Wednesday, February 1, 2012

ရုံပတေသီး ငံပြာရည်ချက်


Okra
 


ငပိရည် နဲ့ တို့စရာ ရုံပတေသီးပြုပ် ကို  ကြိုက်နှစ်သက်မယ်ဆိုရင်တော့ ဒီဟင်းကို ကြိုက်လိမ့်မယ်။
 


ရုံပတေသီး ငံပြာရည်ချက်

** ချက်၊ စားနည်း **




 Okra




ရုံပတေသီး တပေါင်ကို $ 4 ... 
0.5 lb = $ 2.03 ( ပေါင် ၀က်ကို $ 2 ) 




ကြက်သွန်ဖြူ = ၃ မွှာ
ကြက်သွန်နီ = တခြမ်း
ငရုတ်သီးစိမ်း = ၅တောင့်
ရုံပတေသီး = 0.5 lb
ငံပြာရည် = ထမင်းစားဇွန်း ၇ ဇွန်း
နံနံပင် = အနည်းငယ်
ဆနွင်းမှုန့် = လက်ဘက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
ငရုတ်သီး အစိမ်းမှုန့် လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆီ = ဆန်ချိန်ခွက် တ၀က်
ရေ = ဆန်ချိန်ခွက် ၁ ခွက်




ကြက်သွန်ဖြူ = ၃ မွှာ၊ ကြက်သွန်နီ = တခြမ်းကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။
ခရမ်းချဉ်သီး အလုံးသေး တလုံးကို = ရှစ်စိတ်ခြမ်း
ငရုတ်သီးစိမ်း ငါးတောင့်ကို ထက်ခြမ်းခွဲ
နံနံပင်ကို ပါးပါး ရိတ်ရိတ် လှီးထားပါ။

ဆီ ခွက် တ၀က်လောက် ထည့်ပါ။
ဆီပူ ပီ ဆိုတာနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့် ဆီသတ်။
( တအောင့် အကြာမှာ ) ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် ထည့်မွှေ ....
ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်းထည့်၊
ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ ထည့်၊
ငံပြာရည် ထမင်းစားဇွန်း ၇ ဇွန်းလောက်ထည့် ပီးမွှေ ... 
ခရမ်းချဉ်သီးဖတ်များနှင့် ကြက်သွန်ဖတ်များ နူးသွားအောင် ဇွန်းဖြင့် ချေပီးမွှေပါ ...
ရေကို ဆန်ချိန်ခွက် တ ခွက်စာ ထည့် မွှေ...
တအောင့် အကြာမှာ လက်မ၀က် စိတ်ထားတဲ့ ရုံပတေသီး ထည့်မွှေ ...
နံနံပင် အုပ်ပီး မီး အရှိန် လျှော့ပီး ချက်ရင် ဆီကျန် ရေကျန် ရုံပတေသီး ငံပြာရည်ချက် ကို ရပါပီ။ 
အရသာ ခပ်လေးလေး စားချင်ရင် ဆားလေး မဆိုစလောက် .... နည်းနည်းလောက် ဖြူးလိုက်ရင် ပြည့်စုံတဲ့ ရုံပတေသီး ငံပြာရည်ချက်ကို ရပါပီ။





** အရင်ပိုစ့် ** 


ရုံပတေသီး မဆလာချက်
ရုံပတေသီး မဆလာချက် နှင့် နံပြား



ခရမ်းချဉ်သီး မဆလာချက်၊ အမဲကလီစာ၊ အမဲအူပြုပ်
ခရမ်းချဉ်သီး ငံပြာရည်ချက်
ခရမ်းချဉ်သီးထောင်း

ကြက်ဟင်းခါးသီး ငပိချက်







2 comments :

MM said...

မရေ..ညီမက မရဲ့ blog မှာ ဟင်းချက်နည်းတွေကို အမြဲလိုလိုလာဖတ်နေတဲ့ ဧည့်သည်တစ်ယောက်ပါ....အရမ်းသဘောကျလို့ လာလာလည်တာပါ...... ခုတောင် ဟင်းလျာတွေ ကိုဖတ်ရင်း မ ကို လှမ်းနှုတ်ဆက်တာပါ.....မ နဲ့တစ်ခါမှအပြင်မှာမဆုံဘူးပေမဲ့လည်း
post တွေဖတ်ရင်းနဲ့ပဲ ခင်မင်မိပါတယ်။။ ဒီ blog လေးကိုအားပေးပါတယ်နော်...နောင်လဲထပ်လာဖတ်အုံးမည်ဖြစ်ပါကြောင်းးး

Thet Nandar Family said...

MM ....

နွေးထွေးစွာ ကြိုဆိုပါတယ် .....

မိသားစု အိမ်ကို လာလည်သူ အပေါင်းကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။

မိဝေး ... ဖဝေး ....

ဆွေမရှိ .... မျိုးမရှိ ...

ရေခြား ... မြေခြားမှာ ရောက်မှပဲ ....

အွန်လိုင်းပေါ်မှာ .... မြန်မာ စကားလုံးတွေ .... မြန်မာစာတွေက ... မြန်မာဘလော့တွေက ... ကိုယ့်ရဲ့ နှစ်သိမ့်မှု ပါ ....

ရွှေမြန်မာမှာ နေတုန်းက ဒါတွေကို သိတ် သတိမထားမိဘူး ....

အမှတ်တရအနေနဲ့ ဘလော့ပေါ် တင်လိုက်တာပဲ ရှိတယ်။

FB ဆိုတာလည်း ဒီလိုမျိုးပဲ ....

အခုဆိုရင် ... အွန်လိုင်းကနေ ... ဟိုနေရာ သွားလည်လိုက် ... ဖတ်လိုက် ... ဒီနေရာ သွားကြည့်လိုက်နဲ့ ....

အွန်လိုင်းက မြန်မာအသိုင်းအ၀ိုင်းမှာ လှည့်ပတ်နေရင်း ကိုယ့်ကိုယ်ကို .. အမေရိကားမှာ နေထိုင်နေတယ်ဆိုတာကို မေ့နေတယ်။

အိမ်အလုပ်နဲ့ ကလေးထိန်းတာ ... အိမ်ရှင်မ တာဝန်တော့ မမေ့ပါဘူး။ :P