Thursday, February 16, 2012

ကြက်သားလုံး မဆလာချက်



ကြက်သားလုံး မဆလာချက်



ကြက်သားလုံးကြော်


ကြက်သားလုံး မဆလာချက် 


ပြုံးနေသော မျက်နှာလေး နဲ့ အားလူးကြော်များ

** ချက်၊ စားနည်း ** 



ကြိတ်ပီးသား ကြက်သား

ကြက်ချိုချဉ်ကြော် နှင့် ကြက် - ကြေးအိုး ... 
အပြင် .... တခြားဟင်းလျှာ အတွက် ချက်မယ်ဆိုရင်တော့ ဒီလို ကြိတ်ထားတဲ့ ကြက်သားထဲ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊  ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း ၊ ကြက်ဥ အနှစ်၊ ကော်မှုန့် ( သို့မဟုတ် ) အကြော်မှုန့် ထည့်နှယ်ပီး ဆီပူအိုးထဲ ထမင်းစားဇွန်းနဲ့ တဇွန်းဆီ ထည့်ပီး ကြော်တာပဲ ဖြစ်ဖြစ်၊ အလုံးလေး လုံးပီး ဆီနှစ်ကြော်ရင် စားလို့ကောင်းတယ်။


မဆလာ နှင့် ချက်မှာမို့ ကြိတ်ထားသော ကြက်သား ထဲ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊  ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ဥ အနှစ်၊ အကြော်မှုန့် ထည့်နှယ်ပေးထားပါ။


ကြက်သားလုံးကြော် 

ကြက်သားလုံး မဆလာချက်အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ကြိတ်ထားပီး ....

ထောပတ် ( ၄) အောင်စ တတုံးကို အရည်ဖျော် ... မီးမြေးမြေးနှင့် အပူပေးပီးတာနဲ့ 
ဖာလာစေ့၊ သစ်ကြားပိုးခေါက်၊ ကရဝေးရွက် ထည့် ဆီသတ်၊ 
ပျဉ်တော်သိမ်ရွက် ထည့် ဆီသတ်၊ 
ကြိတ်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆနွင်းမှုန့် အနည်းငယ် နှင့် ငရုတ်သီး အရောင်တင်မှုန့် အနည်းငယ်ထည့် ဆီသတ် မွှေပီးမှ အသင့်ကြော်ပီးသော ကြက်သားလုံးကြော်များထည့် ...

ကြက်သားလုံးကြော် ထဲ ဟင်း အစာ အနှစ် အရသာ များ ၀င်ဖို့ ရေ အနည်းငယ်ထည့် မွှေ ...

မန်းကျည်းမှည့်ရည်လေး နည်းနည်းလေး ( မဆိုစလောက် ) ထည့် ... 

ထောပတ်ဆီ ပြန်လာခါနီးမှာ မဆလာလေး အုပ်၊ နံနံပင် နှင့် ငရုတ်သီးစိမ်း ပါးပါးလှီးထားတာ အုပ်ပီး မီးဖိုမီး ပိတ်ထားပါ။


တထုပ်ကို ၂ ဒေါ်လာ လား မသိဘူး။ အားလူးကြော် 


ချက်နည်း အညွှန်း


အိမ်မှာတော့ oven ထဲ ၈ မိနစ်လောက် အပူပေး ချက်လိုက်တယ်။ ဆီနှစ်ပီး မကြော်တော့ဘူး။ 
စားလို့ကောင်းတယ်။ 

ဒီထက် လျှာ အရသာ စွဲချင်သေးရင် အပေါ်ကနေ ဟင်းခတ်မှုန့် ၁ အချိုး နှင့် ငရုတ်ကောင်းမှုန့် ၂ အချိုး ( နှစ်မျိုး ရောပီး မှုန့် နေအောင် လုပ်ထားတဲ့ အမှုန့် ဖြူးပီး စား ) တော်တော် အရသာ ရှိပါတယ်။


0 comments :