Monday, February 13, 2012

မုန့်ဆမ်း




မုန့်ဆမ်းကို ရန်ကုန်မှာ ၀ါဝင်ခါနီးဆိုရင် ဈေးထဲက ဌက်ပျော်သီး ရောင်းတဲ့ ဆိုင်မှာ နို့ဆီဗူး နဲ့ ချိန်တွယ်ပီး ၀ယ်တယ်။
 


အိမ်ရောက်ရင် အ၀တ်ဖြူ ချည်ပိတ်ပါးထဲ ထည့်ပီး ရေနွေးလေး ဖြန်းပီး နှယ်ပေး။ မုန့်သားညက်သွားမှ သကြား၊ အုန်းသီးခြစ်နဲ့ နှယ်ပီး မုန့်လုံး ...  လုံးပီး အပေါ်ကနေ အုန်းသီးဖြူးတယ်။ 

မုန့်ဆမ်း အရသာကို ကြိုက်တယ်။ သကြားများများ၊ အုန်းသီးမျှင်များများ နှင့် မုန့်ဆမ်း မုန့်သား အရသာက စားကောင်းတယ်။ 
 


ဒီမှာတော့ မုန့်လုံး ကို လက်နဲ့ ဆုပ်ပီး အလုံးလေးတွေ လုပ်မနေတော့ဘူး။ ကြွေဇလုံထဲထည့်၊ မုန့်ဆမ်း ၊ သကြား၊ အုန်းသီးမျှင် ကို ဇွန်းနဲ့ နှယ်ပီး ဒီအတိုင်းပဲ ဇွန်းနဲ့ ခပ်စားတော့တယ်။

* ချက်၊ စားနည်း *





 ဒီမှာ ရောင်းတဲ့ မုန့်ဆမ်း 




 ဈေးနှုန်း



မုန့်ထုပ် ကျောဘက်





 ဒီမှာ ၀ယ်တဲ့ အုန်းသီးခြစ်




 ၂ ခု စလုံး စတိတ်က india ဆိုင်မှာ ၀ယ်ထားတာပါ။





 ဒီမှာတော့ အလွယ်တကူ ရေနွေးပွက်ပွက်ဆူထဲ မုန့်ဆမ်း ကို ထည့် ... ၂ မိနစ်၊ ၃ မိနစ်လောက် ပြုပ်လိုက်ရင်ပဲ မုန့်ဆမ်း မုန့်သားတွေ နူးညံနေပါပီ၊ 

ဇကာ နဲ့ ရေ စစ်ထားပီးမှ သကြား၊ အုန်းသီးခြစ်များနှင့် နှယ်ပီး ရေနွေးကြမ်း နှင့် သုံးဆောင်ပါတယ်။


* အရင်ပိုစ့် * 



0 comments :