Thursday, February 16, 2012

စပျစ်သီးခြောက် ကွတ်ကီး



Heart Shape - sugar cookie



သကြား ကွတ်ကီးပေါ်မှာ အသည်းပုံ ချောကလက်ဆန်လေးတွေ ကပ်ထားတဲ့ ကွတ်ကီး


အခု ရက်ပိုင်း Whitney Houston သီချင်းတွေ နားထောင်နေမိလို့ Whitney လက်နှစ်ဖက်မြောက်ပီး သီချင်းဆိုနေတဲ့ ပုံစံ မျက်စိထဲ စွဲနေတယ်။


 ကွတ်ကီးတွေတောင် မျက်စိထဲ Whitney Houston နတ်သမီးတောင်ပံတွေနဲ့ လက်နှစ်ဖက် မြောက်ပီး သီချင်းဆိုနေတဲ့ ပုံစံ ဖြစ်သွားတယ်။ 



  
စပျစ်သီးခြောက် ကွတ်ကီး

  
ကွတ်ကီးတွေထဲမှာ သကြားကွတ်ကီး ... ကွတ်ကီး အပျော့ကို နံကထိုင် အနေနဲ့ ကြိုက်နှစ်သက်သလို ...

  
စပျစ်သီးခြောက် ကွတ်ကီးကိုလည်း ကြိုက်တယ်။


သီဟိုဠ်စေ့ ... သစ်ကြားသီး ... ကွတ်ကီးလည်း ကြိုက်တယ်။
 

cinnamon - သစ်ကြားပိုးခေါက် ကွတ်ကီး တော့ မကြိုက်ဘူး။ US မှာ ၀ယ်စားလို့ ရတဲ့ cinnamon အမှုန့်ထည့်ထားတဲ့ ကွတ်ကီးလည်း မကြိုက်ဘူး။ cinnamon ပေါင်မုန့်၊ ပီကေ၊ သကြားလုံးလည်း မကြိုက်ဘူး။ cinnamon နဲ့ ချက်တဲ့ ဟင်းတွေတော့ ကြိုက်တယ်။

** ချက်၊ စားနည်း ** 



ဂျုံမှုန့် -  All Purpose Flour - 3 cups
ထောပတ်  - 2 sticks ( 1 cup )
သကြား - 1 1/2 cups
Vanilla Extract - 2 tsp
ကြက်ဥ  - 1 လုံး
Baking soda - 1 tsp


oven ကို 375º F ကွတ်ကီး မဖုတ်ခင်  oven ပူနေအောင် ကြိုဖွင့်ထားပါ။

ပီးနောက် ...

ရေခဲသေတာ အပြင် ထုတ်ထားတဲ့ ထောပတ် ၂ တုံးကို မွှေမယ့် ကြွေဇလုံထဲထည့်။

ထောပတ်ကို အရင် မွှေစက် နဲ့ မွှေ ....

သကြား ( ဆန်ချိန်ခွက် ) ၁ခွက်ခွဲထည့် ....
Vanilla အမွှေးဆီ - လက်ဘက်ရည်ဇွန်းနဲ့ ၂ ဇွန်းထည့် 
ကြက်ဥ - ၁ လုံးထည့်

အားလုံးကို မွှေစက် နှင့် မွှေပါ။


အဲဒီ ကြွေဇလုံထဲမှာ ထပ်ပီး ....

ဂျုံမှုန့် - ၃ ခွက်ထည့်
Baking soda - လက်ဘက်ရည်ဇွန်း ၁ ဇွန်း ထည့် မွှေစက်ဖြင့် မွှေပါ။  


အိမ်မှာ မိသားစု ၄ယောက်တည်းမို့ ....
ကွတ်ကီးကို ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ကြိုက်နှစ်သက်တာမို့ ... 
ဒီအချိုး အစားနဲ့ ကွတ်ကီး မုန့်နှစ်ကို ... ကွတ်ကီး ပုံစံ ၂ မျိုး စားချင်တာမို့ .... 

တ၀က်စီ ခွဲလိုက်တယ်။

သကြားကွတ်ကီး အတွက် ...  

တ၀က်ကို ပလပ်စတစ်ဖြင့် ထုပ်ပီး ရေခဲသေတာ အောက်ခန်းထဲ နာရီဝက်လောက် ထည့်ထားပါ။ 


ကြွေဇလုံထဲမှာ ကျန်နေတဲ့ တ၀က်ထဲ စပျစ်သီးခြောက် ၁ ခွက်ထည့်ပီး မွှေစက်ဖြင့် မွှေပါ။


စပျစ်သီးခြောက် ( ဆန်ချိန်ခွက် ) ၁ ခွက် စာ မွှေအပီး


မုန့်ဖုတ်မယ့် oven ဗန်းပေါ် ကွတ်ကီး paper ခင်းပါ။ 


ထမင်းစားဇွန်းဖြင့် တဇွန်းစီ ခပ်ပီး ကွတ်ကီး တခု နှင့် တခု ၂ လက်မ အကွာအဝေးလောက် ခြားထားပီး ပုံပေးထားလိုက်ပီး oven ထဲ ထည့်ဖုတ် ....

375º F ဖြင့် ၁၀ မိနစ် အထက် မုန့်ဖုတ်လိုက်ရင် ....


ဒီလိုမျိုး ကွတ်ကီး ပြားပြား အနေအထားကို ရပါပီ။ 


အိမ်မှာ oven ကို ကွတ်ကီး မဖုတ်ခင် ... oven ကြိုဖွင့်ထားပီး ....
375º F - ၁၂ မိနစ်တိတိ မုန့်ဖုတ်ပါတယ်။ 
၁၂ မိနစ် အကြာဆိုရင် အညိုရောင် တော်တော်လေး သန်းနေပါပီ။ 
အပြင်မှာ ခဏလောက် အအေးခံလိုက်ရင် ကွတ်ကီးက မာသွားပါပီ။

ကိုယ့်တော့ ကွတ်ကီး အနံ မွှေးမွှေးလေး ... ကွတ်ကီး ပူပူလေးကို အရမ်းပဲ သဘောကျလို့ oven ထဲက ထွက်လာတာနဲ့ စပျစ်သီးခြောက် ကွတ်ကီး ပူပူလေး စားပီး ကော်ဖီခါးခါး သောက်ရတာကို ပိုကြိုက်နှစ်သက်တယ်။ 


ရေခဲသေတာ အောက်ခန်းထဲ နာရီဝက်လောက် ထားတဲ့ ဂျုံကို ထုပ်။ ဂျုံမှုန့်ကို ဖြူးပီး ဂျုံကို ခပ်ပြားပြားလေး ဒလိမ့်တုံးနဲ့ လိမ့်ပါ။ 

ဂျုံပြားပေါ်မှာ cookie cutter ကို ဂျုံမှုန့် ကပ်ပီး ဂျုံပြားပေါ် ဖြတ်တာပဲ ဖြစ်ဖြစ်၊

cookie cutter နဲ့ ဂျုံပြားပေါ် ဖြတ်ပီးမှ ဂျုံပြားအောက်ကနေ ဓားနဲ့ ဆွဲယူတာပဲ ဖြစ်ဖြစ် ... 

ကွတ်ကီးလေးတွေ ဖြတ်ပီး ကွတ်ကီး paper ပေါ်တင် ...



သမီးမွေးနေ့ကိတ်မုန့်လုပ်တုန်းက ကျန်နေသေးတဲ့ heart shape သကြားခဲလေးတွေ ထည့် ...


စောပိုင်းတုန်းက စပျစ်သီးခြောက် ကွတ်ကီးဖုတ်ထားတာမို့ ပူနေသော oven ထဲ ကွတ်ကီးဗန်းကိုထည့်။

375º F ဖြင့် ၁၀ မိနစ် လောက် မုန့်ဖုတ်လိုက်ပါတယ်။

ကွတ်ကီးမုန့်တွေက မဖုတ်ခင် oven ကို ကြိုဖွင့်ထားပီး 

375º F ဖြစ်ဖြစ် 350º F ဖြစ်ဖြစ်
၁၀  မိနစ် အထက် ... 
ကိုယ်လိုချင်သော ကွတ်ကီး အနေအထားနဲ့ မုန့်ဖုတ်လိုက်ရင် ရပါပီ။ 

ကွတ်ကီး မုန့်က ဖုတ်ရတာ အရမ်းလည်း လွယ်သလို ... ကလေးများလည်း ကြိုက်တယ်။ 

ကွတ်ကီးမုန့်ပေါ်ကနေ စာတွေလည်း ရေးလို့ ရသလို ... 

ကလေးတွေ ABC ရေးတဲ့ letter cutter နဲ့ ကတ်ထူ paper ကို ဖြတ်ပီး အပေါ်ကနေ သကြားမုန့် ( ရောင်စုံ) ဖြူးပီး လည်း အလှဆင်လို့ရတယ်။

ကွတ်ကီး အသည်းပုံ ကြီးကြီးကို ခရမ်သုပ်တာပဲ ဖြစ်ဖြစ်၊ အရောင်ဆိုးတာပဲ ဖြစ်ဖြစ်၊ တုတ်ချောင်းလေး အောက်ကနေ တပ်ပီးလည်း အလှဆင်လို့ ရသေးတယ်။ 




** အရင်ပိုစ့် **

သမီး Angel ကိုယ်တိုင် လုပ်ထားသော 2012 အတွက် သမီးရဲ့ မွေးနေ့ကိတ်မုန့်
ခရစ်စမတ် ကွတ်ကီး



5 comments :

သိင်္ဂါကျော် said...

ကွတ်ကီးတွေ လာစားသွားတယ်နော်..
ချစ်စရာလေးတွေ...

Thet Nandar Family said...

သိင်္ဂါကျော် ....

cookie cutter လေးတွေနဲ့ လုပ်တဲ့ ကွတ်ကီးလေးတွေကလေ ချစ်ဖို့ ကောင်းတယ်။

အိမ်က ... ကွတ်ကီး အသည်းလေးတွေ လာစားသွားတာ ... ကျေးဇူးတင်ပါတယ် ....

Sandakuu said...

လှလိုက်တာ.. စားတောင်မစားရက်ဘူး..း)))
ပုံလေးတွေလဲစုံလို့..

san htun said...

ကွတ်ကီးလေးတွေက ချစ်ဖို့ ကောင်းလိုက်တာ..

Thet Nandar Family said...

Sandakuu & San Htun ....

ကွတ်ကီးလေးတွေ လှတာ cookie cutter လေးတွေ ကြောင့်ပါ။

cutter လေးများ မရှိရင် ကွတ်ကီးကို ဇွန်းနဲ့ ပုံပီး မုန့်ဖုတ်မိမှာပါပဲ။ ဟီး ... ဟီး ....

လာလည်တာ ကျေးဇူးနော် ....