Thursday, February 16, 2012

အမဲသား အုန်းနို့ဟင်း


အမဲသား အုန်းနို့ဟင်း


အမဲသားနူးပီး ဆီပြန်လာခါနီးမှာ ထပ်ပီး အုန်းနို့ရည် ထည့်ချက်ထားတာမို့ အုန်းနို့ဆီလေးတွေ လိပ်တက်နေတဲ့ဆီပြန် ဟင်း ...


ဆီပြန်ပီဆိုတာနဲ့မီးဖိုမီးပိတ်ပီး ငရုတ်သီးစိမ်း နှင့် ပါစလေရွက်ကို အုပ်ချက်ထားသော အမဲသား အုန်းနို့ဆီပြန်ဟင်း


*** ချက်၊ စားနည်း ***



အမဲသားကို အနေတော် တုံး ... 
ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့် နဲ့ နှယ်ပီး ခဏလောက် နှပ်ထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။
စပါးလင်ကို ပါးပါးလေး လှီးထားပါ။
ဆီကို အနည်းငယ်ထည့်ပီး အပူပေးပါ။
ဆီပူပီ ဆိုတာနဲ့ ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နှင့် ပါးပါးလှီးထားသော စပါးလင်ထည့် ....
နှပ်ထားသော အမဲသားထည့် ... 
 အုန်းနို့ ( သံဗူး ) ထဲက အုန်းနို့ သံဗူး တ၀က်ထည့်မွှေ ...
အားလုံးကို နှံစပ်နေအောင် ၃ မိနစ်သာသာလောက်မွှေပီးမှ ရေကို အသားတုံး မြုပ်ရုံ ရေ ထည့်ပီး .....
၃ ရေ လောက် ချက်ထားပါ။
နောက်ဆုံး တရေ ခမ်းခါနီးမှ ကျန်နေတဲ့ အုန်းနို့ သံဗူးတ၀က်ကို ထည့်မွှေ ...
အမဲသား နူးပီး ဆီပြန်လာခါနီးမှ အုန်းနို့ ထည့်ချက်ထားတာမို့ အမဲသားဟင်းက အုန်းနို့နံ ပိုမွှေးသလို အသားမှာလည်း အုန်းနို့ရည် စိမ့်ဝင်နေတာမို့ ပိုစားကောင်းပါတယ်။
ခံတွင်းပိုလိုက်အောင် မီးဖိုမီးပိတ်ပီး ငရုတ်သီးစိမ်း ပါးပါးလှီးထားတာနဲ့ နံနံပင် (သို့မဟုတ် ) ပါစလေ ( သို့မဟုတ်) ပင်စိမ်းရွက် ကြိုက်နှစ်သက်ရာ အုပ်ပီး ချက်ပါ။ 



အမဲသား ... အသား အရသာမှာ အုန်းနို့ ဆီပြန် ဟင်း အနှစ် နဲ့ အတူ .. ငရုတ်သီးစိမ်း စပ်စပ်လေးနဲ့ ထမင်းနယ်စားတာ စားလို့ကောင်းပါတယ်။ 


0 comments :