ဈေးဆိုင်မှာ ရောင်းတဲ့ ကွတ်ကီးလေးတွေ ...
မာမီ နှင့် ဒယ်ဒီ ဈေးဝယ်နေတုန်း သမီး နှင့် သား ကစားတဲ့ KID AREA
မိဘ က စိတ်ချ လက်ချ ထားမှာမို့ ကလေးတွေ လက်မှာနဲ့ မိဘ လက်မှာ သက်ဆိုင်ရာ လက်ပတ်လေးတွေ ပတ်ပေးနေတာ ... BEEPER လေးလည်း ပေးတယ်။ ကလေး တခု ခု ဆို မိဘ နှင့် ချက်ချင်းဆက်သွယ်လို့ရအောင် BEEPER ပေးထားတယ်။
သမီးက အရုပ်တွေ ဆော့ဖို့ ရွှေးနေတာ ....
သားသားက ကွန်ပြူတာ နဲ့ ဂိမ်းဆော့ဖို့ ပြင်ဆင်နေပါတယ်။
ကာလာခြယ်ချင်တယ်။ PAPER နဲ့ ဖြတ်ညှပ်ကပ် လုပ်ချင်တယ် ဆိုလည်း ရပါသေးတယ်။
ဗယ်လတိုင်းအတွက် ရောင်းတဲ့ ပစည်းလေးတွေ
ရေခဲခန်းထဲက ပီဇာ နှင့် မုန့်များ
သမီး ၀ယ်လာသော ကစ်တီ ကွတ်ကီး
ကစားကွင်းမှာ အမှတ်တရ
ဈေးမှာ ပြင်ဆင်ထားသော ဗယ်လတိုင်း အပြင်အဆင်လေးနှင့် အမှတ်တရ
ဗယ်လတိုင်း အမှတ်တရ ပစည်းလေးတွေ
သမီး နှင့် သား ... ကြက်သွန်နီကို အလေးချိန်ပီး စတစ်ကာ ကပ်နေကြတာ ။
PRICE တွက်တာ။ စတစ်ကာ ကပ်တာလည်း အရမ်းလွယ်တယ်။ သမီး နဲ့ သားက ဈေးဝယ်တိုင်း စက်နဲ့ ချိန် ... တွက်နေကြ ... ရန်ကုန် ... စီးတီးမတ်မှာလည်း အဲလိုစက်မျိုး ရှိတယ်။
ကျောင်းက ၀ယ်ခိုင်းတဲ့ စာရေးကိရိယာ ရှာဝယ်နေတာ။
ကျောင်းစာရွက် ကိုင်ပီးတော့ကို လာဝယ်ယူရတယ် ။ နည်းနည်းတော့ များတယ်။ ခဲတံ ပေတံတော့ မဟုတ်ဘူး။
သမီး သူငယ်ချင်းများ နှင့် အမှတ်တရ ...
သမီးအတွက် သူငယ်ချင်း အပေါင်းအသင်းကို အရမ်းပဲ သတိထားပေမယ့် ... ကံကောင်းထောက်မစွာနဲ့ ကိုယ်တို့ အခုနေတဲ့ State - ရပ်ကွက်မှာ အဖြူတွေ နှင့် အေရှန်တွေပဲ ရှိပါတယ်။ သမီး ကျောင်းမှာ ... သူတို့တွေ နှင့် သူငယ်ချင်းဖြစ်ဖို့ ရေစက်ပါလာတာ အရမ်းပဲ ၀မ်းသာပါတယ်။ အပေါင်းအသင်းကို ရွှေးပေါင်းတယ်ရယ်လို့ မဟုတ်ပေမယ့် သွားလေရာ အရပ်ရှစ်မျက်နှာတိုင်းမှာ လူကောင်းတွေနဲ့ပဲ တွေ့ကြုံစေချင်တာပါ။ ငယ်ငယ်လေးကတည်းက ရန်ကုန် ILBC မှာ သူငယ်ချင်း အပေါင်းအသင်းကောင်းတွေနဲ့ ပဲ ကြုံပါတယ်။
သမီး သူငယ်ချင်းရဲ့ တရုတ်စားသောက်ဆိုင်မှာ နှစ်သစ်ကူး နေ့လည်စာ ဖိတ်ကျွေးတဲ့နေ့ ...
အဲဒီနေ့က တရုတ်စားသောက်ဆိုင်မှာ ခြင်္သေ့ အက ... လာကတယ်။
သမီး ခြင်္သေ့ အက ကြည့်နေတာ။
ခြင်္သေ့ အက ခေါင်းဆောင်က သဘောကောင်းတယ်။ စားသောက်ဆိုင်ပိုင်ရှင် သမီး သူငယ်ချင်း နှင့် အတူ သမီးတို့ အုပ်စု အားလုံးကို ခြင်္သေ့ အရုပ်ပေးကိုင်တယ်။
သမီး ... ခြင်္သေ့ မျက်တောင်ကြိုးကို ဆွဲကြည့်နေတာ။
ခြင်္သေ့ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်၊ နှုတ်ခမ်းမွှေး ကြိုး ဆွဲလိုက်နဲ့ အလုပ်ရှုပ်နေသော သမီးလေး ....
Youtube : http://youtu.be/jSQP1wkBWqU
Youtube : http://youtu.be/jSQP1wkBWqU
0 comments:
Post a Comment