Sunday, February 5, 2012

ရစ်ဌက်သား - ခရမ်းချဉ်သီးချက်


ရစ်ဌက်သား ( FOWL ) ကို ခရမ်းချဉ်သီး နဲ့ ဟင်း အနှစ်ချက်ပီး Parsley ရွက် အုပ်ထားသော ဆီပြန်ဟင်း


ကြက်သား နဲ့ အရသာ တူလား ဆိုရင် တူတော့ တူတယ်။
ဒါပေမယ့် ကြက်သားလို အရသာမျိုးတော့ မဟုတ်ဘူး။ 


အကောင်မမြင်ရဘဲနဲ့ အသားပဲ သပ်သပ် စားရမယ်ဆိုရင် ....
ဒါ ဘာအသားလဲး ဆိုတာ 
အမဲသားတို့ ဆတ်သားတို့ ... ကျွဲသားတို့ထက် နည်းနည်း ခွဲရ ခက်တယ်။
 

စားနေကျ လူတွေ ဆိုရင်တော့ ခွဲတတ်လိမ့်မယ်။
ကိုယ့်တော့ ရစ်ဌက်ကို အခုမှ စားဖူးတာမို့လို့ ....

အမဲသားတို့ ကျွဲသားတို့ကျတော့ ရန်ကုန်မှာ ဆိတ်သားခြောက်တို့ ဘာတို့ ၀ယ်နေကျမို့လို့ ခွဲတတ်သေးတယ်။


** ချက်၊ စားနည်း **



ရစ်ဌက် ( Fowl ) ဈေးနှုန်း ...


အကောင်က သေးတယ်။  ၂ကောင်မှ ၄ ပေါင်ခွဲ နီးပါးလောက်ပဲ ရှိပါတယ်။


ရစ် တကောင်ကို အသားတုံး အနေတော် တုံးထားပီး ဆား၊ ဆနွင်းမှုန့် နဲ့ နှယ်ထားလိုက်ပါတယ်။
 

 ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ကြိတ်စက်ဖြင့် ကြိတ်ထားပီး
 

 Parsley အရွက် ... နံနံပင် နဲ့ တူတယ်။
 

 မြန်မာ ... ကြက်သားဟင်း ခရမ်းချဉ်သီး အနှစ် ချက် နည်း အတိုင်းပါပဲ ...

ဆီ တခွက်လောက် ထည့်ပီး ... ဆီကျက်ပီ ဆိုတာနဲ့ ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့် ဆီသတ်၊ ငရုတ်သီး အစိမ်းမှုန့် ထည့် ။
ခရမ်းချဉ်သီး အနှစ်များများ လိုချင်တာမို့ ခရမ်းချဉ်သီး ၃ လုံးကို ရှစ်စိတ်ခြမ်းထားတာ ထည့်မွှေ ။
ခရမ်းချဉ်သီး ဖတ်များ မြန်မြန် လိပ်တက်သွားအောင် ဟင်းချက်တဲ့ ဇွန်းနဲ့ပဲ ခရမ်းချဉ်သီးဖတ်တွေကို ဖိ ချေပီး မွှေလို့ရှိရင် ခရမ်းချဉ်သီးဖတ်တွေ မြန်မြန်နူးပါလိမ့်မယ်။
ခရမ်းချဉ်သီးဖတ်တွေ လိပ်တက်ပီ ဆိုတာနဲ့ နှပ်ထားတဲ့ ရစ်ဌက်သားများကို ထည့်မွှေပါ။
ငရုတ်သီးစိမ်းတောင့်ပါ ထည့်မွှေပါ။
ရေကို အသားတုံး မြုပ်ရုံလောက်ပဲ ထည့်ပါ။ မီးကို မြေးမြေးနဲ့ ၃ ရေလောက် ချက်ပီး
ဟင်းအိုးကျက်ပီဆိုမှ မီးဖိုမီး ခလုတ်ကိုပိတ် ပါးပါးလှီးထားသော Parsley ရွက်များ အုပ်ချက်ထားသော ....
 

 ရစ်ဌက်သား ခရမ်းချဉ်သီး ချက်

0 comments :