Monday, February 20, 2012

ဘဲကင်၊ စွန်တန်ဟင်းရည်


ဘဲကင်


ကလေးများက ဘဲကင် ကို အရမ်းကြိုက်နေလို့ ထပ်ကင်စားဖြစ်သော ဘဲကင်


အအီပြေအောင် စွန်တန် ချဉ်၊ စပ် ဟင်းရည် နှင့် 


ဘဲပေါင် နှင့် ဘဲကင် အသားတုံးများ


ဘဲပေါင် အတွင်းပိုင်း အနေအထား ( ဘဲသားက အသားများပီး ကင်လိုက်ရင် ပိုချိုတာလည်း ပါသလို ပျားရည် နှင့် ကင်ထားတာမို့ ကလေးများက ပိုကြိုက်ကြပါတယ် )


အအီပြေ စွန်တန် ချဉ်၊ စပ် ဟင်းရည်

** ချက်၊ စားနည်း ** 


ဘဲတကောင်လုံးကို ရေဆေး၊ ပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့်၊ သကြား နဲ့ နှံစပ်အောင် နှယ်။
ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည် တို့နဲ့ နှယ်ပီး ရေခဲသေတာထဲ တညလောက် နှပ်ထားလိုက်ပါတယ်။
မနက်ကျမှ ပျားရည်ပါ ထပ်သုပ်ပီး  ဆီလေး ၂ ဇွန်းလောက် တကောင်လုံး သုပ်၊ ၀မ်းဗိုက်ထဲကို ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်းထည့်ပီး .... oven မှာ 350 º F နဲ့ တနာရီ ခွဲ သာသာလောက် ဟိုဘက် ဒီဘက် လှည့်ပေးပီး ကင်ထားသော ဘဲကင် ....
  


ပျားရည် နှင့် အတူ ကင်ထားတာမို့ ပိုချိုပီး ပိုစားကောင်းသလို 


ညကတည်းက ရှာလကာရည်၊ ပဲငံပြာရည်၊ ပျားရည် သုပ်ပီး နှပ်ထားတာမို့ စားကောင်းတယ်။


စွန်တန် ဟင်းရည်က ချက်ရတာ လွယ်တယ်။ 

ရေ 2 Qrt ထည့်ပီး ပွက်ပွက် ဆူအောင် တည်ထားလိုက်တယ်။
ရေ ဆူပီ ဆိုတာနဲ့ အဆင့်သင့် ပြင်ထားတဲ့ စွန်တန် ၂ ခွေ ထည့်တယ်။
ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီးစိမ်း ထည့်တယ်။
ခနှော ကြက်သားတုံး ၂ တုံးလောက် ထည့် ....
ငါးငံပြာရည် အချို ( ၂ စက် ) လောက် ဖြန်းပီး ....
ပွက်ပွက် ဆူနေအောင် ... ဟင်းရည်အိုး ကျ အောင် တည်ထားသော စွန်တန် ချဉ်၊ စပ် ဟင်းရည် ....


ဘဲကင် ရဲ့ အရိုးများ အပိုင်း


ဘဲခေါင်း


ဘဲတောင်ပံ


ဘဲပေါင်


စွန်တန် ချဉ်၊ စပ် ဟင်းရည်

** အရင်ပိုစ့် ** 

 

0 comments :