Friday, February 17, 2012

ထမင်းသုပ် နှင့် ၀က်ခြေထောက်


ထမင်းသုပ် နှင့် ၀က်ခြေထောက်၊ ကြက်ဥပြုပ်၊ Ham


Ham



အိမ်မှာ ကြက်သွန်ဖြူ ဆီချက် က မပြတ် ရှိနေတော့ အလွယ်တကူ ပုစွန်ခြောက်မှုန့်၊ မွှေး ကုလားပဲ အကျက်မှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်ဥပြုတ်၊ ဆား နည်းနည်း၊ ငံပြာရည် နည်းနည်း ထည့်ပီး အလွယ်တကူပဲ သုပ်စားလိုက်တယ်။ မန်းကျည်းမှည့်ရည်က အဆင့်သင့် မရှိတော့ အလွယ်တကူ ရှိနေတဲ့ အစာပလာတွေနဲ့ပဲ သုပ်စားသော ထမင်းသုပ်၊ 

တခါတလေ ထမင်းကို ကြက်သားဟင်း အနှစ်၊ ကုလားပဲ အကျက်မှုန့်၊ ငရုတ်သီး အကျက်မှုန့်၊ ဆား နဲ့ သုပ်ပီး ကြက်ဥဟက်ဘွိုင်းကြော် ဖြစ်ဖြစ်၊ ကြက်သားကြော် နဲ့ တွဲစားပီး ကလေးများနှင့် မိုနိုပိုလီ ကစားရတာကိုလည်း ကြိုက်တယ်။ စားလည်း စား၊ ကစားလည်း ကစားပေါ့ ....




ဝက်ခြေထောက် ဟင်း 


ခဏ ခဏ ချက်စားဖြစ်ပါတယ်။ ကြိုက်လွန်းလို့ပါ။ 


ဝက်ခြေထောက် ဟင်းအိုး
 

** အရင်ပိုစ့် အဟောင်းများမှ ၀က်ခြေထောက် ချက်နည်းပိုစ့်များ ..... **



Connecticut မှာ ... စနိုးမုန်တိုင်းကျတဲ့ အချိန်တုန်းက ကိုယ့် ရန်ကုန်မှာ နာဂစ်မုန်တိုင်း အတွေ့အကြုံ ရှိခဲ့တာမို့ ကြိုပီး တွက်ထားတဲ့ အတိုင်း ဒီနှစ် CT မှာ စနိုးကျတာ နည်းတယ်။

နာဂစ်တုန်းက မိုးစောစောလာပီး မိုးစောစော ပြန်သွားပါတယ်။
CT မှာလည်း နှင်း စောစော လာပီး နှင်း စောစော ပြန်သွားပါတယ်။



ဒီမှာ ရှိတဲ့ အချိန်လေး အောက်တိုဘာ စနိုးမုန်တိုင်းမှာပဲ နှင်းထုက ၁ ပေကျော်ပီး
ပီးခဲ့တဲ့လက နှင်းထုက ၆ လက်မ သာသာလေး ၊ တချို့ ရက်က ၁လက်မ လောက်ပဲ ရှိတယ် ...

နှင်းကျတိုင်း ဓာတ်ပုံ ရိုက်ထားတာမို့ အမှတ်တရ ရှိသွားတယ်။


*** အရင်ပိုစ့်များ ***


  •  Snow
 
    • 2012 


  
    • 2011


Spring Season က မတ်လ ၂၀၊ ၂၀၁၂ မှ စမှာပါ။ အခု နောက်ထပ် စနိုးတွေ ကျဖို့ အလားအလာ အရမ်းနည်းနေတယ်ဆိုပီး CT မှာ ပြောနေကျတယ်။

အိမ်က ကလေးများက စနိုး ထပ်ပီး ကျစေချင်သေးတယ်။ သူတို့ စနိုးနဲ့ ဆော့တာ ပျော်လို့ ....

အောက်တိုဘာ စနိုး မုန်တိုင်းအပီး ... စတိတ်မှာ  ရပ်ကွက်တိုင်း နီးပါးလောက် မီးပျက်သွားတယ်။

အိမ်မှာ ၁၀ ရက်လောက် မီးပျက်လို့ လျှပ်စစ်မီတာခ ဒေါ်လာ ၂၀၀ လျှော်ပေးပါတယ်။ အဲဒါကြောင့်မို့ ဒေါ်လာ ၂၀၀ ဖိုး မီတာခ အလကားသုံးလို့ ရပါတယ်။
ဒီလ နဲ့ နောက်လတွေမှာ မီတာခ FREE ...

Coast နဲ့ နီးတဲ့ New Haven ဘက်တော့ မီးပျက် မပျက် မသိဘူး။ CT - New Haven ဘက်က ပင်လယ်ကမ်းခြေနဲ့လည်း နီးသလို နယူးယောက်နဲ့လည်း ပိုနီးတယ်။

သီရိရတနာ ဘလော့ကို အဲဒီ ဘက်က တယောက် လာလည်တာ IP တွေလို့ ...

West Hartford က လာလည်တာလည်း IP တွေ့ပါတယ်။

အမေရိကားမှာ နေရတာ ပျော်ကြလား မသိဘူး။ ....:)

ဖရော်ရီဒါမှာ နေတဲ့ တယောက်ကတော့ ကွန်နက်တီကတ်မြို့က သူ့ရဲ့ မွေးရပ်ဇာတိမြို့မို့ နေ့တိုင်းနီးပါးလောက်ကို လာလည်တာ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုပါတယ်။ သူ မြန်မာစာ မဖတ်တတ်ပါဘူး။ တခါတလေ ... မြန်မာဘာသာ ကို အွန်လိုင်းမှာ ဘာသာပြန်တာ မရှိတာကို မကြိုက်လည်း မကြိုက်သလို ဂူဂယ်ဘာသာပြန်မှာ မြန်မာစာ မရှိတာလည်း ကြိုက်ပါတယ် .... :)

ဒါပေမယ့် တချို့ နိုင်ငံခြားသားတွေလည်း မြန်မာလို ဖတ်တတ်တယ်နော်။ ဟီး .. ဟီး ...

လာကိုနီယား ...New Hampshire က တယောက် ... မြန်မာလား ... နိုင်ငံခြားသားတော့ မသိဘူး။
ကိုယ်ဘလော့ကို ဒေါ့ကွန် ၀ယ်ခိုင်းနေတာလား မသိပါဘူး ....

နေ့တိုင်း Google ကနေ www.thiriyatanar.com ရှာပါတယ်။ ဟူး ....

ဒေါ့ကွန်တော့ မ၀ယ်တော့ပါဘူးကွယ် ... ဟဲ ... ဟဲ

ဘာဖြစ်လို့လဲး ဆိုရင် ဒေါ့ကွန်က နှစ်တိုင်း ပိုက်ဆံသွင်းမှ ရမှာပါ။ ပိုက်ဆံ ကုန်သွားရင် အဲဒီ ဆိုဒ်လည်း ဒေါင်းသွားရော ...

ကိုယ့် အသက် က အစိုးရတာ မဟုတ်ဘူးလေ။

ကိုယ့် မရှိတော့ရင် ... အွန်လိုင်းပေါ်မှာ Google ကြီး ရှိသရွှေ့ ဘလော့က ရှိနေအုံးမှာပါ။

ဒေါ့ကွန်ကျတော့ အကန့်အသတ်နဲ့မို့လို့ ....

အွန်လိုင်းပေါ်မှာ ဘလော့ဂါ သက်ရှိ ထင်ရှား မရှိတော့ပေမယ့် ဘလော့က ကျန်နေသေးသလို ....

ဒေါ့ကွန်ကို ပိုက်ဆံ ထပ်မသွင်းလို့ ဒေါင်းသွားတဲ့ ဆိုဒ်တွေလည်း အများကြီးပါပဲ။

ဘာမှ မဟုတ်ဘူး။ ပျင်းလို့ ... တိတ်ဆိတ်စွာ စာဖတ်တတ်သူများနှင့် စကားပြောကြည့်တာ။ ဟီး ဟီး ....

နေ့တိုင်း မပြတ် လာလည်တဲ့ ဧည့်သည်များလည်း ရှိပါတယ်။ တချို့ IP တွေကျတော့ မှတ်ရမလွယ်လို့ မမှတ်မိတာပါ။ IP နံပါတ် ထက် .. တိုင်းပြည်၊ မြို့ကို မှတ်တတ်တာမို့ စင်ကာပူဆို ဘယ်လိုမှ မှတ်လို့ မလွယ်ဘူး။

မြင်ယောင်သေးတယ်။ Blog မှာ Hit တွေ နည်းသွားမယ်ဆိုတာ ... ဟီး ဟီး

ငါတို့ လာဖတ်တာ သူ သိတယ်ဟ ဆိုပီး နောက်ဆို လာလည်မှာ မဟုတ်တော့ဘူး။ :D





0 comments :