Sunday, February 5, 2012

မိုင်လို - ကျောက်ကျော


အသည်းပုံ ကျောက်ကျောလေးများ 



ကျောက်စိမ်း -  ကျောက်ကျော တလွှာ ...
အုန်းနို့ တလွှာ ...  
မိုင်လို တလွှာ  



cutter လေး နဲ့ ဖြတ်ထားသော ကျောက်ကျောတုံးလေးများ




အုန်းနို့တလွှာ နှင့် မိုင်လို တလွှာ



မိုင်လို ကျောက်ကျော ဗန်းပေါ်ကို ကျောက်စိမ်း- ကျောက်ကျောတလွှာ ထပ်တင်ထားသော ကျောက်ကျောဗန်း



ကျောက်ကျော ၃ လွှာ



အုန်းနို့ ( ၂ ) ဗူးလောက် ထည့်ရင် တော်တော်ကို စားကောင်းနေပါပီ။ 
ကိုယ့်တို့ အသက်အရွယ်နဲ့ ဆိုရင် ... သကြား ... အုန်းနို့ က ဂရုစိုက်ပေးမှ .. .တော်ကာကြတာပါ။ 

တကယ်တန်းက ... ကိုယ် အုန်းနို့၊ ထောပတ်၊ ငပိ စားလို့ရတယ်။ 
ဆီ ပဲ ... စားအုန်းဆီဆို မတည့်ဘူး။ 
စာအုန်းဆီကို ဆီ အဟောင်းထဲ .. ဆီ အသစ် ထပ် ထပ် ထည့်ပီး ကြော်တဲ့ ဆီကြော်မုန့်ဆို ... စားပီးတာနဲ့ အကြောပိတ်တော့တာပါပဲ။
ဝက်ဆီ နဲ့ ကြော်တဲ့ အစားအသောက်ဆိုလည်း အဲဒီ အတိုင်းပါပဲ။
လူ က .. သွေးတိုးတာ မဟုတ်ဘူး။ သွေးပေါင်ကျတာ။ 
ပုံမှန်က အပေါ်သွေး 120 ... အောက်သွေး 80 မှာ ....
ကိုယ့်က အပေါ်သွေး 100 ... အောက်သွေး 60 ... လောက်ပဲ ရှိပါတယ်။ 
ဒီထက် ကျရင် လူက မခံနိုင်တော့ဘူး။ 

ကမ်ဘာကြီး ချာချာလည် သွားတော့တာပါပဲ ...

ဆရာဝန်က မသန့်တဲ့ ဆီ နှင့် အိပ်ရေး လုံးဝ .... လုံးဝ ကို မပျက်ခိုင်းတာပါ။



** ချက်၊ စားနည်း ** 





မိုင်လို၊ အုန်းနို့ဗူး၊ သကြား၊ အစိမ်းရောင်ဆိုးဆေး၊ ကျောက်ကျောထုပ်




ရန်ကုန်မှာတုန်းက သင်္ကြန်နားနီးပီးဆိုရင် စီးတီးမတ်မှာ တယ်လီဖုန်း ကျောက်ကျောမှုန့် တထုပ်ဝယ်၊
စီးတီးမတ်က ထုပ်တဲ့ အ၀ါရောင်သကြားထုပ် - ငါးဆယ်သား တစ်ထုပ်ဝယ်
အုန်းနို့ - ၂ ဗူး ၀ယ်ပါတယ်။
ရေကို တစ်လီတာ ပဲ ထည့်တာပါ။

ကျောက်ကျောချက်ဖူးတဲ့လူတွေ ဒီအချိုးအစားဆို မျက်စိမှာ ပုံဖော်လို့ ရမှာပါ။ 
အုန်းနို့တထပ်၊ ကျောက်ကျော တထပ်နဲ့ အုန်းနို့ အီအီ စိမ့်စိမ့် ကျောက်ကျော အရသာလေး ... 
ကျောက်ကျော နှင့် အုန်းနို့ အလွှာ အချိုးအစား ညီညီလေး ...

အဲဒီ အချိုးအစားနဲ့ဆိုရင် ကျောက်ကျောက အုန်းနို့ပြစ်ပြစ်၊ ကျောက်ကျော ပြစ်ပြစ်လေး စားလို့ကောင်းတယ်။ သကြား အချိုက အတော်ပါပဲ။




ကွတ်ကီးမုန့်တွေမှာ ထည့်တဲ့ ဆိုးဆေး




ဗူး နောက်ကျော




ကလေးများ အကြိုက် မိုင်လို  နှင့် လူကြီးများအတွက် အုန်းနို့ တဗူးပဲ ထည့်သုံးထားပါတယ်။




အခု ချက်တာ ရေများတယ်။ 
အုန်းနို့နည်းတယ်။ ( လူကြီးတွေ ... ကျန်းမာရေး ဂရုစိုက်ဖို့ ) :P
ကျဲလားဆိုတော့ မကျဲပါဘူး။ 
ကျောက်ကျောတုံးတွေကို ကြည့်လိုက်ရင် သိသာပါတယ်။

အိမ်မှာ ချက်တဲ့ အချိုးအစား ကျဲ ကျဲ က ....

အရင်ဦးဆုံး ...
အုန်းနို့ တဗူးကို ထည့်ကျို ...
ရေ  ... ကို ကော်ဖီသောက်တဲ့ မတ်ခွက် ( ၃ ) ခွက်ကို အပူပေး ...
သကြား ... ဆန်ချိန်ခွက် ( ၃ ) ခွက် ကို အရည်ပျော်အောင် မွှေပေးပီး ...
မိုင်လို .... လက်ဘက်ရည်ဇွန်း ( ၇ ) ဇွန်း မောက်မောက် ( ကိုယ့် နံပါတ် 7 ကို ကြိုက်လို့ ) 
ကျောက်ကျောအမှုန့် ( ၃ ပုံ ၂ ပုံ ) ထည့် ... ပျော်နေအောင် အဆက်မပြတ်မွှေပေးပါ။
အဖတ်လုံးဝ မကျန်အောင် ညက်နေအောင် မွှေပေးပီးမှ ကျောက်ကျော်ဗန်းထဲ ထည့်။
ရေခဲသေတာ အောက်ထပ်ထဲ တနာရီကျော်လောက် အအေးခံလိုက်ရင်ပဲ ကျောက်ကျောက လှီးလို့ ရနေပါပီ။




အုန်းနို့နည်းလို့ အပေါ်လွှာ အုန်းနို့လေးတွေ ပါးပါးလေး ဖြစ်နေတာ။ 

( ကျန်းမာရေး ... ကျန်းမာရေး )




ကျောက်ကျောမွှေတာ ညက်နေလို့ ကျောက်ကျောတုံးလေးတွေ ချောချောလေး ဖြစ်နေတာ .... 




ကလေးများ အကြိုက် .... တုန် .. တုန် ... ကျောက်ကျော အစိမ်းရောင် အတွက် ...

ရေ ကို ကော်ဖီမတ်ခွက် နဲ့ ( ၂ ) ခွက် အပူပေး
သကြား - ဆန်ချိန်ခွက် ( ၂ ) ခွက်ထည့် 
ကျောက်ကျောမှုန့် ၃ ပုံ ၁ ပုံ ထည့်
အစိမ်းရောင် ဆိုဆေး - လက်ဘက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ထည့်ပီး အဆက်မပြတ် မွှေပေးပီးမှ 
ခဲနေပီးသော မိုင်လိုကျောက်ကျောဗန်းပေါ် ထပ်တင်လိုက်ရင် ကျောက်ကျော အစိမ်းရောင် နောက်ထပ် တလွှာ ကို ရရှိပါပီ။






7 comments :

san htun said...

စားချင်တယ်..

Thet Nandar Family said...

San Htun ....

ကျွေးအုံးမှာ .....

မြတ် said...

ညီမရေ
ကျောပ်ေ

Anonymous said...

ညီမရေ
ကျောက်ကျောတံဆိပ်နံမည်လေး ပြောပြပေးပါနော်
ကျေးဇူးတင်လျှက်

Thet Nandar Family said...

Anonymous ....

ယိုးဒယားက လာတဲ့ တယ်လီဖုန်း ပုံ နဲ့ ကျောက်ကျောထုပ် ပါ ....

Kaung said...

ပုံလေးကြည့်ရတာစားချင်စရာလေး။

Kaung said...

တကယ်လား.......