Sunday, January 22, 2012

Snow များနှင့် ဆော့ကစားခြင်း


စနိုး သောင်ပြင်ပေါ်ကို သားသား လာပါပြီ ...  
 

မြက်ခင်းပေါ်တင်နေတဲ့ စနိုးကွင်းပြင်ကျယ်ကြီးပေါ်ကို မောင်နှမ ၂ယောက် အားရ ပါးရ ဒိုင်ဗင် ထိုးချ နေကြတာ။  ... 
 

လွပ်လွပ်လပ်လပ် ဆော့ချင်တိုင်း ဆော့နေသော သားသား 


မြက်ခင်းပေါ်မှာ စနိုးထုက သားသား အရပ်နဲ့ ဆိုရင် ဒူးခေါင်းလောက် ရှိတယ်။ လမ်းမပေါ်မှာတော့ စနိုး မရှိဘူး။ 


စနိုးပေါ်မှာ လမ်းလျှောက်ရတာ ပျော်နေသော သားသား
 

စနိုးနဲ့ ဆော့နေတဲ့ အချိန်က နေ့လည်နေ ၁၂ နာရီအချိန် ... နေတော့ ပူတယ်။ အေးနေတုန်းပဲ။ စနိုးမကျ၊ လေမတိုက်၊ မိုးမရွာ၊ နေပူနေလို့ ကလေး ၂ယောက်က ဆော့လို့ ကောင်း ကောင်းပဲ။
 

မြက်ခင်းပြင်က ကျယ်တော့ ကလေး ၂ယောက်က တယောက်ကို တယောက် လိုက်တမ်း ပြေတမ်းလည်း ဆော့လိုက်သေးတယ်။
 

သမီးက သားသားကို လိုက်ဖမ်းနေတာ ....
 

သားသားကလည်း အကျီအထပ်ထပ် ၀တ်ထားလို့ ပုံမှန်အချိန်ထက် စာရင် ပြေးတာ သိပ်မသွက်ဘူး။ ပြေးချင်တိုင်းပြေး ... ခြေထောက် ဒူးကွဲမှာ ပူစရာ မလိုဘူး။ ဖော့ပြား ခံထားတာ မဟုတ်ပေမယ့် စနိုးပေါ် လိမ့်ကျလည်း မနာတာမို့ မောင်နှမ ၂ယောက်က ဆော့လို့ ကောင်းနေကြတာ ။
 

မိရင်တော့ သားသားကိုယ်ပေါ်ကို စနိုးမှုန့်တွေ ဖြူးချနေတာ ..
 

သားသားကလည်း စနိုးနဲ့ ပစ်ပေါက်ဖို့ စနိုးကောက်နေပါပီ။
 

snow ball နဲ့ သမီးကို ပစ်ပေါက် ... 


သားသား ဦးထုပ်ပေါ်မှာလည်း စနိုးတွေနဲ့ ဖြူဖွေးနေပါပီ။ ( ဦးထုပ်က ၂ ထပ် ) 
 

သားသား စနိုးနဲ့ ပြန်ပစ်တော့မှာမို့ ရှောင်ပြေးဖို့ ပြင်နေသော သမီး ...
 

၂ယောက်စလုံးက စနိုးမွေ့ရာ ပေါ် လှဲလှဲပီး အိပ်တာ သဘောကျနေကြတယ်။ 


သားသားက သမီးပေါ်ကို စနိုးမှုန့်တွေ ဖြူးနေတာ။


အရမ်းကိုပျော်နေသော သားသား 


လောလောဆယ်တော့ Snow man မလုပ်ဖြစ်သေးဘူး။ သူတို့က စနိုးနဲ့ ပစ်တမ်း ကစားနေရတာကို ပျော်နေကြတာမို့လို့ ...


စနိုးပေါ် လှဲအိပ်ချတာကိုလည်း ၂ယောက်စလုံးက သဘောကျ။ 



အကျီအထပ်ထပ် ၀တ်ထားသော သားသား 
 

အနွေးထည် အထပ်ထပ် ၀တ်ထားသော သမီး
 

စနိုးကွင်းပြင်ကျယ်
 





** အရင်ပိုစ့် **


  • Snow

    • 2012 


  
    • 2011




0 comments :