Saturday, February 4, 2012

ကြက်သား၊ ပင်စိမ်း အုန်းနို့ချက်


ကြက်သား၊ မှို၊ အုန်းနို့ ပင်စိမ်းရွက်အုပ်ထားသော ဟင်း 



 

Chicken basil
 


ခရုဆီ နှင့် ချက်ထားသော ကြက်သားပင်စိမ်းချက် ...
 


Basil - ပင်စိမ်းရွက်


မှို၊ အုန်းနို့ နှင့် ချက်ထားသော ကြက်သား ပင်စိမ်းချက်
 




** ချက်၊ စားနည်း **





ဒယ်ဒီ ၀ယ်လာတာ အရေခွံ မပါ ... အရိုးမပါ ကြက်ရင်ဘုံသားမို့ ပင်စိမ်းရွက် နှင့် ကြက်သားကို အချိုချက်ပဲ ချက်လိုက်ပါတယ်။ ဒီ ကြက်ရင်ဘုံ အသားက ၄ ပေါင် နီးပါးလောက် ရှိပါတယ်။

၃ ပေါင်ကို ပင်စိမ်းရွက် နှင့် ချိုချဉ်စပ်လေး ချက်ပီး ....
၁ ပေါင်ကိုတော့ ကလေးများအတွက် ကြက်သား ပင်စိမ်းရွက် အုပ်ချက်ထားတာကို မှို နှင့် အုန်းနို့ ပေါင်းထည့်ပီး အချိုလေး ချက်ပေးလိုက်ပါတယ်။




ဒီမှာ ရောင်းတဲ့ Basil - ပုံစံလေး ...




 ၃ ပေါင် ကြက်သားဟင်းဆိုရင်တော့ Basil leaf - ၃ ခက်လောက် အရွက်ခြွေပီး ထည့်ရင် အတော်ပါပဲ ... 
၁ ပေါင်လောက်နဲ့ ချက်တဲ့ ကြက်သားဟင်းဆိုရင်တော့ ပင်စိမ်းရွက် - ၁ ခက် ၊ ၂ ခက်လောက်ပေါ့ ....
 


ဆော့စ်ကို ခွက် တခွက်တည်း ရောပေါင်း စပ်လို့ပဲ ဖြစ်ဖြစ် ... 
တခါတည်း အသားနဲ့ ထည့်ပီး နှယ်လို့ပဲ ဖြစ်ဖြစ် ...
ကိုယ့်စိတ်ကြိုက် ... ကိုယ့်ပုံစံ သာ ချက်ပါ .... 


As !_! like ....

အိမ်မှာတော့ .... ဆော့စ်အတွက် ....

ကြက်သား ( ၃ ) ပေါင် နှင့် ချက်ဖို့ ဆော့စ် အတွက် ....

ခရုဆီ = လက်ဘက်ရည်ဇွန်း ( ၆ ) ဇွန်း
ငါးငံပြာရည် = လက်ဘက်ရည်ဇွန်း ( ၃ ) ဇွန်း
သကြား = လက်ဘက်ရည်ဇွန်း ( ၃ ) ဇွန်း
သံပုရာရည် = လက်ဘက်ရည်ဇွန်း ( ၅ ) ဇွန်း




ပန်းကန်တလုံးထဲ ထည့်ပီး သကြားအပါ ဖျော်ထားလိုက်ပါတယ်။
 


ကြက်ရင်ဘုံသားကို အသားတုံး  သေးသေး လှီးဖြတ်ထားလိုက်ပီး ....

ဆား = လက်ဘက်ရည်ဇွန်း  ( ၁ ) ဇွန်း
ငရုတ်ကောင်းမှုန့် = လက်ဘက်ရည်ဇွန်း တ၀က် နှင့် နှယ်ထားပီး ...




အသင့်ဖျော်ထားသော ဆော့စ် ... ပန်းကန်ထဲက ၃ ဇွန်းလောက်နဲ့ပါ ထပ်နှယ်ထားပါတယ်။




ငရုတ်သီးအပွခြောက် ၄ ခု 

( အစပ်စားနိုင်ရင် ဒီထက် ပိုထည့်ပါ။ 
အဲဒီ ငရုတ်သီးခြောက်က ကြော် ...
ကြက်သားနဲ့ ရေထည့်ပီး ချက်နေတဲ့အခါ နူး ...
ကြက်သား အရသာမှာ အစပ် ပါ သွားမှာမို့ ကိုယ့် အစပ် စားနိုင်သလောက် ငရုတ်သီးအပွခြောက်ကို ရေဆေးပီး ရေကို ခြောက်အောင်သုပ်ပီးမှ ဆီပူမှာ မီးမြေးမြေး နဲ့ ကြော်ပါ ) 

ကြက်သွန်ဖြူ - ၅  မွှာ
ဂျင်း - လက် တဆစ်
ကြက်သွန်နီ - တခြမ်း




ကြက်သွန်ဖြူ - ၅ မွှာ နှင့် ဂျင်း လက်တဆစ်ကို ဓါးပြားရိုက် ....
ကြက်သွန်နီ တခြမ်းကို လေး စိတ် စိတ် 

( ရှလွတ် ကြက်သွန်နီ တလုံး ဆိုရင် ... ကြက်သွန်နီ တလုံး လုံး လေး စိတ် စိတ် ) 




အိမ်မှာ ... ကြက်သား ၃ ပေါင်ကို ဆီ - 1/2 cup ထည့်ချက်ပါတယ်။
ချက်မယ့် အိုးမှာ - ဆီ - 1/2 cup ကို ( medium heat ) အပူပေး
ဆီပူပီဆိုတာနဲ့ ငရုတ်သီး အပွခြောက်ကို အရင်ကြော်ပါ။
ကြွပ်လာပီ ဆိုတာနဲ့ တဆက်တည်း ...
ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်း ၊ ကြက်သွန်နီ စိတ် ထည့်မွှေ ပီးမှ 
နှပ်ထားသော ကြက်သားကို ထည့်မွှေ ... 
( ၃ ) မိနစ်၊ ၄ မိနစ်လောက် မွှေပီးမှ ရေ ကို 1 cup ထည့်၊ အဖုံးအုပ်ချက်ထားပါ။
ဟင်းအိုး ဆူလာပီး ရေခမ်းခါနီးမှ ကျန်နေသော ဆောစ့်များ လောင်းထည့်ပီး မွှေပါ။
ပီးရင် မီးဖိုမီးပိတ်လိုက်ပီး ပင်စိမ်းရွက်များ၊ ကြက်သွန်မြိတ် ၄ ခုလောက် ထည့်အုပ် မွှေပီး အဖုံးခဏအုပ်ထားလိုက်ပါ။ 





ပင်စိမ်း အနံသင်းသင်းလေး နှင့် ကြက်သား အရသာက ချိုလည်း ချိုတယ်။ နည်းနည်းလေးလည်း အချဉ်ဘက်ကို လိုက်တယ်။ ငရုတ်ပွခြောက်က နူးသွားတော့ သူရဲ့ အစပ် က ကြက်သားထဲ ရောက်သွားတာမို့ အရမ်း ရှုးရှဲကြီး အစပ် မဟုပ်ပေမယ့် စပ်တယ်။ 

ကလေးများ အကြိုက် ... ကြက်သား၊ မှို၊ အုန်းနို့ ....  ပင်စိမ်းရွက်အုပ်ချက်ထားတဲ့ ဟင်း

ညစာ အတွက် ... ကလေးများ နှင့် ဒယ်ဒီအတွက် ... ကြက်သား ၁ ပေါင် မပြည့်တပြည့်ကို ... မှို၊ အုန်းနို့ နှင့် ချက်ပီး ပင်စိမ်းရွက် အုပ်ထားသော ဟင်း 

ကြက်သားက တပေါင်လောက်
မှို - တဗူး
ကြက်သွန်နီ - တစိတ်
ကြက်သွန်ဖြူ - ၃ မွှာ
ဂျင်း -  လက်မ၀က်
ငရုတ်သီးပွခြောက် - ၂ တောင့်
အုန်းနို့ရည် - ခွက် တ၀က်
ပဲငံပြာရည် အနောက် - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
ရှာလကာရည် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း 
သကြား - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
ငါးငံပြာရည် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း

အရင်ဆုံး ... ဆော့စ်အတွက် ...

ပဲငံပြာရည် အနောက် - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
ရှာလကာရည် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း 
သကြား - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
ငါးငံပြာရည် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း
ဖျော်ထားပါ။
အရိုးမပါ ... အရေခွံမပါ ... ကြက်ရင်ဘုံသားကို သေးသေး လှီးထားပီး 
ဆား - လက်ဘက်ရည်ဇွန်း 1/2 
ငရုတ်ကောင်းမှုန့် - 1/4 tsp နှယ်ထားပါ။

အသင့်ဖျော်ထားသော ဆော့စ် ပန်းကန်လုံးထဲမှ လက်ဘက်ရည်ဇွန်း - ၃ ဇွန်းလောက် ယူပီး ကြက်သား နှင့် ရောနှယ်ထားပါ။

ဆီကို ထမင်းစားဇွန်း နှင့် ၃ ဇွန်းလောက် ထည့်ပီး မီးမြေးမြေး အနေအထားနဲ့ ဆီပူပီ ဆိုတာနဲ့ 
ငရုတ်ပွခြောက် ၂ တောင့်လောက် ထည့်ကြော်ပါ။ 
ငရုတ်ပွခြောက် ကြွပ်လာပီ ဆိုတာနဲ့ တဆက်တည်း ...
ဓါးပြားရိုက် ကြက်သွန်ဖြူ - ၃ မွှာ၊ ဂျင်း - လက်မ၀က် ထည့်၊ စိတ်ထားသော ကြက်သွန်နီ တစိတ်လောက် ထည့်မွှေပီးမှ 
 နှပ်ထားသော ကြက်သားထည့်မွှေ ...
၂ မိနစ်လောက် မွှေပီးမှ ...
အုန်းနို့ ခွက် တ၀က် ထည့်မွှေ ... အုန်းနို့ နှင့် ကြက်သား နှံစပ်အောင်မွှေပီးမှ 
ရေကို ခွက် တ၀က်လောက်ပဲ ထည့်ပါ။ အဖုံးအုပ် ချက်ထားလိုက်ပီး 
ရေဆူတက်လာခါနီး မှ ကျန်နေသော ဆော့စ်များလောင်းထည့် ... မွှေ ...
ပါးပါးလှီးထားသော မှို တဗူး  နှင့် ငရုတ်သီးစိမ်းတောင့် - ၄ တောင့်လောက် ထည့်မွှေပါ။ 

( မှိုက ပါးပါးလှီးထားပီး ထည့်ချက်လိုက်ရင် ၅ မိနစ် သာသာလောက်ဆို နူးပါပီ ။ ငရုတ်သီးစိမ်းတောင့်ကတော့ မှို ကို အဆိပ်တက်မှာစိုးလို့ ဖြေပေးတာပါ )

အုန်းနို့ကျန် ... ရေကျန် အနေအထားလောက် ရောက်ပီဆိုမှ ပင်စိမ်းရွက် ၂ ခက်လောက်ဆီက ခြွေယူထားသော ပင်စိမ်းရွက်များနှင့် ကြက်သွန်မြိတ် ၃ ခုလောက် ထည့်အုပ်ပီး မီးဖိုမီးပိတ်၊ အဖုံးအုပ်ထားလိုက်ပါ။ 

ဟင်းချက်ထားသော အပူငွေ့ နှင့် ပင်စိမ်းအရွက်များ စိမ်း စိမ်း နူးနူး အနေအထားနှင့် ကြက်သား၊ အုန်းနို့ဟင်းလည်း ပင်စိမ်း အနံသင်းနေပါလိမ့်မယ်။


အုန်းနို့ နှင့် တည့်သော သူဆိုလျှင် ... အုန်းနို့ ဆန်ချိန်ခွက် နှင့် တခွက်လောက် ထည့်ချက်လို့ ရပါတယ်။ 
ကိုယ့်တို့တော့ အုန်းနို့ ပြစ်ပြစ်လေး စားချင်လို့ အုန်းနို့ တခွက် ထည့်ချက်ထားပါတယ်။ 
ပုံမှန်ဆိုလျှင်တော့ အုန်းနို့ ခွက် တ၀က်စာလောက်ပဲ ထည့်ချက်ပါ။ 






မှို 




အုန်းနို့ ဆန်ချိန်ခွက် တ၀က်



3 comments :

Aung Htut said...

ဗိုက်ဆာနေတုန်း လာကြည့်မိပြန်ဘီ... ဂလု ဂလု... :(

san htun said...

လာစားတယ်ဗျို့ ..အဝတီးသွားတယ်..

Thet Nandar Family said...

Aung Htut ... San Htun .....

အိမ်လာလည်သွားတာ ကျေးဇူးပါ။

အ၀ သာ တီးသွားပါ ....