Monday, February 20, 2012

Mohegan


Connecticut မြို့လယ် .. ကားပေါ်ကနေ လှမ်းရိုက်လိုက်တာ ....


Mohegan ကို ရောက်ပါပီ


ကားတွေက အထပ် တိုင်း ပြည့်နေတယ်။ စနေနေ့ 02.18.2012 မို့ ... လူ အရမ်းများတယ်။ ကားပါကင် တွေ အားလုံး Full ဖြစ်နေတယ်။


ကိုယ့် စီးမယ့် ဓာတ်လှေကား အလွှာ ကို မှတ်ရ လွယ်ဖို့ ကတ်ပြား ယူလို့ ရတယ်။


အလကား ကြည့်လို့ရတဲ့ စတိတ်ရှိုး ... ဖေဖော်ဝါရီ - 18 ရက်နေ့ညက Billy Joel အဖွဲ့ သီချင်း ဆိုတယ်။


အခု ရာသီဥတုက အေးတော့ အေးပေမယ့် ... နှင်း မကျတော့ အရမ်း အအေးကြီး မဟုတ်ဘူး။


သမီးက အဲဒီ ၀ံပုလွေ အရုပ် ကို သဘောကျတယ်။ လှုပ်ရှားတယ်။ ခေါင်းလှုပ်၊ လှည်လည်း လှည်နေတယ်။ ၀ံပုလွေ အရုပ်က ... အဲဒီနားက ကစားပွဲတွေက ၂၁ နှစ်အောက်ဆို ၀င်လို့ မရဘူး။ ကလေးတွေ သပ်သပ် ကစားတဲ့ နေရာ သီးသန့် ရှိတယ်။


ဝံပုလွေ ကျောက်တောင်


ကျောက်တုံး ရေတံခွန် နှင့် သမီးလေး


ဒယ်ဒီ နှင့် သားသား


ဝံပုလွေ နှင့် ကျောက်တုံးပေါ်က ကျလာတဲ့ ရေတံခွန်


ပန်းချီကားချပ် ( အကြီးကြီး )

စကားမစပ် ... ကိုယ် ... ငယ်ငယ်ကတည်းကနေ ... အခု အချိန်အထိ ... ကဗျာ၊ ၀တ်ထု၊ ပန်းချီ ကို ခံစားလို့ မတတ်ဘူး။

အသက်ကြီးလာတော့လည်း Life က စိတ်ကူးယဉ် မဆန်လို့ အနုပညာဆိုတာ ပို ဝေးပေါ့ ...
ခံစားတတ်တဲ့လူတွေကို အားကျပါတယ်။ ဖန်တီးတဲ့လူတွေကို ပိုပီး လေးစားပါတယ်။


အဲဒီနေ့ နေ့လည် ၁၂ နာရီမှာ CNN ကနေ Whiteney Houston ဈာပန အခမ်းအနား LIVE  ကြည့်တယ်။
33း0 လောက်မှ အစီအစဉ်ပီးတယ်။ 

ညနေ လောက်ကျမှ Mohegan သွားတယ်။ 

Mohegan မှာ အခု တန်းစီနေတဲ့ လူတွေက ... Whitney ရဲ့ ခင်ပွန်းဟောင်း ဘရော့ဘီ ဘရောင်း ရဲ့ စတိတ်ရှိုး ကြည့်ဖို့ တန်းစီနေတာ ....


casino မှာ ဈေးဆိုင်ခန်း အများကြီးထဲက တရုတ် လက်ဆောင်ပစည်းရောင်းတဲ့ဆိုင်


ကစားကွင်းမှာ ဒေါ်လာ ၃၀ ဖိုး ကဒ်ပြားထဲ ထည့်ပေးလိုက်ရင် ... ဂိမ်း အားလုံးကို တော်တော် ကြာအောင် အားလုံးနီးပါး ကလေး ၂ ယောက် ဆော့လို့ရတယ်။

 
တယောက် တလှည့် ထု ပီး ဆော့နေကြတာ ...


ကား ဂိမ်း ကို မောင်နှမ ၂ယောက် ဆော့နေကြတာ ...


ဂိမ်းစက်တွေက coin နဲ့ မဟုတ်ပဲ ကတ် နဲ့ စက်ထဲ ဖြတ် ပီး ဆော့တာပိုကောင်းတယ်။

ကွိုင်တွေ လက်ထဲက ပြုတ်မကျအောင် ကိုင်နေရတာ မရှုပ်တော့ဘူး။


မောင်နှမ ၂ ယောက် တူတူ ဆော့နေကြတာ


ဒယ်ဒီက သားသားကို ကူပီး ဆော့ပေးနေတာ ...


ဒီ ဂိမ်းစက်က coin ထည့်လိုက်ရင် တိုကင် တွေ ဆက်တိုက် ထွက်တာမို့ .. တချို့က သဘောကျတယ်။


တခြား တွေ့ဖူးနေကျ ဂိမ်းစက်လိုမျိုး မဟုတ်ဘူး။ တခြား ဂိမ်းစက်တွေက coin ကို ချိန်ပီး ထည့်ရတာ။ coin တခု နဲ့ တခု အချိတ်အဆက်မိသွားရင် အပေါက်ထဲကို coin တွေ အများကြီး ကျလာတာ။


ဒီ ဂိမ်းစက်ကျတော့ တမင်တကာ ... coin ထည့်လိုက်တာနဲ့ တိုကင် ထွက်လာမယ်။
အဲဒီ တိုကင် ဘာလုပ်လို့ ရလဲး ဆို .. ကောင်တာမှာ တိုကင် အရည်အတွက် အလိုက် လက်ဆောင်ပစည်း လဲလို့ရတယ်။

ဂိမ်းကစားတာ ပိုကောင်းတယ်။

ဥပမာ ... အဲဒီ ဂိမ်းစက်မှာ ဒေါ်လာ ၂၀ ဖိုး ဆော့လို့ ထွက်လာတဲ့ တိုကင် အရည်အတွက် .. အလိုက် ...  ကောင်တာမှာ လက်ဆောင်ပစည်းသွားလဲးရင် ဒေါ်လာ ၂၀ တန် အောက်ပဲ ရလိမ့်မယ်။

( တိုကင်တွေ အများကြီး ရပေမယ့် မမြတ်ပါဘူး )



GOOD NIGHT !!!
လျှောက်လည်တဲ့ ဓာတ်ပုံများ နှင့် ဟင်းဓာတ်ပုံတွေလည်း ကျန်နေပါသေးတယ်။
နောက်မှ ...


** အရင်ပိုစ့် .... **




2 comments :

Anonymous said...

အစ်မပုံကော..ပါဘူးလားး)
တိုင်းရင်းသားကျေးရွာကပုံတွေ
တင်တုန်းကတော့.တစ်ခါမြင်ဖူးတယ်။
family ပုံလေးတစ်ပုံလောက်အစ်မ :D

Thet Nandar Family said...

ဒီမှာပါ ... http://thiriyatanar.blogspot.com/2012/02/mohegan-iii.html

မိသားစု ပုံတွေက မွေးနေ့ ပိုစ့်တွေမှာ ရှိပါတယ် ...

၂၀၁၂ .. သမီးမွေးနေ့ http://thiriyatanar.blogspot.com/2012/01/happy-birthday-angel.html

၂၀၁၁ .. သားသားမွေးနေ့

http://thiriyatanar.blogspot.com/2011/11/blog-post_30.html