Saturday, January 21, 2012

January third week


ဒီတပတ်လုံးက နှင်းကျတဲ့ အပတ် ... အောက်တိုဘာ နှင်းမုန်တိုင်း ( snow storm ) လောက် နှင်းကျတာ မများပါဘူး။ ၃ လက်မခွဲလောက်ပဲ နှင်းထု ရှိပါတယ်။ လှတယ်။ နှင်းကျနေတဲ့ ပုံစံလေးနဲ့ နှင်းမွေ့ရာ မွမွ အိအိလေး ... နင်းလိုက်တိုင်း မြေကြီးထဲ အိကျသွားတဲ့ ခြေရာခွက်တွေကိုလည်း သဘောကျတယ်။ 



နှင်းသိပ်မများတာမို့ သစ်ပင်က သစ်ကိုင်းခြောက်မှာ နှင်း အပြည့် မဖုံးဘူး။




နေရောင်ခြည် ရဲ့ အပူချိန်က နှင်းရဲ့ အအေးဒဏ်ကို အံမတု နိုင်ပါဘူး။


အိမ်ထဲမှာ နဲ့ အပြင်သွားရင် နေရာတကာ ( ကားပေါ်မှာ၊ ဈေးဆိုင်၊ ဆေးရုံ၊ ရုံး ) ... heater  ရှိတယ်။ ရန်ကုန်လိုမျိုးပါပဲ ရန်ကုန်မှာကျတော့ Air-con, US မှာ ကျတော့ Heater ... US မှာ အေးတယ်ဆိုတာ အပြင်ထွက်မှ သိတာ ... ရန်ကုန်မှာကျတော့ ပူတယ်ဆိုတာ အပြင်ထွက်မှ သိတာပါ။ ...


ထင်းရှုးပင်ပေါ်မှာ တင်နေသော နှင်းပွင့်များ





စိုက်ထားတဲ့ ထင်းရှုးပဒေသာပင် ... 2011 ခရစ်စမတ်မှာ ၀ယ်ထားတာ။ ထင်းရှုးပဒေသာပင်ရဲ့ ကြံ့ခိုင်မှုကို သဘောကျတယ်။ နေပူ ... မိုးရွာ ... နှင်းကျတာတောင် အပင်က ခံနိုင်ရည် ရှိတယ်။ သူ့ကို တမင်တကာ အပြင်မှာ ထားတယ်။ သိပ်ပီး ယု ယု ယ ယ မလုပ်ဘူး။ 


ထင်းရှုးပဒေသာပင်ရဲ့ သဘာဝ အတိုင်းထားတယ်။ spring season ကျမှ အိုးကြီးကြီး နဲ့ မြေကြီး ထပ်ဖြည့်ပီး အပင်ပျိုးပေးမယ်။ အခုလောလောဆယ်တော့ သဘာဝ အတိုင်း ကြံကြံခိုင်လိုက်ပါအုံး အပင်လေးရေ ....


စနိုးက ရေခဲခြစ်နဲ့ တူတယ်။ စားလို့ မရတာ ဆိုးတယ်။ စားလို့ ရရင် သိပ်ကောင်းမယ်။ ဘယ်သူမှတော့ မစားကျဘူး။ မိုးရေကိုလည်း သောက်တဲ့လူ နည်းသလို ... စနိုးကိုလည်း စားတဲ့လူ နည်းတယ်။ စားတယ်ဆိုရင်လည်း ပုံမှန်လူသား normal မဟုတ်သလို ဖြစ်သွားမယ်။ :D











ဒီတခေါက် ၂ လက်မလောက်ပဲမို့ စနိုးက ဖိနပ်တောင် မမြုပ်ပါဘူး။



** အရင်ပိုစ့် **

>>> April, 2011 - Angel ( Grade - 3 ) အတန်းတက်နေတုန်း ... ကျောင်းမှာ ရေးထားသော ပုံပြင် Winter Fun

>>> October 28, 2011 - စနိုး စကျတဲ့ နေ့ 
>>> October snow storm - နှင်းမုန်းတိုင်း စကျနေတဲ့ အချိန်
>>> Angel ချစ်တဲ့ စနိုး # 01
>>> Angel ချစ်တဲ့ စနိုး # 02

>>> မီးမရှိတဲ့ မြို့တော် CT ... Connecticut - Medical University - Ucon  
>>> 2011, October Snow Storm နောက်ပိုင်း ...  Connecticut မြို့ရဲ့ အခြေအနေ


4 comments :

Phyo Evergreen said...

ဒီပို့စ်အခုမှတွေ့တယ် ...။ ပုံ ၁ ၂ ၃ ၄ ၅ ၆ အကုန် တအားကြိုက်တယ်.. မနက်ဘက်နေရောင်လား ဒါမှမဟုတ်ညနေဘက်နေရောင်လား...။ မနက်ဆိုရင်ကြည်နူးစရာလေး...ညနေဆိုရင်တော့လွမ်းစရာပေါ့ဗျာ...။ အဲဒီလိုအပင်လေးတွေနဲ့ အရွက်အစိမ်းရင့်ရင့်ပေါ်မှာ နှင်းလေးတွေတင်နေတာတကယ်လှတယ်..။ နှင်းကျတဲ့တိုင်းပြည်မှာ ခဏလောက်သွားနေချင်တယ်...။ ပုံထွက်တွေကောင်းတယ်...။

Thet Nandar Family said...

Phyo Evergreen ...

လာလည်တာ ကျေးဇူးပါ။

ညနေဘက် နေရောင်ပါ။

အိမ်လှေကားဘက်ခြမ်းမှာ ညမီးလေးတွေ ထွန်းထားပါတယ်။

အခု ဆောင်းတွင်းမို့ စတိတ်မှာ ညနေ ၅ နာရီဆို နေ၀င်ပါပီ။

စနိုးကျရင်တော့ စောစောမှောင်တယ်။ နေ့လည် ၃ နာရီ စနိုးကျတော့မယ်ဆိုရင် စမှောင်နေပါပီ။

အဲဒီအခါကျရင် အိမ်ရာက လမ်းမီးနှင့် လှေကားမီးတွေ အားလုံး ထွန်းပေးတတ်ပါတယ်။

နှင်းတောထဲမှာ အပင် တွေ စနိုးတင်နေတာ ...
နေပူဒဏ် လေဒဏ် နှင်းဒဏ် ခံနိုင်ရည်ရှိတာကို သဘောကျတယ်။ တချို့ အပင်တွေက တယုတယ ပျိုးထားတာတောင် သေ သွားတာ ကြုံဖူးလို့လေ ....

နှင်းတောထဲမှာ ကြောင်တွေ ... ဌက်တွေ နေနိုင်လွန်း .. လမ်းသလား နိုင်လွန်းတဲ့ သဘာဝ ကိုလည်း သဘောကျတယ်။

ကိုယ်က အနွေးထည် အထပ် ထပ် ၀တ်ပီး မခံနိုင် ချမ်းလွန်းနေတာမို့လို့လေ ...

ဒီနှစ်ကတော့ နှင်းကျတာ အကြိမ် နည်းတယ်။ နှင်းထု ၁ပေ ကျော်က အောက်တိုဘာ မုန်တိုင်းမှာ ၁ ကြိမ်ပဲ ကျတာ။ နောက်ပိုင်း ထပ်မကျဘူး။ ဒီနှစ် Europe ဘက်မှာတော့ တော်တော် လေးကို နှင်းကျပီး အေးတယ် ...

ခဏလောက်ဆိုရင် ဒီမှာ ပျော်ဖို့ ကောင်းပါတယ်။

Phyo Evergreen said...

ကျွန်တော်တော့ အဲဒီလို 4 Seasons ရှိတဲ့နိုင်ငံတွေကို သဘောကျတယ်...အအေးပိုင်းနိုင်ငံတွေက သစ်ပင်တွေလည်းသဘောကျတယ်...။ ညနေဘက်ဆိုတော့ လွမ်းစရာလေး...။

Thet Nandar Family said...

Phyo Evergreen ...

ဒီနှစ် နှင်းကျတာ နည်းတော့ ရာသီဥတုက နေလို့ကောင်းတယ်။

April နားလောက်ဆိုရင် ပန်းရောင် သစ်ပင်တွေ ထွက်လာတော့မှာမို့ သမီးက ပျော်နေတယ်။

အမတို့ အမေရိကားကို ရောက်ခါစ April,11 က သမီးကျောင်းမှာ ပန်းရောင် အပင်ကြီး ရှိတယ်။ သမီး က ပန်းရောင် သစ်ပင် အရမ်းကြိုက်တယ် ...

ဒီမှာ ဘယ်လိုပဲ နေရ ... ထိုင်ရတာ အဆင်ပြေပြေ ... ဧည့်သည်လိုပါပဲ .. နေသား မကျပါဘူး။