Friday, February 17, 2012

အစုံသုပ်


ကိုယ် ဒီရက်ပိုင်း မအားတာလည်း ပါသလို ..
သတင်းတွေ ကြားရ .. မြင်ရတာ .. စိတ်မချမ်းသာလိုက်တာ ..
ဘ၀ တစ်ခုကို တည်ဆောက်ရတာ ခက်ခဲပါတယ်။


အခုဆို အမေရိကားမှာ တခုခု ပြ ဿ နာ ဖြစ်လာပြီ ဆိုရင် အဲဒီလူ နာမည်ကို ဖေ့ဘုတ်မှာ ရှာပြီး သူ့ရဲ့ UPDATE STATUS ကို လိုက်ဖက်တတ်ကြပါတယ်။


ကိုယ့်ဘယ်မှာ ရောက်နေတယ်။ ဘာစားနေတယ်။ ကိုယ့်ရဲ့ ခံစားချက် .. တွေက ဘလော့မှာ ရေးတတ်တာ များပါတယ်။ ဖေ့ဘွတ်မှာ သူများရေးတာတွေပဲ လိုက်ဖတ်တယ်။ လိုက်ကြည့်တယ်။ ကျော်ကြည့်တယ်။ ဖတ်စရာတွေ များလွန်းလို့ ...

တစ်နေ့ တစ်နေ့ ဘယ်လို အချိန်ကုန်သွားလည်း .. ဘာကြောင့် ဘလော့ပိုစ့်တွေ မရေးဖြစ်လည်း ...
အခု စာဖတ်သူလည်း သဘောပေါက်မှာပါ။

အခု စာဖတ်သူက ဖေ့ဘွတ် သုံးတတ်မှာပါ။ ( လူတိုင်းနီးပါး ဖေ့ဘွတ် သုံးနေပြီမို့ )

အဲလိုမျိုး .. ဖေ့ဘွတ် သုံး .. သတင်းတွေဖတ်၊ သူများအကြောင်းတွေ ဖတ်၊ နေ့တဒူဝ အိမ်မှု့ကိစ္စတွေ လုပ်နေတာနှင့် အချိန်တွေ ကုန်သွားတတ်တာ သိမှာပါ။

အဲဒါကြောင့်မို့ ကိုယ်လည်း ဘလော့မှာ ပိုစ့်တင်မယ် လုပ်လိုက်တိုင်း .. အချိန်မရတာနှင့် ပိုစ့် မတင်ဖြစ်တာပါ။

ဒီရက်ပိုင်း ကိုယ့်ကိုကိုယ် နှလုံးရောဂါ မရအောင် သတိထားရပါအုံးမည်။

သြော် .. စကားမစပ် .. ကိုယ် .. အမေရိကားရောက်တော့ .. ကိုးရီးယား ကားတွေ မကြည့်ဖြစ်တော့ဘူး။
ကိုရီးယားကား ကြည့်ရင် အရမ်း ခံစားရလို့ .. ( ဇာတ်လမ်းထဲက မင်းသား၊ မင်းသမီးက ရိုက်ကွင်း အပြီး .. အပြင်မှာ ပြုံးပျော်၊ ရီမော နိုင်ပေမယ့် ) ကိုယ်က သူတို့ အမူအရာ သရုပ်ဆောင် ကောင်းလွန်းလို့ သနားပြီး ခံစားနေရတာ heart attack ရနိုင်တယ်။

ကိုယ့် ဘေး ပတ်ပတ်လည်မှာ တီဗီကြည့်ရင်း heart attack နှင့် ဆုံးသွားသော သူများ တစ်ယောက်၊ နှစ်ယောက် ( လက်တွေ့ ) ရှိပါတယ်။

အမေရိကားက ပြန်ပေးဆွဲခံရသော အမျိုးသမီး အကြောင်း ကြားမှာပါ။ တကယ့်ကို သနားစရာပါ။
မနေ့က သူတို့ အိမ်ပြန်လာတဲ့ LIVE ကို ကြည့်နေတာပါ။


Live ကြည့်ရင်း နှင့် ... screen shot ရိုက်ထားတာတွေ အများကြီးပါပဲ .. သူတို့တွေရဲ့ privacy ကို respect ...  လေးစားသော အားဖြင့် မတင်တော့ပါဘူး။ သူတို့ ကိုယ်တိုင်လည်း လက်ရှိ သူတို့ ပုံစံကို media - public မှာ မဖော်ပြပါဘူး။ အိပ်မက်ဆိုးကနေ လွှတ်မြောက်လာတဲ့ သူတို့တွေ ဘ၀ကို ရှေ့ဆက်ပြီး ရုန်းကန်ရအုံးမှာပါ။ ၆ နှစ် အရွယ် ... သူ့သမီးလေးကိုလည်း သားသမီးချင်း .. ကိုယ်ချင်းစာနာလို့ အရမ်းပဲ သနားတာပဲ ...တချို့ မီဒီယာတွေမှာ အဲဒီ ကလေးမလေး ဓာတ်ပုံ တွေ့တယ်။ ဆရာဝန်မပါပဲ မိခင်စိတ်ဓာတ် အပြည့်ရှိပြီး သတ္တိကောင်းလွန်းသော ၂၀ကျော် အမေကနေ မွေးဖွားပေးလိုက်တဲ့ ချစ်စရာကောင်းလွန်းသော ကလေးမလေး .. ရှေ့ဆက် လျှောက်လှမ်းမယ့် လမ်းမှာ ဆူးငြောင့်ခလုတ်ကန်သင်းတောင်မှ မတွေ့ပါစေနှင့် သာယာဖြောင့်ဖြူးပါစေလို့ အထပ်ထပ် အခါခါ ဆုတောင်းပေးနေမိတယ်။

ကိုယ့် အိမ်နီးချင်းက Wisconsin ( ၀ှစ်(စ်)ကွန်စင် ) ကို ပြောင်းရွှေ့သွားတာပါ။ ကိုယ် ဘော့စ်တန် ပိုစ့်မှာ Wisconsin ( ၀ှစ်(စ်)ကွန်စင် ) အကြောင်း ရေးရင်းနှင့် Cleveland, Ohio ( ကလီဗလန်၊ အိုးဟိုင်းရိုး ) အကြောင်းလည်း ရေးလိုက်ပါသေးတယ်။ ( နည်းနည်းလေး တို့ရုံလေး ရေးပေမယ့် .. အမေရိကားက ပြည်နယ် စတိတ်တွေကို တဖြည်းဖြည်း ကိုယ် ... သိနေပါပြီ )

တချို့မြန်မာများ အမေရိကားမှာ နေတာ နှစ်ဆွေးတော့မယ်။ ကွန်နတ်တီကတ်ကို မကြားဖူးပါဘူးဆိုပြီး လာပြီး ဂုဏ်လုပ်နေသေးတယ်။ ဟိုက် .. ရှား ဘား ... ကြွားစရာ မရှိ လာပြီး ကြံဖန် လာကြွားနေသေး .. ကိုယ့်မှာ ဗဟုသုတ နည်းပါးလွန်းတာကို ကိုယ့်ကိုကိုယ် သဘောမပေါက်ပဲ " ကွန်နက်တီကတ်ဆိုတဲ့ တောမြို့ကလေးကို မသိပါဘူး" ဆိုပြီး ကြံကြံဖန်ဖန် လာကြွားနေသော လူမျိုးတွေလည်း ရှိတယ်နော်။ မယုံ မရှိနှင့် ကိုယ့်က ကိုယ်တွေ့မို့ ..
" သြော် .. ငါ့နှယ် ... စိတ်တခြမ်း ညစ်ရပါလား .. ဘယ်လို လူမျိုးတွေပါလိမ့် ..."

အဲလို လူမျိုးတွေကပဲ .. ကိုယ်နှင့် နီးစပ်ရာ အသိအကျွမ်းများကို အေရှန် ကုန်စုံဆိုင် ဘယ်နားမှာလည်း ဆိုတာ လမ်းပြတာတောင် တင်တင်စီးစီးနဲ့ .. ( ကိုယ့် အသိ တစ်ယောက် ပြန်ပြောပြတာပါ။ ကိုယ်လည်း ကြားခါစက တော်တော်လေး လက်လန်သွားတယ်။ ) မေးတဲ့ လူက ကွန်ပြူတာ - အင်တာနက် ကောင်းကောင်း မသုံးတတ်ဘူးလား။ Googel မှာ ရှာပါ။ ကိုယ်နေတဲ့ စတိတ်မှာ အေရှန်ဆိုင် ( asian grocery ) ဘယ်နားမှာဆိုတာ ဘယ်သူ့မှ အားကိုးပြီး သွားမေးမနေပါနှင့် ... ဒါလေး ကူညီဖို့ကိုများ လေကုန်သွားမှာ ကပ်စီးနှဲနေသော လူတွေ ရှိပါလားဆိုပြီး တော်တော် အံသြမိပါတယ်။

စိတ်မတိုဘူးနော် .. ကိုယ်ရေးတဲ့ အရေးအသားမှာ စိတ်တိုတဲ့ ပုံ ပေါက်သွားရင် ဆောရီးပါ ... အဲလို လူစားမျိုးတွေကို ကိုယ်လည်း အမေရိကားရောက်မှပဲ ကြုံဖူးတော့တယ်။ တကယ် အဟုတ် ...

* အရင်ပိုစ့် - ဘော့စ်တန်

အဲဒီ ပြန်ပေးဆွဲခံရသော ကောင်မလေးတွေကို ...
ကိုယ်ချင်းစာကြည့်ရင် တကယ့်ကို သနားစရာပါ။
၁၀ နှစ်လုံးလုံး ကြိုးတုပ်၊ သံကြိုးဖြင့် ချည်၊ သော့ခတ်ထားတာ၊ တော်တော်လေးကို ဆိုးဝါးလွန်းပါတယ်။
* တယောက်က ကိုယ်ဝန်ရလာတော့ .. ကလေးမွေးရတာ ပလပ်စတစ် ရေကူးတဲ့ ကန်လေး သေးသေးလေးထဲမှာ ကလေးမွေးရတာပါ။
* တယောက်က ၅ ခါလောက် ကိုယ်ဝန်ရလာပြီး ပျက်ကျအောင် ပြန်ပေးသမားက ဗိုက်ကို လက်သီးတွေ နဲ့ထိုး၊ မျက်နှာကို လက်သီးတွေ ထိုးလို့ မျက်နှာက ပါး အရိုးတောင် ကျိုးသွားပါတယ်။ ခေါင်းကို လက်သီးတွေ ထိုးလို့ နားတဖက်လည်း လေးသွားတယ်။
* တစ်ယောက်က သူ့ အချစ်ဆုံး သူငယ်ချင်း ( Arlene ) ရဲ့ အဖေက ပြန်ပေးဆွဲတဲ့သူတဲ့ ...
 ( ပြန်ပေးဆွဲတဲ့သူရဲ့ သမီး ) Emily ကလည်း ၁၁လသား အရွယ်လောက် ရှိတဲ့ သူ့သမီးလေးကို သူ့ရည်းစားနဲ့ ပြတ်ပြီး နောက်ပိုင်းမှာ လည်ပြွန်ကို ညစ်ပြီး သတ်ဖို့ ကြံစည်ခဲ့ပါသေးတယ်။

အဲဒီ ပြန်ပေးဆွဲတဲ့လူက ဖမ်းမမိခင်အထိ ဖေ့ဘုတ်လည်း သုံးလိုက်သေးတယ်။ ဂီတာလည်း ကြိုက်လိုက်သေးတယ်။  လူမြင်ကွင်းမှာ ကြင်နာတတ်ပြီး၊ လူမှု့ဆက်ဆံရေးကောင်း၊ လူတိုင်းကို လေးလေးစားစား ဆက်ဆံတတ်ပေမယ့် နောက်ကွယ်မှာ တကယ့်ကို အကြမ်းဖက်တဲ့လူစားမျိုးပဲ ..
၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသူ .. ကျောင်းကနေ အိမ် အပြန်မှာ ပျောက်သွားတာ ...

အမေရိကားက လူတွေက ရဲတွေ ကို အလုပ် ကောင်းကောင်းမလုပ်ဘူးလို့လည်း အပြစ်တင်နေကြပါတယ်။

သန်ခေါင်းစာရင်း စစ်ဆေးတာမျိုး အမေရိကားမှာ မကြုံဖူးသေးဘူး။ အိမ်တွေမှာ တအိမ်တက်ဆင်း ဧည့်စာရင်း စစ်ဆေးတာမျိုးလည်း မကြုံဖူးသေးဘူး။


အော် .. လောကကြီး ကြောက်စရာ ကောင်းလှပါ့လား ...

ကိုယ် 2011 ... အမေရိကန် ပြည်ထောင်စုကို မထွက်လာခင် .. မြန်မာပြည်မှာ နေထိုင်စဉ်ကတည်းက 2009 ခုနှစ်တုန်းက ရေးထားသော ...  မြန်မာဘလော့ဂါ သူကြီး ရေးထားတဲ့ ဘလော့ပိုစ့် ဖတ်ပြီးကတည်းက အမေရိကားမှာ လူတွေ တော်တော်ပျောက်တာ၊ ပြန်ပေးဆွဲတာ သိပြီးသားပါ။

ဖေ့ဘွတ်မှာလည်း MISSING ဖန်ပေ့ခ်ျကို like နှိပ်ထားလို့ ကလေးတွေ ပျောက်၊ ပျောက် နေတတ်တာကို တွေ့ပါတယ်။

ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်နိုင်အာင်၊ စပရေးဗူး ဖြစ်ဖြစ် အနည်းဆုံး ဆောင်ထားပါ။
ကလေးများကို မျက်စိအောက်မှာပဲ ထားပါ။ တချက်မှ အလွတ်မပေးပါနှင့်။
သူတို့ နားလည်အောင် ဒီနေ့ခေတ် ဖြစ်ပျက်နေသော သတင်းတွေကို အကျိုးအကြောင်းဖြင့် ရှင်းပြပါ။
အမေရိကားမှာ ဘယ်ဖုန်း မဆို ၉၁၁ ကို ခေါ်လို့ ရပါတယ်။ လိပ်စာ မပေးနိုင်တောင် သူတို့ ဖုန်းခေါ်ဆိုသောနေရာကို ခြေရာခံ လိုက်နိုင်ပါတယ်။


ကိုယ့်တော့ Alert တွေ လုပ်ထားတယ်။ အခုတောင် ဒီ ပိုစ့် ရေးနေရင်းနဲ့ ကလေးတွေ ကျောင်းက စက်ဘီး နှင့် လမ်းလျှောက် တာ ကျင်းပမယ် ဆိုတဲ့ ပိုစ့် အင်တာနက် ၀ပ်ဆိုဒ်ပေါ် တက်လာပြီ ဆိုပြီး ကိုယ့်ရဲ့ ဂျီးမေလ်းကို alert လာပြပါတယ်။

ကိုယ့် သိချင်တဲ့ source ကို Gmail - alert မှာ နာမည်လေးတွေ ရေးပြီး ထည့်ထားတာလေ။
ကိုယ့် အဲဒီ အကြောင်း ရေးဖူးသေးတယ်။ အရင်ပိုစ့်တွေထဲမှာ ရှိပါတယ်။

ကိုယ့် အားတဲ့ အချိန်လေးတွေမှာ ဖေ့ဘွတ်မှာ ဒီ ၁၀ ရက်ကျော်အတွင်း သတင်းနှင့် အတင်းတွေ ဖတ်ဖြစ်နေတာမို့ မအားတာလည်း ပါသလို ...

မြန်မာမှာ နေစဉ် တုန်းက -

ကိုယ်ဝန် ကို ဆရာဝန်သွားပြတော့လည်း ကိုယ့်အားကိုယ်ကိုး
ကလေးတွေ ဆေးခန်းသွားပြတော့လည်း ကိုယ့်အားကိုယ်ကိုး
ကလေးတွေ ကျောင်းအပ်၊ ကျောင်းပို့၊ ကျောင်းကြို ကိုယ့်အားကိုယ်ကိုး
အိမ်မှု့ကိစကိုယ့်အားကိုယ်ကိုး
ဈေးဝယ်၊ ချက်ပြုတ် ကိုယ့်အားကိုယ်ကိုး
ပတ်စပို့ စာအုပ်လုပ် ကိုယ့်အားကိုယ်ကိုး
ပတ်စပို့ သက်တမ်းတိုး ကိုယ့်အားကိုယ်ကိုး
နောင်ရေးအတွက် ၀မ်းစာ စုဆောင်းဖို့ အတွက် ၀ယ်ခြမ်းတာလည်း ကိုယ့်အားကိုယ်ကိုး
အိမ်မှာ တခု ခု ပျက်တာ၊ ပြင်တာလည်း ကိုယ့်အားကိုယ်ကိုး
ရွှေမြန်မာပြည်ကြီးမှာ အစစ ... မိသားစု တစ်ခုလုံး ကိစမှန်သမျှ ကိုယ့်အားကိုယ်ကိုးပီး လုပ်ကိုင်လာခဲ့ပေမယ့် ဒီ အမေရိကန်ပြည်ထောင်စု တိုင်းပြည် အကြီးကြီး ရောက်လာတော့ ၂ နှစ်သာ ကြာခဲ့ပါပြီ ... ကိုယ် နေသားက မကျ ..

အမေရိကန်စံနှုန်း၊ မြန်မာစံနှုန်းမှာ အသာစီးက ယူချင်သော လူစားမျိုး ...တွေလည်း ရှိရဲ့

ကိုယ့်ဆီက ရယူဖို့ဆိုရင် ( ကိုယ့်အားကိုယ်ကိုး တဲ့ စနှစ် ) အမေရိကန် စံနှုန်းဖြင့် တွက်ချက်တတ်ကြပြီး ...
ကိုယ်က ပြန်ရယူဖို့ ဆိုရင်  မြန်မာ စံနှုန်းဖြင့် တွက်ချက်နေကြတော့ ...

အမေရိကန်စံနှုန်း၊ မြန်မာစံနှုန်း ဘယ်စံနှုန်းက သူ့အတွက် သာလဲး .. သာတဲ့ စံနှုန်းကို အလွှဲသုံးစားလုပ်ပြီး American system ပဲ ... Myanmar system ပဲ ..

ဘယ် စံနှုန်းကို အတည်ယူတာလဲး

American system ( or ) Myanmar system လား ...

((((( ဟင်း )))))

ဒါကြောင့်မို့လို့ အမေရိကန် ပြည်ထောင်စု မှာ ကိုယ့်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးဖို့ ကိုယ်မှာ အရည်အချင်း ပြည့်ဖို့ ကြိုးစားနေရပါတယ်။

အဲလို ပြောလို့ ပြနာ ဖြစ်နေလို့လားဆိုရင် မဖြစ်ပါဘူး။ အချိုးတွေ သိလာတာပါ။
ဘာ ပြနာမှ မဖြစ်ပါဘူး။ အေးအေးဆေးဆေးပါ။
တဖြည်းဖြည်း .. လူတွေ အကြောင်း ခပ်ရေးရေး သဘောပေါက်လာတာပါ။
ဒါကြောင့်မို့ .. ပြောတာ .. အမြင်ကျယ်အောင် မြင်တတ်ဖို့ ...
ကိုယ့်နှင့် စိတ်တူ၊ ကိုယ်တူတွေပဲ ပေါင်းသင်း၊ ဆက်ဆံနေမယ်ဆိုရင် အမြင်တူနေတာပဲ မြင်နေရမယ်။ ကြားနေရမယ်။
အမြင်မတူသော လူစားမျိုးလည်း မြင်ကြည့်လိုက်ပါ။ အော် .. ဒီလိုတွေလည်း ရှိတတ်ပါလားဆိုတာ အမြင်ကျယ်သွား၊ စိတ်လည်း ပိုဆင်းရဲသွားမယ်။ :D

နောက်တခုက .. တရားမှတ်ခြင်း ( သို့မဟုတ် ) ၀င်သက်၊ ထွက်သက်ကို မှတ်ခြင်းက စိတ်ကို တည်ငြိမ်စေသလို၊ အမြင်ကို စူးရှစေတယ်။ တဖက်လူ၏ အတွင်းစိတ်ကိုလည်း မြင်နိုင်၊ သိနိုင်စေပါတယ်။

တချို့က တရားမှတ်တာ ကုသိုလ်ယူတာ ...

ကိုယ့်က အသက်ကြီးလာပြီး ကိုယ့်၏ ဦးနှောက်ပိုင်းဆိုင်ရာမှာ သိုလှောင် မှတ်ထားသော အရာများက အရမ်းကို များပြားလွန်းနေတော့ နောက်ထပ် အသစ် ထပ်ဖြည့်ဖို့ MEMORY အကန့်က သေးနေပါတယ်။ တခါတရံ အသစ် မှတ်ဥာဏ် ထပ်ထည့်ဖို့တောင် နေရာ မရှိနိုင်အောင် ဦးနှောက်က အလုပ် မလုပ်ဘူး ဖြစ်နေတယ်။ ( အသက်ကြီးမှ စာပြန်ဖတ်နေသော အချိန်တွေမှာ .. ) ဦးနှောက်က သင်ယူနိုင်စွမ်း နည်းနေတယ်။

ဒါကို ကျော်လွှားဖို့က ကိုယ့်မှာ အကျပ်အတည်းလေး ကြုံလာတော့ ( ဆံပင်မွှေးတွေ ထောင်လာသလို ) ပုံစံမျိုး .. ဦးနှောက်တွေ အလုပ် .. လုပ်ပြီး ကြိုးစားချင်စိတ် ရှိလာပါတယ်။

Memory က သေးနေရတဲ့ အထဲ ... အဲဒီ မှတ်ထားတဲ့ အထဲက မလိုသော data တွေ ထုတ်ပစ်၊  Favourite Memories တွေပဲ သိမ်း ... Memory ကို fix ဖြစ်ဖို့ ၀င်သက်၊ ထွက်သက် လေ့ကျင့်ခန်းကို လုပ် ...

အသက်ကြီးလာမှ စိတ်တွေ ဆတ် သထက် ဆတ်သွားမှာ .. ငယ်ငယ်တုန်းက ကလေးဘ၀ အရွယ်မှာ အမှတ်သည်းခြေ နည်းနည်းဖြင့် ကိုယ့်အပေါ် အပြစ်ကျူးလွန်လာတာကို ကလေးသဘာဝ ကလေးတိုင်း ခွင့်လွှတ်တတ်ကြပေမယ့် အသက်ကြီးလာတော့  အာဃတ .. ကလဲ့စားပြန်ချေတတ်တာ ကျူးလွန်မိမှာ စိုးလို့ပါ။

ကလေးဘ၀ က ဒီ အပြူအမူမျိုး တဖက်လူက ရန်စ ကျူးလွန်ပေမယ့် ကလေးစိတ်ဖြင့် ခွင့်လွှတ်တတ်ခဲ့ပေမယ့် ...
လူကြီးဘ၀ .. အတွေ့အကြုံစုံနေသော အရွယ်မှာ ဒီ အပြုအမူမျိုး တဖက်လူက ရန်စ ကျူးလွန်လာရင်တော့ ဆောရီးပဲ ခွင့်မလွတ်ဘူးဟေ့ .. အာဃတ ကြီးကြီးမားမားဖြင့် ကလဲ့စားပြန်ချေမိမှာ စိုးလွန်းလို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းဖို့ ၀င်သက်၊ ထွက်သက်ကို မှတ်နေရတာပါ။

အညိုးအတေး မထားတတ်သော ကလေးသဘာဝ အကြောင်းကို အနည်းငယ် ရေးခဲ့ဖူးသော ပိုစ့်

အိမ်က ကလေးများကျတော့ ဂိမ်း ကစားလွန်ရင် Delay development ဖြစ်တတ်ပါတယ်။ စာထဲမှာ စိတ်ပါဝင်စား မှတ်ဥာဏ် စွမ်းရည် ကျပါတယ်။
ဒါကြောင့် သူတို့လည်း တစ်နေ့ကို နာရီဝက် ၀င်သက်၊ ထွက်သက် မှတ် ...

April 28 ရက်နေ့တုန်းက ရေးထားသော ကွန့်မန့် - ကလေးတွေ ဂိမ်း ကစားလွန်သွားရင် ... Delay development အကြောင်း ရေးချင်တယ် ဆိုတာပါ။ 

စိတ်ဆတ်တတ်တဲ့သူတွေထဲမှာ ကိုယ်လည်း တစ်ယောက် အပါအ၀င်ပါပဲ ...

ကိုယ် ဘယ်အချိန်တွေမှာ စိတ် အရမ်းဆတ်လည်း ဆိုရင် ကလေး မွေးဖွါးခါနီး ရက် နှင့် ကလေး မွေးဖွါးပြီးချိန် မှာ စိတ် အရမ်းဆတ်ပါတယ်။

မီးယပ် လာခါနီး ရက် ( သို့မဟုတ် ) မီးယပ် လာပြီးတဲ့ နေ့ ရက်တွေမှာ စိတ်အရမ်းဆတ်ပါတယ်။

အဲဒီ ရက်တွေဆိုရင် သေးသေးမွှားမွှားလေး ဆိုပေမယ့်လည်း အရမ်း စိတ်ဆိုးလွယ်တယ်။

ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ပြီး သိသွားတဲ့အခါမှာ ကိုယ့် အဲဒီ ရက်တွေဆိုရင် ကြိုပြီး ချောကလက်စားတာမျိုး ( သို့မဟုတ် ) ၀င်သက်၊ ထွက်သက်ကို မှတ်ပြီး နေပါတယ်။

လေမချုပ်အောင် ကိုယ့်မေမေ ရဲ့ ကျန်းမာရေး စောင့်ရှောက်နည်း အတိုင်း ညအိပ်ခါနီးမှာ ရှောက်သီး တခြမ်းကို ညှစ်၊ ရေနွှေးဖြင့် ခွက် အပြည့် ညှစ်ပြီးသား ရှောက်သီး အခွံပါ ထည့် .. တညလောက် စိမ်ပြီးရင် မနက် မိုးလင်းမှာ သောက်ရင် လေနာတာ သက်သာတယ်။

အချိုမှုန့်တို့ ဟင်းခတ်မှုန့်တို့က အလွန်အကျွံ မစားပါနှင့် ..

မိတ်ကပ် သုံးတဲ့ အခါ ကိုယ် ဘာမိတ်ကပ် အမျိုးအစား သုံးလည်း သတိထားကြည့်ပါ။
တချို့ မိတ်ကပ်က ခဲ ပါဝင်တာမို့ စိတ်ပိုင်း ဆိုင်ရာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ အပေါစား မိတ်ကပ်တွေမှာ ပိုပြီး အဖြစ်များပါတယ်။ ခဲပါသော မိတ်ကပ်ကြောင့် တချို့ အမျိုးသမီးတွေ ဒေါသထွက်လွယ်သလို ...
တချို့ မိတ်ကပ်တွေမှာ ဟိုမုန်း ပါဝင်တာမို့ မိန်းမတွေ ပိုပြီး ကြွလွယ်ပါတယ်။
( အရွယ် မရောက်သေးသော မိန်းခလေးများကို အဲလို မိတ်ကပ်မျိုး မသုံးစွဲပါနှင့် ) 
ဘယ်မိတ်ကပ် တံဆိပ်ဆိုတာ မပြောတော့ပါဘူး။
ဆရာဝန် တော်တော်များများ သိပါတယ်။
အဲဒီ မိတ်ကပ်တွေ လိမ်းထားတဲ့ အချိန်နှင့် မလိမ်းသည့် အချိန် ကိုယ့်၏ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကို သတိထားကြည့် ကြည့်ပါ။
လေ့လာချင်ရင် အင်တာနက်မှာ ရှာကြည့်ပါ။ ကိုယ့် အဲဒီ topic ကို ဆွေးနွေးဖို့၊ ငြင်းဖို့ အချိန်မပေးနိုင်လို့ နည်းနည်းပဲ ပြောတာပါ။ ကိုယ့် ပြောချင်တာ မီးယပ်၊ ကိုယ်ဝန်၊ အချိုမှုန့် နှင့် မိတ်ကပ်တွေကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတတ်ပါတယ်ဆိုတာပါပဲ။
ကိုယ့်နှင့် မသိကျွမ်းသော လူပဲဖြစ်ဖြစ်၊ နောက်ကျော ဓါးထိုးမယ့် မိတ်ဆွေအတုပဲ ဖြစ်ဖြစ် မသင်္ကာရင် ထိုသူ ကျွေးသော မုန့်၊ အအေးများကို မစား၊ သောက်တာ အကောင်းဆုံးပါ။


သြော် .. ဘလော့က ဆယ်ရက်ကျော်လောက် ခဏလေး မရေးပဲ ထားလိုက်တာ .. spam comment တွေ အများကြီး ရလာတာမို့ အဲဒါတွေကို delete လုပ်ရင်း တချို့ ကွန့်မန့်လေးတွေ ပါသွားတယ်။ ဆောရီး ... :D

Comment - setting မှာ show word verification ကို Yes လို့ ရွှေးပေးထားရင် Spam comment တွေ မတက်ပါဘူး။ ဒါပေမယ့် ကွန့်မန့် တခါပေးဖို့ အရေး ... သူ့ ရိုက်ခိုင်းသော စာများကို ရိုက်နေရတာနှင့်ပဲ ကွန်မန့်ပေးမယ့်သူ အချိန်ကုန်မှာ စိုးလို့  ... အဲဒါကို No ရွှေးပေးထားတာပါ။ နောက်တခုက မေးချင်တာတွေ လွတ်လွတ်လပ်လပ် နာမည် မဖော်ပြပဲ မေးလို့ ရအောင်လို့ Anonymous ကို ပေးထားတယ်။ Gmail user ပဲ ကွန့်မန့်ပေးလို့ရအောင် လုပ်ထားရင်တော့ Spam comment တွေ မရှိတော့ပါဘူး။

ကိုယ့်က ၂ ခု စလုံးကို ဖြုတ်ထားတော့ Anonymous နှင့် Spam comment တွေ က အများကြီးပဲ သူ့တို့ ၀ပ်ဆိုဒ်လိပ်စာကို လာကြော်ငြာနေတာ။ ကုလားပြည်နှင့် ကိုးရီးယားက လာရေးတာ များတယ်။ တခါတလေ ရုရှားလည်း ပါတယ်။ ကုလားပြည်ဆိုတာ India ကပါ။ မြန်မာတွေ မဟုတ်ပါဘူး။ နိုင်ငံတကာ blogspot - blogger တိုင်း ကြုံနိုင်တာပါ။ ကိုယ့် တစ်ယောက်တည်း မဟုတ်ပါဘူး။

ကိုယ့်ဘလော့မှာ အံ့သြရသော ဧည့်သည် ရှိပါတယ်။
ကော်ရိုရာဒို ( Colorado )က တစ်ယောက်ပါ .. ဘလော့ပိုင်ရှင် ကိုယ်ကသာ ကိုယ့်ဘလော့အိမ်ကို နေ့တိုင်း မရောက်ရင် ရှိမယ်။ အဲဒီ တယောက်က နေ့တိုင်း ဆိတ်သားဒန်ပေါက် ပိုစ့် တစ်ပုဒ်တည်းကိုပဲ လာကြည့်တာ အံ့သြတယ်။ ဘာဖြစ်လို့များပါလိမ့် ..

ဆန်ဗလျူနို ( San Bruno ) က တစ်ယောက်ကတော့  ပိုစ့် အသစ် တင်တာနှင့် ရောက်လာတတ်ပါတယ်။ ကျန်တဲ့ လူတွေရဲ့ အိုင်ပီတွေက ကိုယ် သိပ်မမှတ်မိဘူး။ ဥပမာ၊ စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ ယိုးဒယား အိုင်ပီ များတော့ မှတ်ရ တာ မျက်မှန်း မတန်းဘူး။ ဒီလိုမျိုး အမေရိကား - စတိတ် တစ်ခုတည်းကနေ အိုင်ပီ နည်းနည်းနှင့် လာတာ ဆိုရင် မှတ်ရ လွယ်ပါတယ်။

အဲလိုမျိုး အိုင်ပီ ထရေ့စ် လိုက်ရင်းနှင့်ပဲ ကိုယ် အမေရိကန်ပြည်ထောင်စု စတိတ် ၅၁ ခု ကို တဖြည်းဖြည်း ရင်းနှီးလာပါတော့တယ်။

Favourite Memories blog မှာ အမေရိကန်ပြည်ထောင်စု စတိတ် ၅၁ ခု ရှိတဲ့ အထဲကနေ ဒီနေ့ထက်ထိ လာလည်တာ 47st State ... 47/51 ( အမေရိကန် ပြည်ထောင်စုက စတိတ် ၄ ခုပဲ ကျန်တော့တယ်။ ကိုယ့်ဘလော့ကို လာလည်ဖို့ ) သေချာတယ်။ အဲဒီ အရပ်မှာ မြန်မာတွေ မရှိလို့ .. ဒီဘလော့မှာ အဲဒီ counter ထားမလို့ပဲ .. ဘလော့ သက်တမ်းက ၂ နှစ် ရှိတော့မှာမို့ မထားတော့ပါဘူး။ ထားစရာ နေရာလည်း မရှိတော့ဘူး။

ကိုယ့် ပိုစ့်တွေကို နောက်နေ့တွေကျရင် သေချာ ပြန်ရေးပေးပါမယ်။ အခု လောလောဆယ်တော့ ပိုစ့် ခေါင်းစဉ် အတိုင်း အစုံ သုပ် ပေါ့ ...

အခု ဒီပိုစ့် ရေးနေတုန်း ..ကိုယ်တို့ စတိတ်က သတင်းမှာ .. Moose အကောင်ကြီး ကားလမ်းကူးနေတဲ့ ဓာတ်ပုံ ဖေ့ဘွတ်မှာ သတင်းတက်လာတယ်။ ကိုယ်တို့ ဒီဘက်မှာလည်း သမင်တွေ .. ကားလမ်းကူးတတ်လို့ ညဆို ကားကို ဖြည်းဖြည်းမောင်းတာ အကောင်းဆုံးပဲ .. သူတို့ကို တိုက်မိမှာ စိုးလို့ .. သူတို့ကလည်း လူယဉ်တယ်။ ကားတွေ ဘာတွေ မကြောက်တတ်ဘူး။ ၀က်ဝံတော့ မတွေ့ဘူးသလို .. Moose လည်း မတွေ့ဘူးဖူး။ အခု သတင်းတက်လာမှ တွေ့ဖူးတော့တယ်။ သမင်ကတော့ တွေ့လိုက်တယ်။ လူမြင်တာတောင် ထွက်မပြေးဘူး။ အေးအေးဆေးဆေးပဲ .. လှော်ကားက သမင်တွေ မြင်ဖူးလား။ အဲဒီ အတိုင်းပဲ ... သူတို့ဘာသာ သူတို့ စားစရာ ၇ှိတာ စားနေတယ်။ လူတွေကို သမင်မျက်လုံးလေးနှင့် လှလှပပလေး ပြန်ကြည့်နေပေမယ့် အကြောက်အလန့်နည်းတယ်။

ဒီဘလော့မှာ အိမ်က ကလေး ၂ယောက် လှော်ကား သဘာဝ ဥယျာဉ်မှာ သမင်လေးတွေကို အစာကျွေးနေသော ဘလော့ပိုစ့် ရှိပါတယ်။



Whoa! Imagine seeing this guy cross the road in front of you?? This moose was spotted in Farmington today and state officials are issuing a warning to drivers about it.


ပုစွန် နာနတ်သီး အချိုချက်


ထမနှဲ



banana muffin



ကြက်ကင်



သကြား ကွတ်ကီး အတွက်









ကော်ဖီခွက် အဖုံး သကြား ကွတ်ကီး


သဘောင်္သီးသုပ် အတွက် ( မြန်မာ အသုပ် ပုံစံမျိုး သဘောင်္သီးသုပ် အတွက် )

  1. သဘောင်္သီး အစိမ်း
  2. ပုစွန်ခြောက်မှုန့်
  3. ပါးပါးလှီးထားသော ကြက်သွန်နီ
  4. ကြက်သွန်ဖြူ ဆီချက်
  5. ငရုတ်သီး အကျက်မှုန့်
  6. ပဲမှုန့် ( အကျက်မှုန့် )
  7. ငံပြာရည်
  8. မန်ကျည်းမှည့်ရည်




အစုံသုပ်










ဘလော့မှာ အစုံသုပ် ပိုစ့် ရေးပြီးသွားပါပြီ

ကြာဇံဟင်းခါး





အစုံသုပ်၊ ကြာဇံဟင်းခါး၊ ရေနွေးကြမ်း



မန်ကျည်းရွက်နု ချဉ်ရည်ဟင်း

ဝက်သားနီချက်



ငါးပိရည် နှင့် တို့စရာ

သခွါးသီး အသေးစား

ငါးပိရည်ကျို

ခေါက်ဆွဲခြောက် အကြွပ်ကြော်

အုန်းနို့ဆီ နီနီဝေ့ - အုန်းနို့ဟင်းရည်

ဥများ အပါ

ကြက်သားများများ၊ ကြက်သွန်နီဥများများ


ပဲကြော်



မုန့်တီသုပ် နှင့် အုန်းနို့ခေါက်ဆွဲ

မုန့်တီသုပ် အတွက်က -

မုန့်တီဖတ်
ကြက်သား
ပါးပါးလှီးသော ကြက်သွန်နီ
ငံပုရာရည်
ကုလားပဲမှုန့် ( အကျက်မှုန့် )
ငရုတ်သီး အကျက်မှုန့်
ကြက်သွန်နီ
နံနံပင်

ပဲပင်ပေါက်
ကြက်သွန်မြိတ်
သံပုရာသီး
မုန့်ကြွပ်ကြော်
ကြက်သွန်ဖြူ ဆီချက်


မုန့်တီဖတ် အဖြူကို မိုက်ခရိုဝေ့ဖြင့် ၂ မိနစ် အပူပေး၊
ကြက်သား အသားသပ်သပ်ကို ငံပြာရည်ဖြင့် ပြုတ်ပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး ဆနွင်းမှုန့် နည်းနည်းဖြင့် ကြက်သွန်ကြော်ပါ။
ဆီအနည်းငယ်ထည့်ထားသော ဆီပူအိုးထဲမှာ မီးမြေးမြေးဖြင့် ငရုတ်သီး အစိမ်းမှုန့်ကို ထည့်ကြော်
ငံပြာရည်ကို မီးမြေးမြေးဖြင့် ကျိုပြီး သုပ်စားတာ ပိုစားကောင်းပါသည်။

ကြက်သားပြုတ်ရည်ထဲမှာ ကြက်သွန်ဖြူကို ညက်အောင် ထောင်းပြီး ဟင်းရည်ထဲ ထည့်ပါ။ ကြက်သွန်ကြော်၊ မုန့်ကြွပ်ကြော် အနည်းငယ်ဖြူး ဟင်းချို ချက်သောက်ပါ။

ပဲပင်ပေါက်ကို ရေနွေးဖြောရုံပဲ ဖြောထားတာ အကောင်းဆုံးပါ။
ကြက်သွန်နီ၊ နံနံပင်၊ ကြက်သွန်မြိတ်များကို ပါးပါးလှီးထားပါ။
မုန့်တီဖတ်၊ ကြက်သွန်နီ၊ နံနံပင်၊ ပဲပင်ပေါက်၊ ကြက်သား အနည်းငယ်၊ ငံပြာရည် အနည်းငယ်၊ ပဲမှုန့် အကျက်မှုန့် ၊ ငရုတ်သီး ဆီချက်၊ သံပုရာသီး ညှစ်ထည့်၊ အစပ်ကြိုက်လျှင် ငရုတ်သီး အကျက်မှုန့် ထည့်ပြီး သုပ်စားပါ။

မုန့်တီသုပ် ပိုစ့် အဟောင်း ထဲမှာ ရှိပါတယ်။


အုန်းနို့ခေါက်ဆွဲ ချက်နည်းလည်း ပိုစ့် အဟောင်းထဲမှာ ရှိပါတယ်။




smoked paprika ဖြင့် ကင်ထားသော ၀က်သားကင်


chocolate chip muffin


chocolate chip muffin



အမဲသားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆနွင်းမှုန့်၊ ဆား ဖြင့် နှယ်ပြီး ကင် .. ကြွပ်နေအောင် ကင်ပြီးမှ အသားနွှင်၊ ဆီဆမ်းထားသော အမဲခြောက် ဆီဆမ်း ပုံစံမျိုး


ကြက်ရင်ဘုံကြော်


ခေါက်ဆွဲကြော်


green tea

သုံးထပ်သား ၀က်သားမျှစ်ချဉ်ဟင်း


ပူစီနံ ငပိထောင်း သံပုရာရည်ဆမ်း
အရင်ပိုစ့်တွေထဲမှာ တင်ဖူးပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကပါ။




ကြိတ်ထားသော ၀က်သားကို အားလူးဖြင့် အချိုချက်

အုန်းနို့ကျောက်ကျော

ဗီယက်နမ် အခေါ်အဝေါ် မုန့်လက်ဆောင်းဖတ်




မုန့်လက်ဆောင်း




ရွှေရင်အေး


သာကူ

ကျောက်ကျော မျှော့ချောင်း သကြားရည်ဖြင့် ပြုတ်ထားတာ

ကောက်ညှင်းပေါင်း


သကြားရည်ဖြင့် ကြိုထားသော အုန်းနို့ရည်

ရွှေရင်အေး


အရင်ပိုစ့် အဟောင်းတွေထဲမှာ ရေးဖူးပါတယ်။ ရွှေရင်အေးပိုစ့်ကို ...


ဖက်ရွက်ဖြင့် ထုပ်ထားသော ၀က်သားကောက်ညှင်းထုပ် နှင့် ငရုတ်ဆီ


ကောက်ညှင်း၊ ပဲငံပြာရည် အနောက်၊ ၀က်အူချောင်း၊ ကြက်ဥပြုတ်၊ မှို၊ ၀က်သားတုံး၊ ဆား၊ ငရုတ်ကောင်းမှုန့်၊


ဖက်ရွက် အနံသင်းနေသော ၀က်သားကောက်ညှင်းထုပ်


ဝက်သားကောက်ညှင်းထုပ်နှင့် ကျောက်ကျောရည်


ကျောက်ကျောဖျော်ရည်



ဝက်အူမကြော် နှင့် ငရုတ်ဆီ ( ငရုတ်ဆီ၊ ထညက်ရည်၊ ကြက်သွန်ဖြူ )


အီကလဲယားမုန့်
အရင်ပိုစ့် - အီကလဲယား



ဘေးနားကနေ အပေါက် သေးသေး ဖောက်ပြီး ပူတင်း ခရမ်ကို ထည့်




ချောကလက်တုံးကို မီးမြေးမြေးဖြင့် အရည်ဖျော်


အပေါ်မှာ သုပ်၊ အအေးခံ

အီကလဲယားမုန့် နှင့် ချောကလက်မစ်ရှိတ်




You're in a better place,
I've heard a thousand times
And at least a thousand times
I've rejoiced for you
But the reason why I'm broken,
the reason why I cry
Is how long must I wait to be with you

I close my eyes and I see your face
If home's where my heart is then I'm out of place
Lord, won't you give me strength to make it through somehow
I've never been more homesick than now

Help me Lord cause I don't understand your ways
The reason why I wonder if I'll ever know
But, even if you showed me, the hurt would be the same
Cause I'm still here so far away from home

I close my eyes and I see your face

If home's where my heart is then I'm out of place
Lord, won't you give me strength to make it through somehow
I've never been more homesick than now

In Christ, there are no goodbyes
And in Christ, there is no end
So I'll hold onto Jesus with all that I have
To see you again
To see you again

And I close my eyes and I see your face
If home's where my heart is then I'm out of place
Lord, won't you give me strength to make it through somehow
Won't you give me strength to make it through somehow
Won't you give me strength to make it through somehow

I've never been more homesick than now


 

Mercy Me - Homesick 
Credit Youtube : Mercy Me - Homesick



P.S - စာလုံးပေါင်းတွေ နှင့် ဆင်ဆာ နောက်မှ ပြန်စစ်တော့မယ်နော်။ အခု အိပ်တော့မယ်။
ဒီပိုစ့် တစ်ပုဒ်တည်းမှာ ဓာတ်ပုံပေါင်း ၁၂၉ ပုံ ရှိလို့ ဓာတ်ပုံ ဆိုဒ်များကို အရင် ပိုစ့်များက ဆိုဒ်လိုမျိုး ပုံကြီးကြီး မဟုတ်ပဲ ပုံ သေးထားပါတယ်။ ဓာတ်ပုံ ဆိုဒ် ကြီးကြီး ကြည့်ချင်လျှင် အပေါ်ဆုံးက ဓာတ်ပုံကို ကလစ်နှိပ်လိုက်ပါ။ အဲဒါဆို ဓာတ်ပုံများ ထွက်လာပါလိမ့်မယ်။ တစ်ပုံချင်းစီ ကလစ်နှိပ်ပြီး ဓာတ်ပုံ ကြည့်ရုံပါပဲ ...







0 comments :