Tuesday, February 28, 2012

ငါးသလောက်ပေါင်း



Dadddy ချက်သော ငါးသလောက်ပေါင်း ( Hilsa fish curry )


ဒယ်ဒီ အသိ နယူးယောက်က အပြန်မှာ ၀ယ်လာပေးတဲ့ ငါးသလောက်ကို ဒယ်ဒီ ကိုယ်တိုင် pressure cooker နဲ့ ချက်ထားတဲ့ ဟင်း ...


ငါးသလောက် ငါးက .. ဒီတခါ အကောင်ကြီးတယ်။ အသားတွေ အများကြီးပဲ ...


ထမင်းများများ .. ငါးသလောက် အသား နည်းနည်းစီ ဖဲ့ ဖဲ့ပီး စားတာမို့ စားပီး အကြောတော့ မတက်ဘူး။ 


မနက်ကတည်းက ဒီပိုစ့် တခါတည်း တင်မလို့ပါပဲ။ သတင်းတွေ FB မှာ share ထားတာ တွေ့တာနဲ့ .. လိုက်ဖတ် ... ကြည့်နေတာ ....

ဟိုတလောကလည်း ... ဆယ်ကျော်သက် ကောင်မလေး အိမ်နီးချင်း ကလေးမလေး ၃ နှစ် အရွယ်ကို သတ်လိုက်တာ ထောင်ဒဏ် တသက်တကျွန်း ကျသွားတဲ့ အကြောင်း ...

သတင်းကိုလည်း စိတ်ဝင်စားတယ်။ 

ဘာကြောင့် ဒီလို အကြောင်း ဖြစ်လာတာလည်းဆိုတဲ့ နောက်ကြောင်းကိုလည်း စိတ်ဝင်စားတယ်။



* credit : http://video.today.msnbc.msn.com/today/46553663#46553663

မနေ့က မနက်  ၇း၃၀... အိုးဟိုင်းယိုး အထက်တန်းကျောင်းမှာ သေနတ်ပစ်ခံရတဲ့ သတင်း NBC ( FB ) ကနေ မနက် ... ၈း၃၀ မှာ သတင်းတက်လာကတည်းက စိတ်ပူနေတာ ...


ဆယ်ကျော်သက် တွေ ....

T.J. Lane

နောက်ပိုင်း ... စုံထောက်တွေက FB ပါ တွဲပီး စစ်ဆေးလာကြတယ် ..

http://www.huffingtonpost.com/2012/02/28/tj-lane-facebook-photos_n_1307836.html#s736080

တီ ဂျေ သေနတ်ပစ်လို့ ကွယ်လွန်သွားသော ဆယ်ကျော်သက် ကျောင်းသားလေး ရဲ့ ၀မ်းနည်း မှတ်တမ်း ( FB )


အိမ်က သားတော်မောင် pencil grip နဲ့ ရေးထားတဲ့ ပဲပင်ပေါက် ကောက်ကြောင်းကိုလည်း ပြင်နေရသေးတယ်။ 

ဒီနေ့ သမီးရဲ့ အတန်းထဲမှာ Craw fish ( classroom pet ) ၈ ကောင်ကို မဲနိုက်ပီး ကျောင်းသားတွေကို အလကားပေးတယ်။ အိမ်မှာမွေးဖို့ .. အတန်းထဲမှာ ဆက်မမွေးတော့ဘူးလေ .. အဲဒီ craw fish နဲ့ အတန်းထဲမှာ စာသင်ပီး ပီးလေ ...  သမီးက သူ မဲ မပေါက်လို့ pet shop ကနေ ၀ယ်ခိုင်းနေသေးတယ်။ တကောင်ကို ၃ ဒေါ်လာ လောက် ရှိတယ်။ အကောင်ကြီးရင်တော့ ၄ဒေါ်လာပေါ့ ... သူပုံစံက ပုစွန်လိုမျိုးပဲ .. အကောင်ကြီးရင် ချက်စားလို့ရတယ်။ အဲဒါကြီးတော့ မမွေးချင်ပါဘူး။

အရမ်းချွဲတတ်တဲ့ ... ကြောင်တော့ မွေးချင်တယ်။ လောလောဆယ်တော့ ကြောင်မွေးဖို့ ... အဆင်မပြေပါဘူး။ 


ငါးသလောက်ဥကြော်


*** အရင်ပိုစ့် ***



2 comments:

jasmine(တောင်ကြီး) said...

ငါးသလောက်ပေါင်း ကိုအရမ်းကြိုက်တာပဲ ပုံထဲမှာကြည့်ပြီး
စားချင်လိုက်တာ သရက်ချဉ်သုပ်လေးနဲ့တွဲပြီးစားလိုက်ရရင်တော့
ခင်မင်စွာဖြင့်
ျေsmine

Thet Nandar Family said...

Jasmine ( တောင်ကြီး ) ...

ကိုယ်လည်း သရက်ချဉ်သုပ် ကို လွမ်းလိုက်တာ ...
နှမ်းလေးနဲ့ ဆီချက်လေးနဲ့ သုပ်စားလိုက်ရ ...
ရှလွတ် ....

တော်တော်လိုက်ဖက်တဲ့ ဟင်း အတွဲအစပ်ပဲ ... မှတ်ထားအုံးမှ ....

Related Posts Plugin for WordPress, Blogger...

☺ Enjoy your visit !

Please don't copy of my blog posts and photos, that is mine without my permission.