Tuesday, February 21, 2012

Mohegan - III


အီစတာ ယုန်လေး နှင့် Easter egg လေးတွေ ...

Easter 2012
Good Friday - Friday, April 6, 2012
Easter Sunday - Sunday, April 8, 2012
Easter Monday - Monday, April 9, 2012

အီစတာက ဖေဖော်ဝါရီ ၂၂ ရက် ကနေ ဧပြီ ၈ ရက်နေ့ အထိ ပါ ....  


သားသား .... တိုကင် နှင့် လဲလာသော အရုပ်လေးတွေ နှင့် ဆော့နေရင်း ထမင်းစားဖို့ စောင့်နေတာ ...



စားတော့မယ်နော် .... ကိုက် စားတော့မယ်  ....


စားပါပီ ... ကိုက်စားပါပီ .... မုန့် ....


ကိုယ့် ရောက်တဲ့ နေရာတိုင်းမှာ Decoration ကို အဓိကထား ကြည့်တတ်ပါတယ်။ ၀ါသနာ ပါတာလည်း ပါသလို ... ဖန်တီးတဲ့ သူရဲ့ စိတ်ကူးနှင့် သူရဲ့ အရည်အသွေးကို ချီးကျူးတာပါ ....


သစ်ပင်ရဲ့ မူလ အရင်းအမြစ်အတိုင်း သစ်လုံးကြီးတွေကို မူလ ပင်စည် မပျက် decoration ဆင်ထားတဲ့ တိုင်လုံးများ


အပေါ်ထပ်ကနေ အောက်ထပ်ကို မြင်ရတဲ့ မြင်ကွင်း ... Mohegan ရောက်ရင် ကြမ်းပြင်ကို စိတ်ဝင်စားရင် တချက်လောက် ကြည့် ... ကြည့်ပါ။ 

ရန်ကုန်မှာ ... 1989 ပတ်ဝန်းကျင်လောက်က ခေတ်စားတဲ့ တာဇို ကြမ်းခင်း ဒီဇိုင်းတွေပါ ... 

ရန်ကုန်က ဖေဖေ အိမ် ... နောက်ဖေး ကြမ်းပြင်က တာဇို ကြမ်းခင်း ဒီဇိုင်းပါ ...

အခု နောက်ပိုင်း ရန်ကုန်မှာ ကြွေပြား နှင့် ပါကေး ပဲ ခင်းတော့တယ်။ တာဇို ကြမ်းခင်းတာ ခေတ်မစားတော့ဘူး။


သားသား နှင့် အုတ်ခဲပြား နံရံ ဒီဇိုင်း။ ကြမ်းပြင်က ကြွေပြား ဒီဇိုင်း


မျက်နှာကျက် မီးဆိုင်းက တမျိုး ဆန်းတယ်။ သေချာ ကြည့်ရင် သစ်ခက် ပြားတွေကို ပုံဖော် နေရာချထားသလိုမျိုး ....


ဒီ မီးဆိုင်းတွေလည်း လှတယ်။


မျက်နှာကျက်က နွယ်ပင် သစ်ကိုင်းတွေက ပိုလှတယ်။ သစ်ကိုင်း ဖြာထွက်လာတဲ့  နေရာက ပိုလှတယ်။


ထိုင်ခုံကိုလည်း သဘာဝ သစ်သားတုံး နဲ့ သဘာဝ ဆန်ဆန် ... မြင်နေကျ ပုံစံမျိုး နဲ့ မတူ အောင် အမြင်ကွဲပြားအောင် သဘာဝ ဆန်ဆန် လုပ်ထားသလို ... ဆိုဖာမှာ ထိုင်နေကျ body သမားတွေ သက်တောင့်သက်သာ ထိုင်ချင်အောင်လည်း ကပြား လုပ်ပေးထားသေးတယ်။


ဒါက မျက်နှာကျက် ... သစ်ကို ခွဲပီး မူလ အတိုင်း သစ်ပင် အကြောမပြတ် မျက်နှာကျက် ဒီဇိုင်း ဆင်ထားတာ။


ဒီထက် ပိုပီး စိတ်ဝင်စားရင် .. အင်တာနက်မှာ ... Mohegan casino ရဲ့ ဒီဇိုင်း ဆရာ စိတ်ကူး စိတ်သန်းကို ရှာဖတ်လို့ ရမှာပါ။ 

ကိုယ့် တခါ တလေ အဲဒီလိုမျိုး တီထွင်တဲ့လူရဲ့ စိတ်ကူး ကို ရှာဖတ်တတ်သလို ...

အမြဲတန်းကတော့ ကိုယ့်မြင်ချင်သလို ကိုယ်မြင်ပီး ကိုယ့်ကိုကိုယ် ကျေနပ်နေတတ်သူ တဦးပါ ...


casino မှာ စားတဲ့ ညစာ


ကင်ချီ ထမင်းကြော်


 ပုဇွန် နှင့် ကြာဇံကြော်


ဝက်ခေါက်ကင်
 

သားသား နှင့် မာမီက ကင်ချီ ထမင်းကြော် နှင့် ၀က်ခေါက်ကင်


သမီး နှင့် ဒယ်ဒီက ပုစွန် ကြာဇံကြော်


ဒယ်ဒီ


အရုပ်များ နှင့် သမီးလေး


ရေခဲမုန့် ၀ယ်နေကြတာ ...
 

သမီးလေး


ရေကန်လေးနှင့် အမှတ်တရ


မီးပုံပွဲ ညလိုမျိုး မီးထွန်းထားတဲ့ မီးပုံး ... ပုံစံလေးများ


ရေကန်လေးနှင့် မီးတိုင်လေး ပတ်ပတ်လည်လည်


ကိုယ်မြင်သလို ကိုယ်ပြောလိုက်လို့ ရှိရင် စိတ်ကူး ဒီဇိုင်း ဆင်ထားတဲ့ DESIGNER စိတ်လေသွားမှာမို့ မပြောတော့ပါဘူး။ 

အတင်းမေးရင်တော့ တခွန်းပြောလိုက်မယ်။

ထီးကို ပက်လက်လန်ထားတာ .... :P







dOnut မုန့် ၀ယ်ရင်း လက်ဆောင်ရတဲ့ ဦးထုပ်လေးနှင့် သားသား


ဦးထုပ် ဆောင်းပီး ပျော်နေတာ


 မမ နှင့် အတူ


ပျော်နေတဲ့ ပုံစံ


ဒါကတော့ သီရိရတနာ ဘလော့ ပိုင်ရှင် ( မာမီ ) သက်နန္ဒာ ... ပါ .....



9 comments :

ဘရဏီ said...

မာမီရောသား၊သမီးတွေရောအကုန်လှနေကြပါလား

Thet Nandar Family said...

ဘရဏီ ...

ဘရဏီလည်း လှပါတယ် ....:)

Aung Htut said...

ထီးကို ပက်လက်လှန်ထားတဲ့ ဒီဇိုင်း ကြိုက်တယ်... :)

Anonymous said...

Love to read your blog.
Have a nice day Ma Nandar.

Thet Nandar Family said...

Aung Htut ...

ရန်ကုန်က အမိုး တာလာဘတ်ထဲ ရေ အိုင်နေတယ်လို့လည်း မြင်လို့ရသေးတယ်။ :D

အမှန်ကတော့ ... လာလည်သူ အပေါင်း လန်းဆန်းသွားအောင်လို့ ကမ်းခြေ ဒီဇိုင်း ဆင်ထားပုံ ရပါတယ်။

ဘာလို့လည်းဆို ဒီဘက်က beach ဘက်တွေမှာ အဲလို ဒီဇိုင်းမျိုး တွေ့ဖူးလို့ပါ။

Anonymous :

Thanks for visit.
Have a nice day too.

မြတ်ကြည် said...

မျက်နှာကျက် က မီးဆိုင်းလေး ကြိုက်မိတယ်။ သားနဲ့သမီး ချစ်ဖို့ကောင်းနေတာ အမေက ချောလို့ကိုး။ သားနဲ့သမီးရှိတယ်လို့တောင်မထင်ရဘူး။ :)

Thet Nandar Family said...

မြတ်ကြည် ....

ဟမ် .... @^@ ဟမ် .....

:D

:D

Anonymous said...

အားလုံးပြည့်စုံပါတယ်။
ဘလော့ပိုင်ရှင်မာမီသက်နန္ဒာပုံဘဲ
တစ်ခုခုလိုနေတာ အဟမ်း.အဟမ်းး)))

ချစ်ခင်လျှက်
မိစံ

Thet Nandar Family said...

သမီးစံ ....

ဒယ်ဒီလား ... ဟဲ ... ဟဲ ....

ဓာတ်ပုံ အားလုံးက မာမီကိုယ်တိုင် ရိုက်တာဖြစ်ပီး ..

မာမီ ဓာတ်ပုံကျတော့ ဒယ်ဒီ ကိုယ်တိုင် ရိုက်တာမို့ ...

တူတူ မရိုက်ဖြစ်တာပါ .... :D