector မရှိတာ ... အံ့သြတယ် .. လက်နဲ့ ကိုင်တဲ့ metal detector က ဒေါ်လာ တရာကျော်ပေါ့ .. တယောက်ချင်းစီ စစ်ရမှာ ဆိုတော့ ကျောင်း အနေနဲ့က မလွယ်ပါဘူး။ 

walk though metal detector ( Garrett Metal Detector ) က ဒေါ်လာ ၃၀၀၀ နီးပါးပဲ ...

အဲဒါ ကြီး ရှိလို့ ရှိရင် ... ဒီနေ့ မှာ ... အမေရိကား .. အထက်တန်းကျောင်း .. မုန့်စားဆောင်မှာ ... ဆယ်ကျော်သက် ကောင်လေးက .. သေနတ်နဲ့ ပစ်သွားတဲ့ သတင်းကို ကြားရမှာ မဟုတ်ပါဘူး ....

ကိုယ်တော့ ... တော် တော် တုန်လှုပ်သွားတာ အမှန်ပဲ ...

အကယ်ဒမီ ကျောင်းမှာ တက်နေတဲ့ ဆယ်ကျော်သက် ကျောင်းသား။ အားကစားလည်း တော်တဲ့ ကလေးတွေ .. 

အားလုံးက ... ခဏတာ လာတဲ့ ခရီးသည် ... တွေ ချည်းပဲ ဆိုတာ သိပေမယ့် ....

ဒီလိုမျိုး .... လွယ်လွယ်ကူကူ ... အသတ်ခံလိုက်ရတာကြီးကတော့ .... ဘုရား ... ဘုရား .... 

ကိုယ်ချင်းစာတယ် ....

အားလုံး ကိုယ်စီ .. တယောက်ချင်းစီမှာ ... ကိုယ်ပိုင် ဘ၀လေး ရှိပါတယ် ....

အဲဒီ သတင်း ကြား ... ကြားချင်း ... အဲဒီ စက်ကြီးပဲ ပြေးမြင်တယ်။ 

ပီးတော့ လုံခြုံရေး ( သို့မဟုတ် ) CCTV ( သို့မဟုတ် ) တီချယ် ... မရှိဘူးလား .. 

ကျောင်းထဲကို ... ကိုယ့် ကျောင်းက မဟုတ်တဲ့ သူစိမ်း ကျောင်းသားကိုလည်း အ၀င်ခံတာပဲလား .... 

ကျောင်း အကျီ uniform မရှိတာ ... ( aww ... public school ) မို့ ... အမေရိကား ကျောင်းမို့လို့ .... 

အမေရိကားလို အထက်တန်းကျောင်းမှာ မဖြစ်သင့်တဲ့ ကေ့စ်ကြီးပါ ....



တရားရုံးပေါ်မှာ တီဂျေ မျက်နှာ နှင့် အတူ မိသားစု တွေကို မီဒီယာမှာ ဖော်ပြခွင့် ပိတ်ထားပါတယ်။ တီဂျေကို တရားရုံးပြင်ပမှာ တွေ့တဲ့ ဓာတ်ပုံတွေက  အေးစက်စက်ပါပဲ။ တီဂျေ ... နောင်တရနေတာမျိုး မတွေ့ပါဘူး။ ဒီကလေးကို သနားလည်း သနားတယ်။ 

တခါတလေ ကျရင် ... စားနိုင်၊ ၀တ်နိုင်၊ နေနိုင်တဲ့ ... ဘ၀ တွေ ဟာ အပြင်ပိုင်းမှာ ... လူမြင်ကောင်းနေပေမယ့် .... အတွင်းပိုင်းမှာ စိတ်ဓာတ် ညိုးငယ်စွာ နေရတဲ့ ကလေးတွေကို သနားတယ်။

သာမာန်ကြည့်ရင် ... ဆင်းရဲတဲ့ ကလေးတို့ ... ချို့တဲ့လွန်းတာတို့ က မြင်နေရတော့ ပိုသနားဖို့ ကောင်းတာတော့ အမှန်ပါ။ 

စိတ်ထဲ ... နှလုံးသားထဲ .... အတွင်းပိုင်းမှာ ... တော်တော်ကြီးကို ချိနှဲ့ ... ကျိုး ... ပဲ့ ... ကွဲ ... နေတဲ့ လူတွေ ... ကျိတ်ခံစားနေရတဲ့ လူတွေလည်း ... သနားဖို့ ကောင်းပါတယ်။ 

( အဲလို လူမျိုးဆို ... အမြင်ပိုင်းက နေနိုင်၊ စားနိုင်၊ သောက်နိုင်တော့ သနားဖို့ မကောင်းဘူးလို့ ထင်ရပေမယ့် ... ကိုယ်ချင်းစာကြည့်ရင် ... တော်တော် သနားဖို့ ကောင်းပါတယ် ) 

တီဂျေ ခမျာ ... အမေ တယောက်ရဲ့ ကာကွယ်ပေးထားတဲ့ ရင်ခွင်တောင် မရှိရှာပါဘူး။ သူ့ ကို မွေးထားတဲ့ အမေ .. အခု ထက်ထိ အသက်ရှင်နေပေမယ့် သူလည်း ဘ၀ အသစ်မှာ သူ့အကြောင်းနဲ့ သူ ရှိမှာပေါ့နော် ...

ဆယ်ကျော်သက် ဆိုတာ ... ကိုယ်တို့လည်း ဆယ်ကျော်သက် အရွယ်ကနေ ဖြတ်သန်းလာတာမို့ ... သဘာဝ ပဲ ... ဒီအရွယ်မှာ .. ဘာမှ မရင့်ကျက်သေးဘူး။ 

ရင့်ကျက်တယ်ဆိုတာကလည်း ... ငယ်ငယ်ကတည်းက ကြမ်းတမ်းစွာ ဖြတ်သန်းလာတဲ့ လူတွေက ဘ၀ ကို သက်တောင့်သက်သာ နဲ့ ဖြတ်သန်းလာတဲ့ လူတွေထက် ပိုပီး ဘ၀ အတွေ့အကြုံ စုံပီး ရင့်ကျက်ပါတယ်။ 

အဲလို ရင့်ကျက်တဲ့ လူတွေထဲမှာ ... စာတတ်တဲ့လူက ရင့်ကျက်ပုံ ဘောင်ဘင် မခတ်ပဲ .. ပြည့်ဝ စွာ တကယ့် အသီး အပွင့်နဲ့ တန်ဘိုး ရှိရှိ ရင့်ကျက်တာမို့ သူတို့ ပြောတဲ့ စကားလုံးတွေဆို ကိုယ် အရမ်းသဘောကျတယ်။

တချို့ကျတော့ စာမတတ်တာထက် ... ဖြတ်သန်းလာတဲ့ ဘ၀ အနေအထား နိမ့်ကျမှု ကြောင့်လား မသိဘူး ။ တမျိုးပဲ ... မပြောတတ်ဘူး ...  ဒါပေမယ့် ... အဲဒီ လူဆီမှာ ကိုယ် မလုပ်ရဲ .. မကိုင်ရဲ တဲ့ အရာကို ... သူ တို့က ရင်ဆိုင်ရဲ ... လုပ်ရဲ ... ကိုင်ရဲ တာကို လည်း သဘောကျတယ်။ အဲဒီလူတွေက မတွေဝေဘူး ... ကိုယ်ကျတော့ တွေဝေတယ်။ တခု ခု ဆို ကြောက်နေတတ်တယ်။ 

( P.S - စာတတ်တယ်ဆိုတာ ပညာ၊ ဒီဂရီ တတ်တယ်လို့ ကိုယ်ဆိုလိုတာ မဟုတ်ဘူးနော်။ ပညာ၊ ဒီဂရီတွေ မရှိပေမယ့် စာတတ်တဲ့ လူတွေ လောကမှာ အများကြီးပါပဲ ..
ပညာတတ်ပီး ... စာတတ်တဲ့လူတွေ ... SMART ဖြစ်နေတာကိုလည်း အားကျတယ် ..)


စိတ်မကောင်းလိုက်တာ .. ( စကားမစပ် .. တခု ပြောပြပေးချင်တာက ... မိန်းမတွေ ကိုယ်ဝန်လွယ်ထားတဲ့ အချိန် နှင့် ကလေး မွေးပီးရင် သွေးနု .. သားနု မို့ စိတ်ဆတ်ပါတယ်။ မီးနေသည် ပေါ့နော် ... ကျန်တဲ့ အချိန်မှာ .. မိန်းမတွေက စိတ်ဓာတ်မာကြော တဲ့ အခါ ရှိ .. နူးညံ ပျော့ပျောင်း တဲ့ အခါ ရှိပေမယ့် ... အဲဒီ အချိန်ဆို စိတ်ဆတ်တတ်တော့ .. ပြသနာ သေးသေး လေး ဆိုပေမယ့်လည်း စိတ်က ထောင်းကနဲပဲ ဒေါသ ကြီးလွယ်တယ် .. ( နားလည်ပေးလိုက်ပါ ) ... အဲဒီအချိန်မှာ စိတ်ထိခိုက်စရာ သေးသေးလေး ကြုံပေမယ့်လည်း  အရမ်းကို ထိခိုက် ပီး ... တငို ငို ... တရီ .. ရီ နဲ့ မီးတွင်းရူး သဘောမျိုးပေါ့နော် .... 

မိန်းမတိုင်း ဓမတာ မလာခင် စိတ် အရမ်း ဆတ်တတ်ပါတယ်။ နည်းနည်းလေးပဲ စိတ်ဆတ်တတ်တာနဲ့ ... အများကြီး ... လူသတ်ချင်လောက်အောင် စိတ်ဆတ်တတ်တာပဲ ကွာတာပါ ...  ချောကလက် စားပေးပါ ... 

( p.s ... ကိုယ့် ဒီ ရက်ပိုင်း အတွင်း တီဂျေ ... update လေးတွေ လိုက်ဖတ်နေမှာပါ ... သူ့က ၁၈ နှစ်အောက်မို့ သေဒဏ်ပေးလို့ မရပါဘူး။ တသက်တကျွန်းလား ... ထောင်ဒဏ် ၂၅ နှစ် အထက်လား ... ၂၅ နှစ် ဆို .. လွတ်လာရင် အသက် ၄၂ နှစ်ပေါ့ .... )

ရန်ကုန် သတင်းလည်း လက်လှမ်းမီရာ လှမ်းပီး ဖတ်ပါသေးတယ်။ FB မှာ တင်ထားတာ ... သူ့သမီးက နိုင်ငံခြားမှာ ကျောင်းဆက်တက်မှာမို့ ဆမ အပ်လိုက်တာ .. အခု တိုးတက်ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံကြီးနဲ့ ဘာဆက်လုပ်ရမလဲး တဲ့ ...

အမ ရေ ... တူတူပဲ ... ကျွန်မတို့လည်း မနှစ်က ဧပြီလ က ထွက်လာတာ ... ကိုယ့်လည်း အမေရိကားရောက်တာနဲ့ ... ရွှေမြန်မာမှာ ... တခါမှ မထင်မှတ်ထားတဲ့ မြင်ကွင်းတွေ မြင်နေရ ... ကြားနေရတာ ... ၀မ်းသာလိုက်တာ ... နေ့ချင်း ... ညချင်းပဲ .... ပြောင်းလဲ တိုးတက်နေတာ ....


** အရင်ပိုစ့် **


4 comments :

ဘရဏီ said...

အမရေအဲ့ ဒီငါးပိကအရသာဘယ်လိုနေလဲဟင်
ဘရဏီလဲဆိုင်တွေမှာခနခနတွေ့ တယ်။ဘယ်လိုမှန်း
မသိလို့ ဝယ်မသုံးတာ။မြန်မာငပိနဲ့ အရသာနီးစပ်လားဟင်။

Anonymous said...

သတင်းကို စုံလင်သွားတာပဲ..။

ကျနော်က ငပိရည်ကျိုတာသိချင်တာ..။။
မချက်တတ်ဖူး.။
အဲဒီယိုးဒယားငပိပုလင်းနဲ့..။



ပေါက်

Thandar Lwin said...

အမ က ကိုယ့်မိသားစု စားဘို့ ဟင်းလေးတွေ ဖွယ်ဖွယ်ရာရာ အပင်ပန်းခံ ချက်တယ် ..ဟင်းလေးတွေ က စားချင်စရာ အမြင်ပဒါသ ရှိအောင်လဲ ပြင်ဆင်တယ်။ မိသားစု အတွက် အချိန်ပေး ပင်ပန်းခံတတ်သူမို့ မိသားစု က သိပ်ချစ်ကြမှာဘဲ ။ တမိသားစု လုံး ကံကောင်းလိုက်တာ...း)

Thet Nandar Family said...

ဘရဏီ ....

ငါးများတယ်။ မြန်မာက ရေကျို ငပိ နဲ့ အရသာ နီးစပ်ပါတယ်။

ပေါက် ....

ငပိရည်ကျိုတာ လွယ်လွယ်လေး ပါပဲ။
ရေချို ငပိ ကို ဇွန်းလေးနဲ့ ခပ်ပီး ဆနွင်းမှုန့်လေးထည့် ... ရေလေး အလော်တော်လောက် ထည့်ပီး ကျိုလိုက်ရင် ပီးသွားပါပီ။
ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီး အကျက်မှုန့် နဲ့ ငပိရည်ဖျော်လည်း စားကောင်းသလို ...

ငပိလိမာချက်လည်း စားကောင်းပါတယ်။

ငပိလိမာချက်နည်းရေးထားတဲ့ ပိုစ့် ...

http://thiriyatanar.blogspot.com/2011/07/httpwwwvideojugcomfilmhow-to-make-sweet.html

Thandar Lwin ....

အိမ်ရှင်မ တာဝန် ပါ ...

သားသား နဲ့ သမီးကို ငယ်ငယ်လေးကတည်းက သူတို့ ကြိုက်တာပဲ ကျွေးနေတာမို့ သူတို့ မစားမှာ ကြောက်တာနဲ့ စားချင်တာလေးတွေပဲ ချက်ဖြစ်နေတာပါ ...

ကလေးတွေကို ထမင်းကျွေးရခက်တဲ့ အမေတွေထဲမှာ အမ လည်း အပါ အ၀င်ဘဲ ...

မုန့်ကို မျိုးစုံနေအောင် ငယ်ငယ်ကတည်းက ၀ယ်ကျွေးတတ်တဲ့ အကျင့်ကြောင့်လည်း ပါတယ်။