Monday, February 13, 2012

ပဲကြော် ကြော်နည်း


Daddy ချက်တဲ့ မုန့်ဟင်းခါးပါ။ 
 


ငါး အသားဖတ် များများ နှင့် ချက်ထားပါတယ်။ ဒယ်ဒီ က ကုလားပဲကို ပြုပ်၊ ကုလားပဲပြုပ်ကို ချေပီး ချက်ထားပါတယ်။ 



ဒယ်ဒီက ကုလားပဲ ကို ပြုပ်ပီး မုန့်ဟင်းခါး ချက်ပါတယ်။
ကိုယ်က ကုလားပဲ အစိမ်းမှုန့်ကို လှော်ပီး ချက်ပါတယ်။
 


မန်းတလေး ပဲကြော်၊ ကြက်သွန်ကြော်၊ ပဲကြော်၊ ကြက်ဥပြုပ် နှင့် မုန့်ဟင်းခါး
 


 

အကြော်စုံ ထည့်ထားသော မုန့်ဟင်းခါး


ပဲကြော်


ကတ်ကြေးနှင့် ညက်ထားသော ကြက်သွန်ကြော်
 


ကတ်ကြေး နှင့် ညက်ထားသော မန်းတလေး ပဲကြော်


ကြက်ဥပြုပ်


ငါး အသားများများ နှင့် မုန့်ဟင်းခါး ဟင်းရည်အိုး


** ချက်၊ စားနည်း **



ဒီ မုန့်ဖတ်နဲ့ မုန့်ဟင်းခါး စားရတာကို ပိုသဘောကျပါတယ်။ 
 

  
မုန့်ဖတ် သေးလို့။ တထုပ်ကို 89 ပြား ....


မုန့်ဖတ် ချက်နည်း


မုန့်ဟင်းခါး မုန့်ဖတ်
 


ထမင်းလွတ် ... မုန့်ဟင်းခါး မုန့်ဖတ်များ
 


အကြော်၊ ငရုတ်သီးမုန့်၊ နံနံပင်၊ သံပုရာသီး၊ ကြက်သွန်ဖြူ ဆီချက်၊ ကြက်ဥပြုပ်
 


ကြက်သွန်ကြော်
 


ပဲကြော် 

ပဲကြော်ကို အလွယ် ကြော်နည်းက ....
၂၄ နာရီ ရေ စိမ်ထားသော ကုလားပဲ ကို ...
အကြော်မှုန့် ( ready made )  အထုပ်ကို အရည်ကျဲကျဲ ဖျော်၊ 
ဆား၊ ဟင်းခတ်မှုန့် ( သို့ ) အချို့မှုန့် ထည့်ပီး
ဆီနှစ်ကြော်ရင် ရပါတယ်။

အိမ်မှာ ကြော်တဲ့ ပဲကြော် မုန့်နှစ်က ....

ဆန်မှုန့် - ( ဆန်ချိန်ခွက် ) တ၀က်
ကောက်ညင်းမှုန့် - ( ဆန်ချိန်ခွက် ) တ၀က်
ကုလားပဲမှုန့် - ( ဆန်ချိန်ခွက် ) တ၀က်
ရေ - ( ဆန်ချိန်ခွက် ) တခွက်
ဆား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဟင်းခတ်မှုန့် - လက်ဘက်ရည်ဇွန်း တ၀က်
ဂျင်း - အနည်းငယ် ထောင်းထားတာ

မုန့်နှစ်စပ်မယ့် ကြွေဇလုံထဲမှာ အမှုန့်တွေကို အရင်ထည့်ပီး ... ဆား၊ ဟင်းခတ်မှုန့်ထည့် ၊ ဂျင်းထောင်းထားတာ ထည့် ...
ရေ ( ဆန်ချိန်ခွက် ) တခွက် ကို ဖြည်းဖြည်း ထည့်ပီး မုန့်နှစ် ကျဲကျဲ ဖျော်ထားပါ။

၂၄ နာရီ ရေစိမ်ထားသော ကုလားပဲ ကို မုန့်နှစ်ကျဲကျဲ ဖြင့် ရောပီး ...

ကော်ဖီပန်းကန်ပြားထဲ ထည့် ...

မီးဖိုမီး အလယ်မီး ဖြင့် ဆီနှစ်ပီး ကြော်ပါ။

ဆီပူပီ ဆိုတာနဲ့ ပန်းကန်ပြားပေါ်က ကုလားပဲ + မုန့်နှစ်ကျဲကျဲ ကို ဆီပူထဲ ထည့်ကြော်ပါ။ 

( ရှလွတ် ) ကြက်သွန်နီကို ပါးပါးလှီး .. မုန့်နှစ် ကျဲကျဲ နှင့်ရော ....

ကော်ဖီပန်းကန်ပြားထဲ ထည့် ....

ပဲကြော် ကြော်သည့် အတိုင်းပဲ ဆီနှစ်ပီး ကြော်ပါ။

ပဲကြော်များ အကျက်ညီပီး ပဲကြော် ကြွပ်နေအောင် ကြော်တဲ့ ယောင်းမဇွန်းဖြင့် ပဲကြော် အလယ်ကို ဖိ ဖိ ပီး ကြော်ပေးပါ။

ရေကို ဆန်ချိန်ခွက် ( တခွက်ကျော် ) အထိ မုန့်နှစ်စပ်လို့ ရပါတယ်။ 
 



 ကြော်တဲ့ မုန့်နှစ်မှာ ကုလားပဲ အမှုန့် ထည့်ပီး မုန့်နှစ် စပ်ထားတော့ အကြော်က မွှပီး ပိုစားကောင်းပါတယ်။ 


မန်းတလေး ပဲကြော် အတွက်က kidney bean ( သံဗူး ) နဲ့ လာတဲ့ ပဲတွေကို ခြေပီး ထောင်းထားတဲ့ ဂျင်းထည့်၊ ဆားလေး နည်းနည်း နှင့် အတူ အကြော်မှုန့် နဲ့ နှယ်ပီး လက်ဖ၀ါးပေါ်မှာပဲ မုန့်ပြား လုပ်။ ဆီနှစ်ပီး ကြော်ထားသော မန်းတလေးပဲကြော်
 


ငရုတ်သီး အကျက်မှုန့်
 




** အရင်ပိုစ့် **

4 comments :

မုန့်ကြိုက်သူ said...

စားချင်စရာတွေကြီးပဲ :)

Thet Nandar Family said...

မုန့်ကြိုက်သူ ....

စားနော် .... အများကြီး ချက်ထားတယ်။
မလောက်မှာ မပူနဲ့နော် :)

Anonymous said...

Tennessee ကပါ အမ။ အရမ်းသိချင်နေတဲ့  ပဲကြော်လုပ်နည်းကို တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဝယ်လို့ ရနိုင်မဲ့ အထုပ်ကလေး တွေကိုပါ photo ထဲ့ ပြထားတာမို့ အမရဲ့ စေတနာကိုတကယ်လေးစားမိပါတယ်။

Thet Nandar Family said...

Anonymous ....

အမတို့ မိသားစု ( ၄ ) ယောက်က ကွန်နက်တီကတ်မှာ နေတာပါ။

အမေရိကားမှာ ... ဗီယက်နမ်ဆိုင်၊ ယိုးဒယားဆိုင်၊ ကုလားဆိုင်တွေကနေ မီးဖိုချောင် ကုန်ကြမ်း ပစည်းလေးတွေ လွယ်လွယ်ကူကူ ... ဈေးလည်း သိပ်မကြီးပဲ ၀ယ်လို့ ရနေတာကို အမလည်း သဘောကျတယ်။

အမ ကြိုက်တဲ့ တံဆိပ် နဲ့ အိမ်မှာ ချက်စားရတာ အဆင်ပြေနေတဲ့ မီးဖိုချောင် ကုန်ပစည်းလေးတွေပါ ...

မုန့်ဟင်းခါး မုန့်ဖတ်က rice stick အမျှင်သေးတဲ့ အထုပ် နဲ့ မုန့်ဟင်းခါး ဟင်းရည် တွဲစားရင် အဆင်ပြေတာမို့ အထုပ်ကို ပါ ဓာတ်ပုံ ထည့်ရိုက်ပေးထားတာပါ။

ပဲကြော်က တန်ပူရာ အမှုန့် နဲ့ ကြော်လည်း စားကောင်းပါတယ်။ အိမ်မှာ ဂျင်းထောင်းလေး နည်းနည်းနဲ့ မုန့်နှစ်စပ်ကြော်ထားသော မွမွလေးနဲ့ ပိုစားကောင်းတယ်။

လာလည်တာ ကျေးဇူးပါ။