Wednesday, January 25, 2012

Kidney Beans


ပဲနှပ်


ဆူးပုပ်ရွက် အုပ်ထားသော Kidney Beans ပဲနှပ်


** ချက်၊ စားနည်း **




  
Kidney Beans သံဗူး ၂ ဗူး



ဆူးပုပ်ရွက် ဈေးနှုန်း




ဆူးပုတ်ရွက် နုနု 




ဆူးပုတ်ရွက် ဘယ်လောက်နုသလဲဆိုတာ အဖျားလေးကို ကြည့်လိုက်ရင် မြင်မှာပါ။

နုတယ်နော်။ ဆူးပုတ်ရွက်ကိုပြောတာ ....

ဆူးပုတ်ရွက်ကို ရေဆေးပီး ထိပ်ပိုင်း အရွက်နုတွေပဲ ချွေထားပါ။



ပဲကြီးနှပ်လိုမျိုးပဲ Kidney Beans ကို နှပ်ပီး ချက်ထားတာပါ။
ရွှေမြန်မာမှာ ချက်စားခဲ့သော ပဲကြီးနှပ် 

  
Sharot -  ကြက်သွန်နီ အသေး အိမ်မှာ ကုန်နေလို့ အလုံးကြီး Onion -  ကြက်သွန်နီကို ပါးပါးလေးလှီး၊ ပါးပါးလှီးထားတာကို တ၀က် ၀က်လိုက်တယ်။



ကြော်မယ့် ဒယ်အိုး ထဲကို ထမင်းစားဇွန်း နဲ့ ဆီ ၃ ဇွန်း လောက် ထည့်ပါ။ 

ဆီပူလာပီဆိုရင် ပါးပါးလှီးထားသော ကြက်သွန်နီများ ထည့်ပါ။ 

ဆနွင်းမှုန့်လေး အနည်းငယ်မျှ ထည့်ပေးပါ။

Kidney Beans ထည့်။ 

ဆား  နှင့် ဟင်းခတ်မှုန့် ထည့်။

နှံစပ်အောင် မွေပေးပီးနောက်

ဆူးပုပ်ရွှက်ထည့်ပီး ရေအနည်းငယ်လောက် ဖျန်းပီး အဖုံးအုပ်ပါ။ 

မိနစ် အနည်းငယ်လောက်ဆိုရင် ဆူးပုပ်ရွက်လည်း နူးစပြုပီး ပဲလည်းနှပ်ပါပီ။ 

( ဒီ ပဲ က ဗူးနဲ့ လာကတည်းက အသင့် စားလို့ရနေပါပီ။ အိမ်မှာက အသားဆိုလည်း နူးတဲ့ အသားမှ ... ပဲ ဆိုလည်း နူး မှ စားတတ်တာမို့ ဒီလိုမျိုး သံဗူးနဲ့ လာတဲ့ ပဲကို ဒီအတိုင်း စားလို့ရပေမယ့်လည်း နည်း နည်းလေး မာနေသေးလို့ မီးဖိုပေါ်မှာ အပူငွေ့နဲ့ ပြန်နှပ်ပီး ဆူးပုတ်ရွက် အုပ် ချက်ထားသော ပဲနှပ် ) 


** အရင်ပိုစ့် **  







0 comments :