Tuesday, February 7, 2012

ပုစွန်၊ ငါးခြောက် ဆီပြန်ဟင်း


ဒီ ရေခဲရိုက်ထားတဲ့ ပုစွန် အကောင်က အရသာ နည်းနည်းပေါ့ ရွှတ်တယ်။ 
 


ဒါကြောင့် လေးလေးပင်ပင် ရှိတဲ့ ငါးခြောက်နဲ့ ရောထားတာပါ။
 


ငါးခြောက်ကို အရင်ချက်ပီးမှ ပုစွန်ကို ထည့်ချက်ပါတယ်။ ပုစွန် အကွေး၊ ငါးအနွေးမို့ ပုစွန်က ခဏလေး နဲ့ ကျက်ပါတယ်။ မူရင်း ပုစွန် အရသာလည်း မပျက်သလို ... ပုစွန်အသားထဲလည်း ငါးခြောက်ဟင်းရဲ့ ဟင်း အနှစ် အရသာ ၀င်သွားတာမို့ ဒီလို ပုစွန် အထုပ်နဲ့ ရောင်းတဲ့ ခေါင်းမပါ ပုစွန်ကို ငါးခြောက်နဲ့ ရောချက်တာ ပိုစားကောင်းတယ်။
 


ငရုတ်သီးစိမ်း နှင့် နံနံပင် ပါ ထည့်ချက်ထားတာမို့ လေးလေးပင်ပင် နှင့် ခပ်စပ်စပ်လေး၊ နံနံပင် အနံမွှေးမွှေးလေးပါ။
 


ပုစွန် အကောင်များ ဘက်ခြမ်း ၊ ဘေးနားမှာ ငါးခြောက်တုံးလေးတွေ ... အလယ်နားမှာ ငရုတ်သီးစိမ်း နီနီလေး၊ ပန်းကန် ဘေးနားလေးတွေမှာ လိပ်တက်နေသော ခရမ်းချဉ်သီးဖတ်လေးတွေ .... ဟင်းအိုးကျက်ခါနီးမှာ မီးဖိုမီးပိတ်ပီး နံနံပင် အနည်းငယ် ထပ်အုပ်ထားတာမို့ နံနံပင်များအပါ .... ပုစွန်၊ ငါးခြောက် ဆီပြန်ဟင်း
 

  

ဟင်းအိုး
 

သား နှင့် သမီး အတွက် ပုစွန်ကြော်
 

  
အကြော်မှုန့် အနည်းငယ်နှင့် ကြက်ဥ အနှစ် ကပ်ကြော်ပေးထားတာမို့ ပုစွန် အရသာကို အပြည့်အ၀ ရပါတယ်။


  
တွဲစားဖို့ ဆလပ်ရွက် အပါ




** ချက်၊ စားနည်း **



ဒီတခါ ချက်တာ ဒီ stop and shop မှာ ရောင်းတဲ့ ဒီလိုမျိုး ရေခဲရိုက်ထားတဲ့ ပုစွန်ထုပ်နဲ့ ချက်ထားတာပါ။
 

သူချည်းပဲ ပုံမှန် ပုစွန်ဆီပြန်ဟင်း ချက်လိုက်ရင် ကိုယ့်ရဲ့ ရွှေမြန်မာမှာ စားနေကျ ပုစွန်ခေါင်းကနေ ထွက်တဲ့ ပုစွန်ဆီ နဲ့ ချက်ထားတဲ့ ပုစွန်ဆီပြန်ဟင်း အရသာကို မရ ပါဘူး။ ကိုယ့်တော့ ခံတွင်း မတွေ့သလိုမျိုးပါပဲ။ 
ဒီလို ပုစွန်မျိုးက အခွံ မခွါပဲ ခရမ်းချဉ်သီး နှင့် ပုစွန် ချဉ်ရည်ဟင်း ချက်စားရင် လည်း ရပါတယ်။

အထုပ်ထဲက ပုစွန်က ပုစွန်ခေါင်း မပါဘူး။ ကျောခွဲပီး ပုစွန်ချီးကြောင်း အဆင့်သင့် ထုပ်ပေးထားပါတယ်။ 

တခါတလေ ပုစွန်ကို အခွံမခွါပဲ ချက်တတ်သလို ...

အိမ်မှာ ကလေးများလည်း ရှိလို့ ပုစွန်ကို အခွံခွါချက်တာ များပါတယ်။


ကလေးများ အတွက် ပုစွန် တန်ပူရာကြော် .... အခွံခွါထားသော ပုစွန်၊ ဆားနည်းနည်း၊ ငရုတ်ကောင်းမှုန့် နည်းနည်း၊ သကြား နည်းနည်း၊ အကြော်မှုန့် နှင့် ကြက်ဥ အနှစ် ၁ လုံး

ပုစွန်ကလေ ... ရေ သေချာဆေးပီး ဆားလေး နည်းနည်းထည့်ကြော်လိုက်ရင်ကို စားလို့ ကောင်းနေပါပီ။ 
အခုက ပိုစားကောင်းအောင် ပုစွန်ကို ငရုတ်ကောင်းမှုန့်လေး နည်းနည်း နှင့် လျှာဖျားစွဲအောင် သကြားလေး နည်းနည်းအပါ ... အကြော်မှုန့် က စပ်ပီးသား .. အဲဒီ အကြော်မှုန့် အတွက် ထပ်ပီး အနောက်က ဆားတို့ ဟင်းခတ်မှုန့်တို့ လိုက်ထည့်စရာ မလိုတဲ့ အကြော်မှုန့် အထုပ်နဲ့ ကြော်ထားတာပါ။ 
တချို့ အကြော်မှုန့် အထုပ်ကတော့ အနောက်က ဆား ထပ်ထည့်ရပါတယ်။
မုန့်နှစ်ကပ်ကြော်မှာမို့ ကြက်ဥ အနှစ် အပါ ... မီးမြေးမြေး ( အလယ်မီး ) နဲ့ ကြော်ထားပါတယ်။
 


 ပုစွန်တန်ပူရာကြော်
 


 ပုစွန်၊ ငါးခြောက်ဟင်း အတွက် ...
ပုစွန်ကို ဆား ( အနည်းငယ်ပဲ ထည့်ပါတယ်။ ငါးခြောက်က ငန်အုံးမှာ မို့လို့ ) 
ငါးငံပြာရည် (အချို ) အနည်းငယ် ထည့်ပါတယ်။ ( ငါးခြောက်ရဲ့ အငန်ကို ထိန်းပေးဖို့ )
ဆနွင်းမှုန့် 
ငရုတ်သီး အရောင်တင်မှုန့် နှင့် နယ်ထားလိုက်ပါတယ်။

ငါးခြောက်ကို အရင်ဆုံး ရေဆေးပီး .... တလက်မ ဆိုဒ်လောက် တုံး ... ရေလေး အနည်းငယ်နဲ့ နာရီဝက်လောက် စိမ်ထားလိုက်ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ကြိတ်စက်ဖြင့် ကြိတ်ထားပါတယ်။

နံနံပင်ကို ပါးပါးရိတ်ထားလိုက်တယ်။

ခရမ်းချဉ်သီး ၃ လုံးလောက် ပါးပါးလှီးထားလိုက်တယ်။ 




 ဆီကို အရင်ဆုံး အပူပေးပီးတာနဲ့ ....

ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့် ဆီသတ်၊
ခရမ်းချဉ်သီး ထည့်၊ ခရမ်းချဉ်သီးဖတ်တွေ ကြေသွားအောင် ဇွန်းနဲ့ ဖိချေပီး ဆီသတ်လည်း မြန်ပါတယ်။

ပီးတာနဲ့ ရေစိမ်ထားသော ငါးခြောက်ကို ထည့်မွှေပါတယ်။ 

နှုတ်နှုတ်စင်းထားသော နံနံပင် အရိုးလေးတွေပါ ထည့်ပီး မွှေပေးထားလိုက်တယ်။ 

ခံတွင်း မြိန်အောင် ငရုတ်သီးစိမ်းလေးပါ ထည့်လိုက်တယ်။

ငါးခြောက်က ရေလည်း နာရီဝက်လောက် စိမ်ထားသလို၊ အခု ငါးခြောက်က အသားများတယ်။ ငါးရံခြောက်လိုမျိုး အရိုးလည်း မများတာမို့ ရေကို တခွက် သာသာလေး ထည့်ပီး မီးမြေးမြေးနဲ့ ချက်လိုက်ရင်ပဲ ငါးခြောက်က ကျက်ပါပီ။

ငါးခြောက်ကို အရင်ဆုံး ဆီကျန် ရေကျန် အနေအထားလောက်မှာ ချက်ပါတယ်။ 

ငါးခြောက် ဆီကျန် ရေကျန် အနေအထားမှာပဲ နှပ်ထားတဲ့ ပုစွန်များကို ထည့်မွှေပေးပါတယ်။

ဒါဆို ပုစွန်ရဲ့ နဂို မူလ ပုစွန် အရသာလည်း မပျက်တော့ပါဘူး။ 

ငါးခြောက်ဆီက အငံ အရသာ လေးလေးပင်ပင်ကို ပဲ ယူထားတာပါ။

ပုစွန်က ဆီကျန် ရေကျန် နဲ့ မွှေပီး မီးမြေးမြေး နဲ့ပဲ အဖုံးအုပ် ချက်လိုက်တာနဲ့တင် ပုစွန်က ကွေးပီး ကျက်နေပါပီ။ 

ရိုးရိုး ပုံမှန် ချက်ရင်တော့ အဲဒီ ပုစွန် အသားက မာ ဆတ် တောက် တောက် ပုံစံ အရသာမျိုးပဲ။ 

အခုက ငံပြာရည် အချို နဲ့ နှပ်ပီး ငါးခြောက် ဆီကျန် ရေကျန် ထဲ ထည့်ရော ချက်လိုက်တော့ ပုစွန်က ခရမ်းချဉ်သီး အချဉ် အရသာ နဲ့ အတူ လေးလေးပင်ပင် အငံ အရသာ ပါတာမို့ စားလို့ကောင်းတယ်။  

နံနံပင် အနံမွှေးမွှေးလေးလည်း လိုချင်တာမို့ ဟင်းအိုးကျက်ပီဆိုတာနဲ့ မီးဖိုမီးပိတ်ပီး နံနံပင်ကို အုပ်၊ အဖုံး ပြန်အုပ်ထားလိုက်ရင် နံနံပင် အနံမွှေးမွှေးလေးနဲ့ ပုစွန်၊ ငါးခြောက်၊ ဆီပြန်ဟင်းကို ရပါပီ။




 စာဖတ်ရင်း ... ကိုယ်နဲ့ အတူ ချက်ထားတဲ့ ပုစွန်၊ ငါးခြောက်ဆီပြန်ဟင်း ရပါပီ။




အားရ ပါးရ သုံးဆောင်သွားပါအုံး .....

 ကိုယ့်မှာ FB a/c နောက်တခု ထပ် ရှိလာပါတယ်။ 
အကောင့်အသစ် မဖွင့်လို့ မဖြစ်တော့လို့ ဖွင့်လိုက်ရတာပါ။
ကိုယ့် အဲဒီ အကောင့်နှင့် အတူ လိုက်အပ်ထားတဲ့ FB a/c များ ရှိပါတယ်။ accept လုပ်ပေးတဲ့လူတွေကို ကျေးဇူးတင်ပါတယ်။ accept မလုပ်လည်း ဘာမှ မဖြစ်ပါဘူး။ 
အဲဒီ အကောင့်က Fun page မကျ၊ FB profile မကျပါပဲ။

ကိုယ့် FB ကို 2010 မှာ စသုံးတော့ Game ကစားပါတယ်။ 
သူများတွေ ကွန်နက်ရှင်ကျနေပေမယ့်  proxy နံပါတ် DNS server မှာ ထည့်ပီး  ကစားပါတယ်။
ပိုက်ဆံ ထည့်ထားတာ ဒီကနေ့ဆို ဒေါ်လာ ၁၀၀ ကျော်နေပါပီ။ 
ကိုယ် အနည်းဆုံးပါပဲ။ ကိုယ့် အကောင့်မှာ ရှိတဲ့ တချိုဆို ဒီထက်မက ပိုက်ဆံ သုံးသေးတယ်။ 

Friend list မှာ ရှိတဲ့ လူတွေက ဘယ်သူတွေမှန်း ကိုယ်လည်း မသိပါဘူး။ တချို့လူတွေဆို ... သူတို့ ဘာသာစကား ကိုယ် နားမလည်ဘူး။ Google translate သုံးရတယ်။ အဲဒီထဲမှာ ပိုက်ဆံသုံးပီး ၀ယ်ထားတဲ့ ပစည်းတွေက တခြား အကောင့်ကို နေရာပြောင်းရွှေ့ လက်ဆောင်လည်းပေးလို့မရပါဘူး။ 

နောက်တခုက ကိုယ့် FB မှာ ဒီနေ့ တိုးတက်၊ ပြောင်းလဲလာတဲ့ သတင်းတွေ ဖတ်ချင်တယ်။ 
share ချင်တယ်။ သူတို့ ရေးထားတာ ဖတ်ချင်တယ်။ သူများတွေရဲ့ update လေးတွေ သိချင်တယ်။

FB တခါ ၀င်ရင် ခေါင်းမူးတာတင် မဟုတ်ဘူး။ ရှုတ် ရှက်ကို ခတ်နေတာပါပဲ။ Group လည်း မခွဲထားပါဘူး။ ဘာသာစကားတွေလည်း ရှုတ်၊ လူတွေလည်း များတော့ update feed တခါ တက်လာလို့ Home မှာ အောက်ဆုံး စာမျက်နှာတောင် မရောက်သေးဖူး။ အပေါ်မှာ New Feed 90 လောက်က ကြိုနေပီ။ 

ရီလည်း ရီရတယ်။ ဘေးနားမှာ ... အခုရက်ပိုင်း  အလုပ်ရှုပ်နေတဲ့ ဒယ်ဒီတောင် ကိုယ့်ကို အားကျသွားတယ်။ မာမီ ပဲ ကောင်းတယ်။ ကွန်ပြူတာ တလုံး နဲ့ အလုပ်ကို ရှုပ်နေတာပဲတဲ့။ 

အံမယ်  ... ကလေးလည်း ထိန်းပါတယ်။ အိမ်အလုပ်လည်း လုပ်ပါတယ်။ ထမင်း၊ ဟင်း၊ သန့်ရှင်းရေးလည်း လုပ်တယ်လေလို့ ... 

အဲလိုမျိုးပါ .. ကိုယ့်ရဲ့ လက်ရှိ update လေးတွေက ....

ကိုယ့်ရဲ့ thetnandar.myanmar မှာ ရွှေ တွေ ပါပဲ။ ပျော်တယ်ကွာ ... အွန်လိုင်းကနေ ရွှေမြန်မာ အသိုင်းအ၀ိုင်းထဲကို ၀င်သွားသလိုမျိုးပဲ။

မနေ့ ဆို ပြေတီဦး ဓာတ်ပုံ ကြည့်ပီး ထိုင် နောက်ချင်တာ ... ကိုယ့် အသက်အရွယ် ကိုယ်ထိန်းပီး ငြိမ်နေလိုက်တာ။ ဒါပေမယ့် လက်က သွက်တယ်။ စာ နည်းနည်းလောက် ရိုက်ဖြစ်သွားသေးတယ်။ 




ပြေတီဦး..အမြီးတက်နင်းမိသော ဖွေးဖွေး

ရေးချင်တာက : တီတီခမျာ ... အမြီးတက်နင်းခံလိုက်ရလို့ တအားနာသွားပုံရတယ်။ တီတီ အော်သံကြောင့် ဖွေးဖွေးတောင် လိပ်ပြာလွှင့်သွားလား မသိဘူး။ ကျွတ် ... ကျွတ် ... ကျွတ် :P 



သိပ် မနောက်ဖူးနော်။ သိပ်ပီးတော့လည်း သူများ ကွန်မန့်တွေကို အနောက်ကနေ like မလုပ်ဘူးနော်။ တခါ ... ဟိုဘက် ... ဒီဘက် ဖိုက်နေတာကို ကိုယ့်က ကွန်မန့်တွေမှာ like အနှိပ်ကောင်းလို့ ကိုယ့်ကို Ban သွားပါတယ်။ ဟင့် ... ဟင့် 
ကိုယ့် တဖက်လူရဲ့ FB ( privacy ) ကိုလည်း respect ပေးထားပါတယ်။ 

ဒါကြောင့်မို့လို့ Public လုပ်ပေးထားတယ်။ ကိုယ့်ရဲ့ FB friend list ဖြစ်မှ မဟုတ်ပါဘူး။ 
blog မလာပဲ FB ကနေ ကြည့်လို့ရအောင် ....

share တာကျတော့ ဒီ သတင်း တပုဒ်ကို သူလည်း share .. ကိုယ့်လည်း share နဲ့ တခါတလေ ... သတင်းတပုဒ်ကို share နေကျတာ အများကြီးမို့ ကိုယ့်ရဲ့ FB မှာ link တွေ မ share တော့ဘူးနော်။ ဟင်း ဓာတ်ပုံတွေချည်းပဲ သီးသန့် ထည့်ပေးပါမယ်။

FB ကနေ ဘယ်မှ မသွားတော့တဲ့ သူတွေ နဲ့ ရန်ကုန်က လူတွေ အတွက် ... အစား အသောက် ဓာတ်ပုံများ နှင့် အမေရိကား ကွန်နက်တီကတ်ကို FB က နေ လှမ်းကြည့်ရုံ ဓာတ်ပုံလေးတွေပါ။

ကိုယ့်က ရန်ကုန်က သတင်းလေးတွေနဲ့ ဓာတ်ပုံလေးတွေ ကြည့်မယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာအသိုင်းအ၀ိုင်းကို ကြည့်ပါမယ်။ 

သူများတွေတော့ မသိဘူး။ 
ကိုယ့်တော့ Blog ကို ပိုကြိုက်ပါတယ်။
အနည်းဆုံး စကားလုံး သုံးရရင် ....း
blog က မှတ်တမ်း ... သိမ်းပုံ ... သိမ်းနည်း ကောင်းတယ်။
blog ဆို ... အဟောင်းလေးတွေ ပြန်ဖတ်လည်း ... ပြန်ဖတ်ချင်စရာပါပဲ ....


FB ကျတော့ ... FB ကို log in ၀င်ပီးတာနဲ့ update feed ပဲ ဖတ်ချင်တယ်။ old ဆို မနှိပ်ချင်တော့ဘူး။ 
FB ဆို new update ပဲ ...

ကိုယ့်ရဲ့ နောက်ထပ် FB က ... ကွန်နက်တီကတ် က လူတွေ နဲ့ Fun page တွေ နဲ့ join ထားတာပါ။
အဲဒီမှာ cooking chef တွေ နဲ့လည်း join ထားတယ်။ တီဗီ သတင်းကြေငြာသူတွေ .
market, brand,  ဘလော့ဂါ ... အစုံပဲ။ တချို့က personal blog ကို FB fun page အနေနဲ့ ချိတ်ထားတာတွေလည်း ရှိတယ်။ 

ဘာထူးလဲးဆို ... နည်းနည်းလောက် ပြောပြရရင် မိုးလေ၀သ တို့ ... ဘယ်နားမှာ မီးလောင်နေတယ်။ ... လမ်းပိတ်ထားတယ်တို့ .. ကျောင်းပိတ်တယ် ... ပစည်းအသစ် ... ဈေးလျှော့နေပီတို့ ... ဒီ နေ့ ... ဒီအချိန် ... အဲဒီ ရုပ်ရှင်ကို အလကား ဒေါင်းလော့တို့ ဦးရာ လူစနစ် ၅၀၀၀ တို့ ... အများကြီးပဲ။ ဒီနေ့ဆို အိုးဘားမား ၀ါရှင်တန်မှာ school -  science fair တို့ ပါတယ်။ 

မဆင့် လေသံ နဲ့ ပြောရရင် 

တလုံးက မီးထွန်းဖို့ ....
အဲ ... တခုက ဂိမ်းကစားဖို့ 
တခုက အွန်လိုင်းမြန်မာ အသိုင်းအ၀ိုင်းမှာ update ကြည့်ဖို့
တခုက အမေရိကား update ကြည့်ဖို့ ...

တခုတည်း သုံးလို့မရဘူးလားဆိုရင် ... ရော သုံးကြည့်တာ ရှုပ်နေလို့ ...
စိတ်ရှုပ်လို့ ....
အလကား သုံးလို့ ရလို့ ...


ဒီနေ့ဆို မနက်စာ ... စာရင်း ... FB က တယောက် share ပေးတဲ့ web site ကနေ အကယ်ဒမီပေးပွဲကို တိုက်ရိုက်ကြည့်ပါတယ်။ တခုက MRTV 4 web site ကနေ ... တခုက live ဆိုဒ်တခုကနေ ...


အကယ်ဒမီ ပေးပွဲကို တိုက်ရိုက် Live ကြည့်နေရင်း ... တဖက်ကနေ broswer နောက်တခုနဲ့ update feed လေးတွေ လှမ်းပီး ဖတ်လိုက်ပါသေးတယ်။





5 comments :

san htun said...

ပုဇွန်ဟင်းလေး စားချင်လိုက်တာ..

Thet Nandar Family said...

San Htun .....

အများကြီးကို ချက်ကျွေးအုံးမှာ ....

စာရေးဆရာလေး - ဆရာဆန်းထွန်းကို ထမင်းစားဖိတ်ကျွေးချင်နေတာနဲ့ အတော်ပဲ ...

ဆရာ ... အမှတ်တရ လက်မှတ်လေး တချက်လောက် .....

Anonymous said...

ပုဇွန်တွေမြည်းရင်းနဲ့စာတွေဖတ်သွားတယ်အစ်မ
(စားရင်းနဲ့ကုန်သွားပြီလားတောင်မသိး)
အကယ်ဒမီပေးပွဲတိုက်ရိုက်ပြတော့
အဆင်ပြေတာပေါ့။
မြန်မာပြည်.အင်တာနက်ကတော့
အကယ်ဒမီယူမယ့်သူတက်လာတယ်
ခဏရပ်သွားတယ်.ဆုယူတယ်.ခဏရပ်သွားတယ်း)


ချစ်ခင်လျှက်
မိစံ

jasmine(တောင်ကြီး) said...

စားချင်စရာကောင်းအောင်ကိုလုပ်ပြထားတော့စားချင်မိပါတယ်

Thet Nandar Family said...

သမီးစံ ... Jasmine ( တောင်ကြီး ) ....

US မှာတော့ အကယ်ဒမီပေးပွဲ LIVE ကို ကြည့်ရတာ အရမ်း အထစ်ကြီးတော့ မဟုတ်ဘူး။

MRTV 4 က အွန်လိုင်းပေါ်ကနေ လွှင့်ပေးတာပဲ ကျေးဇူးတင်နေမိပါပီ။

တောင်ကြီး မီးပုံပျံပွဲတုန်းကလည်း LIVE ကြည့်ဖူးတယ်။

ဓာတ်ပုံလေးတွေ ကြည့်ပီး စားချင်သွားပီ ဆိုလို့ ၀မ်းသာပါတယ် .. စံပယ်ပန်းလေးရေ ..... :)