Monday, February 20, 2012

အုန်းနို့ ကျောက်ကျော



အုန်းနို့ကျောက်ကျော

  
နောက်နေ့တွေမှာ ကျောက်ကျောတုံးများ နှင့် အတူ ပေါင်မုန့် ပါးပါး ၁ ချပ်၊ သကြားရည်၊ အုန်းနို့ရည်၊ ရေခဲတုံး နှင့် တွဲစားဖို့ အခုကတည်းက အုန်းနို့ ကျောက်ကျော ကျိုထားလိုက်ပါတယ်။


ဒီတခါ အုန်းနို့ ၂ ဗူးနှင့် ကျိုထားသော အုန်းနို့ ကျောက်ကျော



** ချက်၊ စားနည်း **


တယ်လီဖုန်း တံဆိပ် ကျောက်ကျော = တထုပ် 
အုန်းနို့ = ၂ ဗူး ( အုန်းနို့ ပြစ်ပြစ် ဗူးက ပိုကောင်းတယ် )
သကြား = ၄ ခွက်
ရေ = ၁ လီတာ



အိမ်မှာ ဒူးရင်းသီး အနံ ( Durian Flavoring Essence ) = လက်ဘက်ရည်ဇွန်း = ၂ ဇွန်း


ရေ = ၁ လီတာ ကို ပွက်ပွက်ဆူနေအောင်တည်ပီး
သကြား = ၄ ခွက် ထည့်ကျိုပါ။
သကြား အရည်ပျော်သွားမှ ....
ကျောက်ကျော = တထုပ် ကို ဖောက်ထည့် ...
အဆက်မပြတ် မွှေပါ။
ကျောက်ကျောများ အရည်ပျော်မှ ....
အုန်းနို့ = ၂ ဗူးကို ဖောက်ထည့်ပါ။
ကျောက်ကျော ကျိုတဲ့ အိုးကို အဆက်မပြတ်မွှေပေးပါ။ 

ဗန်းထဲ ထည့် အပြင်မှာ အအေးခံလို့ လည်း ရသလို .. ရေခဲသေတာမှာ အအေးခံထားလို့ လည်း ရပါတယ်။

( သကြား = ဆန်ချိန်ခွက် - ၅ ခွက်လောက် ထည့်ပီး ကျောက်ကျော ကျိုလို့ ရပါသေးတယ် )


ကျောက်ကျောတုံးလေးတွေကို လှီးပီး ရေခဲသေတာထဲ ထည့်ထားတာ ပိုစားကောင်းတယ်။


** အရင်ပိုစ့် ** ....

မိုင်လို ကျောက်ကျော



0 comments :