Thursday, February 16, 2012

ဝက်သား - မျှစ် ဆီပြန်ဟင်း


ဝက်သားနှပ် နှင့် မျှစ် ဆီပြန်ဟင်း


 
ဟင်းအိုး



** ချက်၊ စားနည်း ** 



မျှစ်ကို ပြုပ်ပီး ငါးပိရည် နှင့် အတူ တို့စရာ အနေနဲ့ စားရင်လည်း အရမ်းကြိုက်ပါတယ်။ 

ဝက်သားကို အသားတုံး ... တုံးပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ပဲငံပြာရည် အကြည် နဲ့ နယ်ပီး ခဏလောက် နှပ်ထားပါ။

ချက်မယ့် ဒယ်အိုးထဲမှာ ... ဆီကိုထည့် ... ဆီပူပီ ဆိုတာနဲ့ ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်  ဆီသတ် ... ပီး ... နှပ်ထားတဲ့ ၀က်သားထည့်မွှေပါတယ်။ 

ဆီသတ်ထားတဲ့ ကြက်သွန်နီဖတ်များနှင့် ၀က်သားကို နှံစပ်နေအောင် မွှေပီးမှ ....

အစပ်ကြိုက်တတ်ရင် ငရုတ်သီးစိမ်းတောင့်လေးတွေကို အညှာခြွေပီး ထည့် .....

ရေကို အသားတုံး မြုပ်ရုံလေး ထည့် ... ၃ ရေလောက် ဖြင့် ချက်ပီး ....

နောက်ဆုံး ရေ ထည့်ခါနီးမှာ စိတ်ထားသော မျှစ် ၀ိုင်းဝိုင်းလေးတွေထည့် ... ပီးမှ ရေထည့်ပေးလိုက်ရင် ....

မျှစ်လည်း နူး .. ၀က်သားလည်း ဆီပြန် ရေကျန် အနေအထား ရပါပီ။

ဝက်သား .. မျှစ် ဆီပြန်ဟင်းကို ငပိထောင်း စပ်စပ်လေးကို သံပုရာသီးလေး ညစ်ပီး စားရင် လိုက်ဖက်ပါတယ်။


ကိုယ် ... ဒီမျှစ်ပြုပ်ကို ကြိုက်တယ်။ 

ငပိရည် တို့စရာ အနေနဲ့ လည်း ဒီမျှစ်ပြုပ်ကို ကြိုက်သလို ....

ဝက်သားကို သကြား၊ ပဲငံပြာရည် အနောက် နဲ့ နယ်ပီး မျှစ် နှင့် မုန်ညင်းချဉ် ထည့်ပီး ပေါင်းတဲ့ ၀က်သား မျှစ်ပေါင်းဟင်း အနေနဲ့လည်း ကြိုက်တယ်။

ရန်ကုန်က တရုတ်နှစ်သစ်ကူး ... မိသားစု ရိုးရာ ရှိခိုးပီး နောက်တနေ့ ရှိခိုးတဲ့ ဟင်းတွေ အားလုံးပေါင်းပီး ဒီလို မျှစ် နှင့် အတူ ပြောင်းဖူး၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ ထည့်ချက်ထားတဲ့ ဟင်းပေါင်းအိုးထဲက ဒီလို မျှစ်မျိုးကိုလည်း ကြိုက်တာပဲ။





အရင်ပိုစ့်

ဝက်သား မျှစ်ချဉ်ဟင်း
ဝက်သား မျှစ် အချိုချက်

လတ်ဆတ်တဲ့ မျှစ် ဈေးနှုန်း နှင့် ရွှေချဉ်ပေါင်ကြော်
ဗီယက်နမ်ဆိုင် မှာ ၀ယ်လာသော မျှစ်ချဉ်ဗူး




2 comments :

အလွမ်းမြို့ said...

ဒီနေ့မှ သီရိရတနာ ဘလော့လေးကို ပပထမဆုံး
ရောက်ခဲ့ပါတယ်။ချက်ထားတဲ့ ဝက်သားဟင်းက
တော့ ရှယ်ပါဘဲ။ ဝက်သားမစားတဲ့ အလွမ်းမြို့တောင်
အဲဒီဟင်းလေးစားချင်စိတ် ဖြစ်သွားမိတယ်။
ဝက်သားမစားတော့ အမဲသားနဲ့ဘဲ ချက်စားတော့
မယ်။.အဟဲ...


ခင်မင်တဲ့
အလွမ်းမြို့

သီရိရတနာ said...

@ အလွမ်းမြို့ - လာလည်တာ ကျေးဇူးပါ။