Tuesday, February 21, 2012

Mohegan - II


ဘိုလင်း ဂိမ်း ကစားနေကြတာ ....


သားသားက အားရ ပါးရ ဘောလုံးပစ်နေပါတော့တယ် ...




မောင်နှမ နှစ်ယောက် အပြိုင် ဆော့နေကြတာ ....


သားသားလက်ထဲ ဘောလုံး ထည့်ပေးနေသော ဒယ်ဒီ ...


ထုတဲ့ ဂိမ်း ...


ice age ကာတွန်းကားထဲက အကောင်တွေကို လိုက်ထု ....


နှိပ်တဲ့ ဂိမ်း ...



ဖားက အကောင်တွေကို လိုက်စားဖို့ နှိပ် ...


ခလုပ်နဲ့ အပေါ်က ကရိမ်း ကို နေရာရွှေ့တဲ့ ဂိမ်း


ကစားကွင်းမှာ ဆော့နေတဲ့ သားအဖ ၃ ယောက် 




ဂိမ်းဆော့ရင် ရလာတဲ့ တိုကင်တွေကို Ticket Eater စက်ထဲ ထည့်ပီး တိုကင် လက်မှတ်တွေ ကို စားခိုင်း ... တိုကင် လက်မှတ်တွေ မစားခိုင်းသေးခင် .....ကိုယ့်ရဲ့ ဂိမ်း ကစားတဲ့ ကတ် နဲ့ စက်ကို တချက် ဖြတ် .. 
( ဘဏ်ကတ်တို့ ... debit card တို့ကို အမဲလိုင်း ဘက်ခြမ်းပါတဲ့ ဘက်ကနေ ဆွဲဖြတ်သလိုမျိုးလေ )  

တိုကင် လက်မှတ်တွေ စားခိုင်းပီးရင် ... ဂိမ်းကစားတဲ့ ကတ် နဲ့ တိုကင် အရည်အတွက် မှတ်ဖို့ ... 

နောက်တခါ ကတ်နဲ့ စက်ကို တချက်ဆွဲလိုက် ....

ဒါဆို ကိုယ့် ရဲ့ ဂိမ်း ကစားတဲ့ ကတ်မှာ ... ဒေါ်လာ ၃၀ ဂိမ်းကစားဖို့ သွင်းထားတဲ့ ကျန် ငွေ နှင့် တိုကင် လက်မှတ်အရည်အတွက်ကို ကတ်ထဲမှာ record ယူထားပီး ဖြစ်နေပါလိမ့်မည်။ 

ကောင်တာမှာ လက်ဆောင်ပေးတဲ့ နေရာကိုသွားပီး ကလေးများ ကြိုက်နှစ်သက်မယ့် အရုပ်မျိုးကို ကိုယ့်ရဲ့ တိုကင် နံပါတ် အရည်အတွက် အလိုက် လက်ဆောင်ပစည်း ယူလိုက်ရုံပါပဲ။ 

ကောင်တာက ၀န်ထမ်းကို ကတ်ပေးလိုက်ပီး လက်ဆောင်ပစည်းယူလိုက်ရုံပါပဲ။ 

ကိုယ့် နောက်ပိုင်း system တွေကို သဘောကျတယ်။

အခု အားလုံး အလှုပ်ရှုပ်နေတဲ့ အချိန် ... ကိုယ့် တခု ခု ဆို အကူအညီ လိုအပ်နေတဲ့ အချိန်မျိုးမှာ ... အကူအညီမဲ့နေသူတယောက် မဖြစ်အောင် system တွေ က အရမ်းကို ကောင်းနေပါတယ်။

ဥပမာ ... GPS ... အရမ်းကောင်းပါတယ်။ လမ်းမသိဘူးလား။ ကားပေါ်က GPS က အကူအညီ ပေးသလို ...

ကားပေါ်မှာ GPS မပါလည်း အိမ်က မထွက်ခင် ... Google Map မှာ ရှာ ... printer ထုတ်သွားပါ။ direction ကို ညွှန်ပြပေးထားပါတယ်။

တခု ... ခု ဘယ်လို လုပ်ရမလဲး အကူအညီတောင်းချင် ... မေးချင်ပါသလား ..

Google မှာ .. how to do ... အစချီပီး မေးလိုက်ပါ။ အကူအညီ ပေးပါလိမ့်မယ်။

ကိုယ့် yahoo answer မှာလည်း မေးတတ် ... မြန်းတတ်ပါတယ်။ အဲဒီမှာ ဖြေပေးတတ်တဲ့ လူတွေကို ကြည့် ... ကြည့်ပါ။ တော်တော်လေးကို နှံ့စပ် သေချာနေတာပါ။

တခါ တလေ ကိုယ့်ရဲ့ YAHOO A/C ကို မှတ်မိနေတတ်ပီး ... ထူးဆန်းစွာ ... ကိုယ့်ကို လူ မမြင်ရသေးဘဲ .. ခင်နေတတ်တာကိုလည်း ... အံသြစွာ တွေ့ရတယ် ....

ဖြစ်နိုင်ရင် ... ကိုယ်က စပီး RESPECT ပေးလိုက်တာ အကောင်းဆုံးပါ ...

သန့်ရှင်းရေး သမားက အစ ... ထိတ်ထိတ်ကြဲ အထိ ...

ဒီမှာ တွေ့ရတဲ့ လူတွေက ... CULTURE တခု အနေနဲ့ .. ဘယ်သူကို မဆို RESPECT ပေးပါတယ် ...

ဒါပေမယ့် ...  ဘောင်မကျော်လာပါနှင့် .... စည်းကမ်းလေးနှင့် ပြုမူ ဆက်ဆံလိုက်ရင် ... ရေရှည်အထိ လူမှု ဆက်ဆံရေး ကောင်းသွားမှာပါ ...

ကြိုက်မှန်းမသိ .. မကြိုက်မှန်းမသိ ... သွားပီး ... ဟိုလို လုပ်ပါလား ... ဒီလို လုပ်ပါလား .. ဆရာ သွားလုပ်နေလို့ကတော့ .... NEGATIVE SIGN လာပါလိမ့်မယ် ....


ပြောပြချင်တာက ... အင်တာနက်ပေါ်မှာ .. တကယ်ကို တတ်ပီး .. ကောင်းကျိုး တခု လိုလားပီး အပြုသဘောနဲ့ အကူအညီ ပေးတဲ့လူများ ရှိသလို ....


အပျက်သဘော နဲ့ ပြောချင် ... ဆိုချင် ... ဆရာကြီး လုပ်ချင်တဲ့ လူများလည်း ရှိတယ် ဆိုတာကိုပါ ....


** အရင်ပိုစ့် **







0 comments :