Wednesday, February 1, 2012

Beef steak roast



Rose Mary အမှုန့်ဖြူးပီး ချက်ထားသော Beef roast
 


သံပုရာသီး ညှစ်ပီး စားရင် အရသာ ရှိသော Beef Roast
 




ဂျင်း နံမွှေးမွှေး .. အမဲသားပြုပ်ကြော်


မကြွပ် တကြွပ် ကြော်ထားသော အမဲသားကြော် 


ငရုတ်သီးသုပ် ချဉ်၊ ငံ၊ စပ်
 


ပဲပြုတ်ကြာ်
 


ပဲပြုတ်၊ နံပြား
 



အမဲသားမွှကြော်
 



** ချက်၊ စားနည်း **


Beef Steak Roast 





၃ ဒေါ်လာလောက် ဈေးလျှော့ပေးတယ်။ 


ချက်ရတာ လွယ်တယ်။

အရင်ဆုံး ရေဆေးပါ။
အသားထဲ အရသာ ၀င်ဖို့ ဓါးဖြင့် မွှန်းပါ။
ပီးရင် ... တစ်သျှူးဖြင့် အသားပြား အပေါ်ကနေ အုပ်ပီး ရေ နှင့် အတူ အရည်တွေကို ခြောက်အောင် သုပ်ပါ။
ဆား၊ ငရုတ်ကောင်းမှုန့်၊ Rose mary အမှုန့် နဲ့ နှယ်။

ဆီပူအိုးထဲမှာ တဖက်ကို ၂ မိနစ် နှုန်းလောက် ကြော်ပီးမှ ...


oven ထဲ ထည့်ပါ။ oven 350º F ဖြင့် တဖက်ကို ၄၅ မိနစ်စီ ချက်ပါ။


ပုံမှန် ချက်လေ့ ရှိတဲ့ Beef steak roast က အသား ... အလယ်ပိုင်း အသားတွေ နီနေလိမ့်မယ်။ ဒီကလူတွေက Beef steak roast ကို မကျက်တကျက် စားတတ်ကြပါတယ်။

ကိုယ်တို့ကတော့ မွေးကတည်းက အသားဆို ၃ ရေ လောက် ချက်ပီးမှ စားတတ်တာမို့ အဲလိုမျိုး အလယ်ပိုင်း အသားတွေ နီရောင်သန်းနေတာမျိုးကို မစားရဲဘူး။ ကျက်အောင် ချက်တာပဲ စားတတ်တာမို့ oven မှာ တစ်နာရီခွဲလောက် ချက်ထားသော Beef roast ...


သံပုရာသီးလေး ညှစ်ပီးစားရင် စားလို့ကောင်းတယ်။

အမဲသားပြုတ်ကြာ်



ဒီ အမဲသားက အသား အရမ်းကောင်းတဲ့ အမျိုးအစား တစ်ပေါင်ကို ၆ ဒေါ်လာ ... 
၃ ပေါင်ခွဲကျော်ကို .... $ 22.40


အသား အရမ်းနူးညံပီး အသား အရမ်းကောင်းတယ်။ အသား အရသာ ပိုပီး ပေါ်အောင် မဆလာ အမှုန့်တို့ ဟင်းခတ် အမွှေးအကြိုင်တို့ နှင့် မချက်ပဲ ကြက်သွန်ဖြူ၊ ဂျင်း နံ မွှေးအောင် ကြော်ထားသော အမဲသား ပြုတ်ကြာ် ...



နံပြား၊ ပဲပြုတ်ကြော်



ဒီမှာ ရောင်းတဲ့ နံပြား ဈေးနှုန်း
 




Ready made နံပြားကို ပြန်နွေးဖို့ အတွက် အညွန်းများ
 

 
 အိမ်မှာ ရှလွတ် ကြက်သွန်နီ အသေး ကုန်နေတာမို့ ကြက်သွန်နီ အကြီးကိုပဲ ပါးပါးလှီး တ၀က် ... ၀က် ဆီပူထဲမှာ ဆနွင်းမှုန့် နဲ့ ကြော်ပီး ဇကာ နဲ့ အခြောက်ခံ ဆီစစ်ထားသော ကြက်သွန်နီကြော်

  
ပဲပြုတ်ကို ဆားလေးဖြူးကြော်ပီး ကြက်သွန်နီကြော်နှင့် ရောကြော်ထားသော ပဲပြုတ်ကြာ်

အမဲသားမွှကြော်



အမဲသားပြုတ်ကြော်ကို အသား နွှင်လိုက်ပီး ကြက်သွန်နီကြော်နှင့် ရောကြော်ထားသော အမဲသားမွှကြော်

ငရုတ်သီးသုပ်






ငံပြာရည်
 


$ 1.75 ရန်ကုန်နဲ့ ဈေး နည်းနည်းပဲ ကွာတယ်။  ....
 


 ငရုတ်သီး အကြမ်းကြော်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပုရာသီး၊ ငံပြာရည် နှင့် သုပ်ထားသော ငရုတ်သီးသုပ် ချဉ်၊ ငံ၊ စပ်

**  အရင်ပိုစ့် ** 

Beef roast
အမဲသားမွှကြော်
ရန်ကုန်က အမဲသားမွှကြော်

2012 နှစ်သစ်ကြိုညက ကင်စားသော အမဲသားကင် နှင့် ညစာ စားပွဲ

ငါးခူဆီပြန်ဟင်း နှင့် ငရုတ်သီးသုပ်
ငါးကြော်၊ ကင်ပွန်းချဉ်ရည်ဟင်း နှင့် ငရုတ်သီး အကြမ်းကြော်သုပ်

ငရုတ်သီးဆားထောင်း




Good Night !!!

2 comments :

san htun said...

လာစားတယ်

Thet Nandar Family said...

San HTun ....

အားရ ပါးရ သုံးဆောင်ပါရှင် ~~~~