Monday, February 13, 2012

ဗီဒီယို

spam comment တွေ များလွန်းလို့ ဖြတ်ရင်းနဲ့ ပတ်စ၀ဒ်ပါ အသစ်ပြောင်းလိုက်တယ်။ 

နောက်တနေ့ကျတော့ အသစ် ပြောင်းလိုက်တဲ့ ပတ်စ၀ဒ်ကို မမှတ်မိဘူး ဖြစ်နေတာနဲ့ ဘလော့နဲ့ ကင်းဝေးသွားတာ ၅ ရက် ... 


သတိထားမိသလောက် blogspot က ပေးတဲ့ template ဆိုရင် spam ပိုများသလိုပဲ။ 
သေချာတော့ မသိဘူး။ အခု template နဲ့ ကျမှ spam comment တွေ အရမ်းများတယ်။ 


အဲဒီ spam comment တွေ ဖြတ်ရင်းနဲ့ တခု ကွန်မန့်ကို သဘောကျတယ်။

ကိုယ့် ဘလော့ကို သူ ကွန်မန့်ရေးထားတာ မဟုတ်ပါဘူး။ အဲဒီ spam သုံးတဲ့ စကားလုံး အသုံး အနှုန်းကို သဘောကျလို့ပါ။


You know, people are very busy, tired, and even boring now, but your ideas are so fresh and interesting that I'll surely read all of your posts!



ဒီရက်ပိုင်း ကြည့်ဖြစ်နေတဲ့ သတင်းတွေ ....


သူ့သတင်းကို ဒီဘက်မှာ သူဆုံးပီး သိပ်မကြာဘူး။ FB မှာ share တာ ဆက်တိုက်ပါပဲ။ ဒီမှာ ညနေ ၄ နာရီ ပတ်ဝန်းကျင်ကတည်းက သိနေပါပီ။ အခု ထက်ထိ share နေကျတော့ တချို့က ကန့်ကွက်နေကြတယ်။ ဒီမှာလည်း ကွယ်လွန်သွားကြတဲ့လူတွေကို ဝေဖန်တာမျိုးတွေ တွေ့တယ်။

တီဗီ - သတင်း FB Fun Page တွေ က သူ့ သတင်းတွေ တင်ရင် .... တချို့က ဒါ ဟာ သတင်းမဟုတ်တော့ဘူး။  တကယ့် အရေးပါတဲ့ သတင်းပဲ တင်ပါတွေ ဖြစ်ကုန်ကြတယ်။ 

ဖြစ်နိုင်ရင် ကွယ်လွန်သွားကြတဲ့ လူတွေကို မဝေဖန်စေချင်ပါဘူး။ ဘာဖြစ်လို့လဲး ဆိုရင် သူတို့ ဘာမှ မတုန့်ပြန်နိုင်ကြလို့ပါ။ သူတို့အတွက် ဆုတောင်းပေးစေချင်ပါတယ်။ 



Whitney Houston's Last Performance



 Rest in peace, Whitney. 


Credit : http://youtu.be/8QaI-M9sxW4


Credit : http://youtu.be/h9rCobRl-ng




jennifer lopez ရဲ့ ပါးရိုက်တဲ့ ဒီဇိုင်းကို သဘောကျလို့ 


0 comments :