ဒီနေ့ ချက်တဲ့ ၀က်အချိုချက် နှင့် ငပိကြော် ပါ။
ငပိကြော်ကို ကြော် ပီး ပီးချင်း ... ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်များနှင့် အတူ ထမင်းနဲ့ နှယ်စားရတာကို ပိုကြိုက်ပါတယ်။
ဒီတခါ ၀ယ်စားသော အရိုးပါသော ၀က်သားတုံးများ ...
သူ့ကို roast အနေနဲ့ ချက်စားရင် ပိုကောင်းသလို .. ..
ကင်စားရင်လည်း စားလို့ကောင်းတဲ့ အသားပိုင်း ......
သူ့ကို roast အနေနဲ့ ချက်စားရင် ပိုကောင်းသလို .. ..
ကင်စားရင်လည်း စားလို့ကောင်းတဲ့ အသားပိုင်း ......
အရိုးပါတဲ့ ၀က်သားတုံးမို့ စွန်တန်နှင့် အတူ အရည်သောက် ချဉ်၊ စပ် ချက်စားရင် ကောင်းမလား ... ...
ပျားရည် သုပ်ပီး ကင်စားရင် ကောင်းမလား ...
aluminum foil ပတ်ပီး roast ချက်စားရင် ကောင်းမလား ...
ပျားရည် သုပ်ပီး ကင်စားရင် ကောင်းမလား ...
aluminum foil ပတ်ပီး roast ချက်စားရင် ကောင်းမလား ...
သမီးက ချိုချိုလေး စားချင်တယ်ဆိုလို့ .... ပဲငံပြာရည် အနောက်နဲ့ နှယ်ပီး ချက်ထားသော ၀က် အချိုချက် ...
ငပိကြော်ကို ထမင်းနဲ့ နှယ်ပီး ...
အခွံပါး သံပုရာသီးကို စားပွဲပေါ် လက်နှစ်ဖက် နဲ့ ဖိပီး လိမ့်ပေးလိုက်တယ်။ အဲဒါဆို သံပုရာသီးက လှီးလိုက်တဲ့ အခါ အရည်ပိုရွှမ်းတယ်။ သံပုရာသီး စိတ်တွေကို သေးသေးလေးတွေ စိတ်ပီး ငပိကြော် နှယ်ထားတဲ့ ထမင်းထဲ မြုပ်ပီး သံပုရာသီးကို အခွံပါ
ဝါးစားပါတယ်။ ( သွားတွေ ကြိမ်းပေါ့ )
*** ချက်၊ စားနည်း ***
ဝက်သားကို ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အကြည်၊ အနောက်တို့ နဲ့ နှယ်ပီးနောက် ချက်မယ့်အိုးမှာ ဆီကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပီး ... ဆီပူလာပီဆိုတာနဲ့ သကြား လက်ဘက်ရည်ဇွန်း ၂ ဇွန်းလောက်ထည့်မွှေပီး နာနတ်ပွင့် တပွင့်ထည့်။ ပီးမှ ဓါးပြားရိုက် ကြက်သွန်ဖြူ ၊ ဂျင်း တို့ ကို ထည့်ပီး ခဏလောက် ဆီသတ်ပီးမှ နှပ်ထားတဲ့ ၀က်သားထည့်မွှေထားတာပါ။
ဝက်သားများ လိပ်တက်လာပီဆိုမှ ရေကို အသားတုံးမြုပ်ရုံ ထည့်ပီး အသားတုံး တ၀က် နီးပါးလောက် ရေခမ်းပီဆိုရင် ရေကို အသားတုံး မြုပ်ရုံ ၃ ကြိမ်လောက် ပြန်ဖြည့်ပီး ချက်ထားတဲ့ ၀က်အချိုနှပ်ဟင်း။ ကလေးများကတော့ အရမ်းကြိုက်။
** အရင်ပိုစ့် **
2 comments:
အရောင်လေးတွေကလည်း လှနေတာဘဲ
ဘယ်လောက်အရသာရှိမယ်ဆိုတာ ကြည့်တာနဲ့သိနေသလိုဘဲ..
တကယ့်ကို စားချင်စရာလေး..
စာဖတ်နေရင်း ဗိုက်ထဲကတောင် အသံမြည်သွားသေးတယ်..
ချော ( အစိမ်းရောင်လွင်ပြင် ) ...
ချော ရေ ... အိမ်လာလည်တာ ကျေးဇူးပါနော် ....:)
Post a Comment