Wednesday, January 4, 2012

Turkey မဆလာကင်



Daddy ချက်သော Spaghetti


ကလေးများအကြိုက် Cheese ထပ်ဖြူးပီး မိုက်ခရိုဝေ့မှာ ၁ မိနစ်လောက် အပူပေးလိုက်ရင်


Cheese စမ်းထားသော Spaghetti 



မဆလာအမှုန့် နှင့် ကင်ထားသော Turkey


Turkey မဆလာကင် နှင့် အားလူးကင်


Turkey နှင့် တို့စားဖို့ ငရုတ်ဆီ

** ချက်၊ စားနည်း **


Spaghetti အတွက် ခေါက်ဆွဲဖတ်


Spaghetti ဟင်းအနှစ်


Turkey 


Turkey အသားကို ထုပ်ထားတဲ့ ပါကင် ပလတ်စတစ်အိတ်မှာ ချက်နည်း ပါတယ်။


သူ့ရောင်းတဲ့ အသားကို စားရတာ စိတ်တိုင်းမကျဘူး ဆိုရင် ပိုက်ဆံ ပြန်လျှော်ပေးပါမယ်ဆိုပီး ရေးထားတာ။ :)


ဒီတခါ Turkey ကို မဆလာနဲ့ ကင်ပါတယ်။ မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ထောပတ်၊ ဆား၊ ဟင်းခတ်မှုန့်၊


အရင်ဆုံး အမှုန့်များ ( မဆလာမှုန့် ( အဲဒီ အမှုန့်မှာ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့် အပြင် ဟင်းခတ် အမွှေးအကြိုင် မဆလာ အကုန် ပါတယ်။ ) ဆား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ထားပီး
 

ထောပတ်တုံးတွေကို အရေခွံအောက်ကနေ သုပ်ပေးပီး ထောပတ် အတုံးလိုက်ကို ထည့်ပေးထားလိုက်တယ်။ အပေါ်ကနေ ငရုတ်ကောင်းမှုန့် ဖြူးပေးထားလိုက်တယ်။


ဝမ်းဗိုက်ထဲကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်ပီး


၁ နာရီ ခွဲ လောက် oven မှာ 350 ºF ထားပီး ကင်ပေးထားသော Turkey မဆလာကင်
 

Turkey ကင်နေရင်းနဲ့ အားလူးပါ တခါတည်းကင်ထားလိုက်တယ်။ 

သူ့အရသာက ထိထိမိမိရှိတယ်။ မဆလာကြောင့် ခံတွင်းလိုက်သလို၊ အနံလေးလည်း မွှေးတယ်။ Turkey အရသာ ပေါ့ ပေါ့ ရွှတ်ရွှတ်ကို ပျားရည်နဲ့ ကင်တာလည်း ကြိုက်သလို ဒီလိုမျိုး မဆလာနဲ့ မွှေးအောင်၊ အစပ်လေးလည်း ပါတာမို့ စားလို့ ပိုကောင်းပါတယ်။ 



** အရင်ပိုစ့် **



ကျေးဇူးတော်နေ့ Turkey (ပျားရည် နှင့် ကင်ထားသော Turkey)
Turkey Curry 
Turkey drumstick oven









0 comments :