Thursday, February 2, 2012

ပူရီ ( Puri )



ပူရီ
 


အားလူး - ပူရီ
 


ဒီ .. ပူရီက All purpose flour နဲ့ ကြော်ထားသော ပူရီ
 


ပျဉ်တော်သိမ်ရွက် နှင့် ချက်ထားသော အားလူးဟင်း
 

  
လိမော်ရည် နှင့် ဆိတ်သား ပဲကုလားဟင်းရည် နှင့် ပူရီ


ပူရီ .. ဘဲ သီးသန့် စားရင်လည်း အရသာ ရှိပါတယ်။ ဂျုံမှုန့်ထဲမှာ ဆား ထည့် ကြော်ထားတာမို့ ပူရီ ပဲ သီးသန့် စားလို့ရတယ်။
 

  
ဆိတ်သား ပဲကုလားဟင်းက ပဲဟင်းရည် ကျဲကျဲ အနေအထားနဲ့ ချက်ထားပါတယ်။

  
ဆိတ်သားပဲကုလားဟင်း


ဒီ ... ပူရီက whole weat flour နဲ့ ကြော်ထားသော ပူရီ ...
 


သူ့အရသာက ရန်ကုန်က ပူရီ ကြော်ထားတဲ့ အရသာ နဲ့တူပါတယ်။
 


ပူရီ နှင့် ဆိတ်သား ပဲကုလားဟင်း
 


အချဉ် အတွက် ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မန်းကျည်းမှည့်ရည် ကျဲကျဲ ... ဆို လိုက်တယ်။
 



** ချက်၊ စားနည်း **



Credit ** Manjula ** : http://youtu.be/o3xLk13j5r0 

အိမ်မှာ ဆိတ်သား ကုလားပဲဟင်း ချက်တော့ ပူရီနဲ့ တွဲစားချင်တာနဲ့ .... ထုံးစံအတိုင်း  YouTube မှာ .... How to make puri ဆိုပီး search လုပ်လိုက်တာနဲ့ ဒီ ဗီဒီယို ကို တွေ့ပါတယ်။ 
Manjula နည်းအတိုင်း ပူရီ ကြော်ကြည့်တာ ပထမဦးဆုံး အကြိမ် ပူရီ ကြော်စားတာပေမယ့် အဆင်ပြေပါတယ်။ 

Thanks for share, Manjula.


သူ့ ဗီဒီယိုမှာ သေချာ နားထောင်ကြည့်ပါ။ 
1 cup - Whole Wheat Flour
1/2 cup - water
1/3 tsp - salt
1 spoon - oil



ဒါ ... Whole wheat flour အမှုန့် 
ဆန်ချိန်ခွက် နှင့် Whole wheat flour - တခွက် ထည့်
ဆား - လက်ဘက်ရည်ဇွန်း သုံးပုံ တပုံ ထည့်
ရေကို ခွက် တ၀က်ထည့် ပီး နှယ်နေတုန်း
ဆီကို ထမင်းစားဇွန်း နဲ့ တဇွန်း ထည့်ပါတယ်။



ဂျုံများကို ညက်နေအောင် နှယ်ပီးတာနဲ့ ပလပ်စတစ် နဲ့ ထုပ်ထားလိုက်ပါတယ်။
၁၅ မိနှစ် ( သို့ )
မိနစ် - ၃၀ ( သို့ )
တနာရီ .... ကိုယ် အဆင်ပြေသလို နှပ်ထားပါ။



နာရီဝက် အကြာမှာ ပလပ်စတစ်ကနေ ထုပ်ပီး ခဏလောက် နှယ်၊ 

ပီးတာနဲ့ အလုံးလေး သေးသေးလေး လုံးတာ ၉ လုံးလောက် ရတယ်။ 

ပီးရင် ဂျုံ လုံး တွေကို ဆီလေး တတို့လောက် တို့ပီး 

ဒလိမ့်တုံးနဲ့ ခပ်ပါးပါး၊ ပြားပြားလေး လိမ့်ပီး 

မီးဖို နံပါတ် ၇ နဲ့ ဆီနှစ်ပီး ကြော်ထားသော 



ပူရီ



အိမ်မှာ နောက်ထပ် ဂျုံမှုန့် All purpose flour လည်းရှိတာမို့ အဲဒီ အမှုန့်နဲ့ ထပ်ပီး ပူရီ ချက်ကြည့်ပါသေးတယ်။



All purpose flour - ဆန်ချိန်ခွက် ၁ ခွက် တိတိ



All purpose flour - ဆန်ချိန်ခွက် ၁ ခွက် တိတိ
ရေ - ဆန်ချိန်ခွက် တ၀က်
ဆား - လက်ဘက်ရည်ဇွန်း သုံးပုံ တပုံ
ဆီ - ထမင်းစားဇွန်း ၁ ဇွန်း နဲ့ နှယ်ပီး ...
နှယ်ပီးသား ...  ဂျုံတွေကို ပလတ်စတစ် နဲ့ ထုပ်ပီး နာရီဝက်လောက် နှပ်ထားလိုက်ပါတယ်။

နာရီဝက် အကြာမှာ ပလတ်စတစ်ထဲထုတ် ...

ဂျုံတွေကို လက်နဲ့ ခဏလောက်  နှယ် ...

ပီး အလုံးသေးသေးလေး ၉ လုံး လောက် ...

ဂျုံလုံးကို ဆီ တတို့လောက် တို့ပီး....
ဒလိမ့်တုံးနဲ့ ခပ်ပြားပြား ... ပါးပါး အနေအထားလောက် လိမ့်ထားပီးမှ ...

မီးဖိုမီး နံပါတ် ၇ နဲ့ ဆီနှစ်ပီး ကြော်ထားသော ပူရီ ...




ကိုယ်က နူး ညံတာ ကြိုက်တတ်တော့ ဂျုံကို ပူရီ လုပ်တဲ့ နေရာမှာ All purpose flour နဲ့ လုပ်ထားတာ ပိုကြိုက်နှစ်သက်ပါတယ်။



ပူရီတွေကို ဖွပီး သေးသေးခြင်းစီ ဖဲ့ ... ကုလားပဲ နှင့် အားလူးဟင်းရည် စမ်းပီး စားရင် အရသာ ရှိပါတယ်။

ကြက်သွန်နီ နဲ့ မန်းကျည်းမှည့် ချဉ်ရည် အစပ်ကို ထည့်စားရင် ဟင်းရည် ပူပူလေး၊ ဟင်းရည် ကျဲကျဲလေးနဲ့ တကယ့်ကို စားလို့ကောင်းပါတယ်။

** အိမ်သန့်ရှင်းရေး **


ဒီနေ့ ဂျုံမှုန့် ၂ ခွက်လောက် ပူရီ ကြော်ထားလိုက်တော့ အနံစုပ်တဲ့ Fitter ကို ဆေး ... ဖြစ်သွားပါတယ်။ 
ဒါ Stove က stove fitter ပါ။ မီးဖို မျက်နှာကျက် အနံစုပ်တဲ့ စက်မှာ တပ်ထားတာကို ဓါးနဲ့ ကလန့်လိုက်ပီး ဖြုတ် ( သို့မဟုတ် ) ပလတ်စတစ်ကြိုးစလေးကို ဆွဲပီး ဖြုတ်လိုက်ပါ။ ပီးရင် ဇကာကို ရေနွေး နဲ့ လောင်းချ၊ ဆပ်ပြာရည် နဲ့ Brush နဲ့ တိုက်ချပီး ဆေးထားတာပါ။
သူ့ကို တလ တကြိမ်လောက် ဆေးတယ်။ သူ့ကို ဆီချေးတွေနဲ့ ပိတ်မနေအောင် ထားတယ်။ ဒါမှ သူ့က ချက်သမျှ အနံတွေကို ကောင်းကောင်းစုပ်ထုတ်ပစ်တော့ အိမ်မနံတော့ဘူးပေါ့ ....
အိမ်ထဲမှာတော့ Automatic အမွှေးဖြန်းစက်က ၁၅ မိနစ် တခါလောက် အမွှေးနံ့ဖြန်းပေးပါတယ်။ 
ခန်းလုံးပြည့် ကော်ဇောတွေကို အနံစုပ်တဲ့ ကော်ဇော သန့်စင်တဲ့ ပေါင်ဒါမုန့် အမွှေး ဖြူး .. နာရီဝက်၊ တနာရီလောက်မှ ဖုန်စုပ်စက်ဖြင့် ဖုန်စုပ်ပါတယ်။ အဲဒါဆိုရင် ကော်ဇော်လည်း ဟင်းအနံမစွဲသလို .. အိမ်လည်း ဟင်း အနံမစွဲစေပါဘူး။

အကျီ ထားတဲ့ Dressing room က အိပ်ခန်းထဲမှာမို့ အဲဒီ အခန်းက အလုံပိတ် အိပ်ခန်း၊ မီးဖိုချောင်က အိမ်ရှေ့ ဧည့်ခန်းနားမို့ အိပ်ခန်းတံခါး ပိတ်ပီး ချက်တတ်ပါတယ်။

နေ့စဉ် ချက်ပြုပ်နေပေမယ့်လို့ အိမ်မှာ အနံ့စွဲပီး နံနေတာမျိုးတို့ .... အကျီ ဟင်းအနံစွဲသွားတာမျိုးတို့ မရှိပါဘူး။



** အရင်ပိုစ့် **

အမေရိကားမှာ ဟင်းချက်ရင် အကျီတွေ အနံမစွဲအောင် နှင့် အိမ်မှာ အဲယားကွန်းဖွင့်ထားသလိုမျိုး အေးအေးလေး နှင့် ရေမွှေး အနံမွှေးမွှေးလေး .. 2011 - ခရစ်စမတ်သစ်ပင် ပိုစ့် ....

Automatic spray ဖြန်းစက် ဈေးနှုန်းနှင့် spray ဗူး ဈေးနှုန်း

Lucky seven က အားလူးပူရီ



5 comments :

Anonymous said...

ပူရီလည်း..ကြိုက်တာပါပဲး))
ဟိန္ဒူသူငယ်ချင်းတွေက
ကျောင်းကိုထည့်ထည့်လာတော့
မကြာခဏစားရတယ်အစ်မ
သူတို့ပြောတာတော့.ဂျုံလုံးရတာ
ပင်ပန်းတယ်တဲ့.အများစာမို့လို့နဲ့တူပါတယ်။
ပင်ပန်းတယ်ဆိုတော့.
ကိုယ်တိုင်လုပ်မစားဖြစ်တော့ဘူးပေါ့း))
ဆိတ်ပဲလည်းကြိုက်တယ်
ကြက်ပဲလည်းစားတယ်အစ်မး)

အိုးသူကြီးက.အစုံချက်တတ်နေတော့..
အိမ်သားတွေလည်း.၀ိတ်တတ်လောက်ရောပေါ့း))

ချစ်ခင်လျှက်
မိစံ

Thet Nandar Family said...

သမီးစံ ....

ကိုယ်လည်း ပူရီ အရမ်းကြိုက်တယ်။

ပူရီက ဂျုံသားညက်နေမှ ကြော်လိုက်ရင် ပိုစားကောင်းတယ်။

အခု အိမ်မှာ သုံးတဲ့ ဂျုံက ရေ နဲ့ ဆီ နဲ့ အပါ လက်ဖနောင့်နဲ့ ဖိ နှိပ်ပီး နှယ်လိုက်ရင်ကို ဂျုံသားက ညက်နေပါပီ၊

တနာရီ ကြော်လောက် နှပ်ထားရင်လည်း ပူရီ ဒလိမ့်တုံး လိမ့်လို့ ကောင်းနေပီလေ ...
မိသားစု ၄ယောက်စာမို့ နည်းနည်းပဲ ချက်တာ။

ရန်ကုန်မှာဆိုရင်တော့ သမီးစံ ရေ .... ချက်ဖြစ်မှာ မဟုတ်ဘူး။

အပြင်ထွက်လိုက်တာနဲ့ အလွယ်တကူ ၀ယ်စားလို့ ရနေတော့ မချက်ဖြစ်ဘူး။

လက်ဘက်ရည်ဆိုင်ကနေ ဖုန်းဆက်ပီး စားပွဲထိုးကို လာပို့ခိုင်းမလား ရသေးတယ်။
ရန်ကုန် ... အိမ်ရှေ့က လက်ဖက်ရည်ဆိုင်ဆို ဖုန်းဆက်လိုက်တာနဲ့ မနက်စာ ... မြီးရှည်၊ ပူရီ၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး အကုန်လာပို့တယ်။

အရင် ဘလော့အဟောင်းတုန်းက အဲလိုမျိုး ၀ယ်စားသမျှကို ဓာတ်ပုံရိုက် ဘလော့ပေါ်တင်လိုက်ရင် တနေ့ကို Hit 300 လောက် ရတယ်။

ပိုစ့် တပုဒ်မှာ စာလုံးရေ ဆိုလို့ မုန့်ဟင်းခါး - တပွဲ ၃၀၀ ကျပ် ဆိုပီး စာလုံးရေ ... အလုံး ၁၀ လောက်ပဲ ရှိတယ်။

ဟီး ... ဟီး ... အားလုံးကို လွမ်းတယ်။

အခု ... အမေရိကားရောက်တော့ .... မြန်မာစာကို လွမ်းတယ်။

မြင်မြင်သမျှ အင်္ဂလိပ်လို တွေပဲ ဖတ်နေရတော့ မြန်မာလို ရေးချင်တယ်။

မြန်မာလို ပြောချင်တယ်။

မြန်မာ အစားအသောက်တွေ ပိုစားချင်တယ်။

အားနည်းချက်က ငယ်ငယ်ကတည်းက လူတွေကို သိပ်ရောရော နှောနှော မနေတတ်တော့ ... အပေါင်းအသင်း ... နည်းတယ်။

အစုံ ချက်တတ်တယ်ရယ်လို့တော့ မဟုတ်ဘူး ....

ဒီအတိုင်းပဲ ... ချက်လိုက် ... စားလိုက် ....

တနေ့ကို ၃ နှပ်လောက် စားနေရတဲ့ သဘာဝ body ကြီးကြောင့် ...

နေ့စဉ် စားသောက်နေရတဲ့ အစားအသောက်မှာ မရိုးသွားအောင် ...

ရေခြား ... မြေခြားမှာ မညီးငွေ့သွားပဲ ... စား သောက် နေရအောင် ... ချက် ပီး စားနေတာပါပဲ ....

စား သာ စား သာ .... ဒယ်ဒီ ကျတော့ အလုပ် အရမ်း လုပ်ပီး စားတော့ အ၀ လွန်ကြီးလည်း မဟုတ်ဘူး။ body fit ပဲ။

ကိုယ့်ကျတော့လည်း စားပီး အိမ်အလုပ်တွေလုပ်ရ ... ခလေး ထိန်းရ ... ကျောင်းကြို၊ ဈေးဝယ်၊ ထိုင်နေတာ နည်းတယ်။ ကွန်ပြူတာရှေ့မှာ ထိုင်လည်း အကြာဆုံး ၁ နာရီ လောက်ထိုင်လိုက် ... အိမ် အလုပ် လုပ်လိုက် .. ကလေး ကျောင်းကြိုလိုက်မို့ ... မ ၀ နိုင်ဘူး။ body က ...

ကလေးတွေ ကျတော့လည်း စားတော့ စားတယ်။ မုန့်လည်း စားတော့ သူတို့လည်း ပုံမှန်ပဲ။

မြန်မာလို စကားပြောရတာ အာသွက် ... ကီးဘုတ် လက်သွက်တာနဲ့ပဲ ကွန်မန့် စာပြန်တာ ရှည်သွားပီ ...

ကွန်မန့်ရေးရင် gmail နဲ့ ရေးပီး Email follow-up comments to gmail ကို အမှတ်ခြစ်ထားလိုက်ရင် ကွန်မန့်ကို စာပြန်တာ အီးမေလ်း ပို့ပေးတာမို့ ...

ဘလော့ကို နောက်တခေါက် လာပြန်ဖတ်နေစရာ မလိုတော့ အချိန်ကုန် သက်သာတာပေါ့ ...

san htun said...

ပူရီလာစားတယ် မမရေ..

Thandar Lwin said...

အမသက်နန္ဒာ ရေ ဘာလေး ဘဲ စားချင် ချက်ချင် အမ ထဲ ကိုလာကြည့်တော့ အသေးစိတ်ရေးထားတာ အမ က လဲ စုံစုံလင်လင် ချက်တာ ဆိုတော့ ကျမ အတွက် ဟန် ကို ကျနေတာပါဘဲ ။ ကျေးဇူးတင်ပါတယ် ရှင် ။ သားတယောက် သမီးတယောက် နဲ့ အပူအပင်မရှိ စားလို ရာ ချက်စားနိုင် တဲ့ အမ ဘ၀ ကို အရမ်းအားကျမိပါတယ် ။

Thet Nandar Family said...

San Htun & Thandar Lwin ....

အိမ်လာလည်တာ ကျေးဇူးနော် ....

ဒီမှာ ၀ယ်စားစရာတွေက ပေါတော့ ပေါတာပေါ့နော် ...

ခံတွင်းမတွေ့ဘူးရယ် ...

အိမ်မှာပဲ ရှိတဲ့ ကုန်ကြမ်းလေးနဲ့ အဆင်ပြေသလို ချက်စားရင်းနဲ့ ချက်ဖြစ်သွားပါ ....

အသေးစိတ် ပြောပြတာကလေ .... တခြား ဧည့်သည်တွေတော့ မသိဘူး ....

ကိုယ့်ရဲ့ အမာခံ ဧည့်သည်တွေကလေ ...

အမေရိကားမှာ ဘာတွေ ၀ယ်လို့ရလဲး ....
ဘာတွေ ချက်စားလဲး ...
ကြက်သားက ဘယ်ဈေးလဲး ...
လတ်ကော လတ်ရဲ့လား ... အစုံ သိချင်တာလေ ...

အဲဒါနဲ့ပဲ သူတို့ကို ဒီမှာ ဘယ်လို ၀ယ်လို့ ရကြောင်း ... အသား အစိမ်းပါ ဓာတ်ပုံ ရိုက်ပြပီး ... ပြလိုက်တော့ ပိုသဘောကျသွားတယ်။

တချို့ကျတော့လည်း ဟင်းပဲ ကြည့်ချင်တာလေ ... ၀က် နားရွက်တို့ ဘာတို့ အသား အစိမ်းတွေ မြင်တော့ ကြောက်တဲ့ လူတွေလည်း ရှိသေးတယ်လေ။

အဲဒါကြောင့်မို့လို့ ဟင်းပုံတွေကို အပေါ်မှာ တင်ထားပီး ... ချက်နည်းတွေကို အောက်မှာ ထားပေးထားတာ ....

မနေ့က ဂျီတော့မှာ အင်္ဂလန်မှာ ကျောင်းတက်နေတဲ့ တယောက်က အမဲသားပြုပ်ကြော် အဆင်မပြေလို့ လာမေးနေသေးတယ် ...

အဆင်မပြေပုံက ... အမဲသားကို ရေ သေချာဆေးပီး ဆား၊ ဆနွင်းမှုန့် နဲ့နှယ်ပီး ဆီ ပူထဲမှာ ကြက်သွန်ဖြူ၊ ဂျင်း ဓါးပြားရိုက်နဲ့ အသားကျစ်နေအောင် ဆီပူလိမ့်ပီးမှ ရေထည့်ရမှာနော် ....

အဲဒါကို ဒီအတိုင်း ရေ ထည့်ပလိုက်တယ်။ အမဲသားကို အိုးပူ မတိုက်ပဲ ရေထည့်ပြုပ်တော့ အသားက စားလို့ တော့ သိပ်မကောင်းဘူးပေါ့ ....

ရေခမ်းပီး အသားနူးလာရင်လည်း မီးကို လျှော့ပီး အမဲသား မကြွပ် တကြွပ် အနေအထားထိ ကြော်ရင် စားကောင်းနေပါပီ။

အဲလိုမျိုးပဲ ... အသိတွေက နားပူ နားဆာ ... လုပ်တတ်လွန်းလို့ ... ဘလော့မှာ အသေးစိတ်တောင် မကတော့ဘူး ....

အဲဒါ ဘယ်နှစ်မိနစ်လောက် အိုးပူ တိုက်ရမလဲး ဆိုတာက ပါသေးတယ်။ အမဲသား အရောင်ပြောင်းတဲ့ အထိ ဂျင်း အနံလေး မွှေးတက်လာတဲ့အထိလို့ ... အမဲသား အသားတုံး ကျစ်လာပီဆိုမှ အသားတုံး မြုပ်ရုံလေး ရေထည့်ပြုပ်ပါ .. ၃ ရေလောက်ဆို အမဲသားနူးပီလို့ ...

အမှန်တော့ ... ကိုယ့်ဘလော့မှာ စာနည်းတယ်။ ဓာတ်ပုံများတယ်။

ဘလော့က စာ မှာ step by step မရေးပေးရင် တချို့ အစိမ်းသပ်သပ် ချက်တဲ့လူတွေ တော်တော် အဆင်မပြေတတ်ဘူးဆိုလို့ ပြောပြပေးရုံ သပ်သပ်ပါ ...

ဒီနေ့ ကြက်သား ပင်စိမ်းရွက် အုပ်ချက်ထားတာ မနက်မှပဲ တင်ပါတော့မယ်။

အခု မိုးချုပ်နေလို့ ... Good Night !